ကာစီနို

ကာစီနို ကစားသမားတစ်ယောက်ဖြစ်ဖို့ဆိုတာ ဒီနေ့ခေတ်မှာအရမ်းကိုလွယ်ပါတယ်။ ကိုယ်တိုင် ကာစီနို တွေကို အပြင်မှာမသွားနိုင်ရင်တောင်မှ Casino game တွေ Online Casino တွေရှိနေပြီဖြစ်တာကြောင့် အိမ်မှာထိုင်ရာကမထပဲ လွယ်ကူစွာနဲ့ပဲ Casino ကစားနိုင်ပါတယ်။ နားမလည်တဲ့ ကစားနည်းရှိရင်လဲ တတ်ကျွမ်းတဲ့သူတွေက ရှင်းပြပေးထားတဲ့ ကစားနည်းတွေကို အလွယ်တကူပဲဖတ်ယူနိုင်တာကြောင့် ကာစီနို ကစားသမားတစ်ယောက်ဖြစ်ဖို့ဆိုတာ အခုခေတ်မှာအရမ်းကိုလွယ်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် ကြာရှည်ခံပြီး Professional ကျတဲ့ Casino ကစားသမားတစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ကစားနည်းအနည်းငယ်မှာ တစ်ခါ၊ နှစ်ခါလောက် များများလေးနိုင်ဖူးလိုက်တာနဲ့ အရမ်းကံကောင်းနေတယ်ဆိုပြီး ကံကိုယုံပြီးတော့ လောင်းကြေးတွေဆက်တိုက်လိုက်တာနဲ့ ဆူးပုံနင်းလိုက်တာနဲ့အတူတူပါပဲ။ တစ်ကယ်တတ်ကျွမ်းတဲ့ ကစားသမားတစ်ယောက်က စိတ်ခံစားချက်ကို ရှေ့တန်းမတင်ပဲနဲ့ ကိုယ့်ရဲ့ Skill တွေကိုပဲ ရှေ့တန်းတင်ပြီး ကစားလေ့ရှိကြပါတယ်။ ဒီနေ့မှာတော့ Professional ကျကျကစားလိုတဲ့ Casino ကစားသမားတိုင်းမှာ ရှိသင့်တဲ့ Skill 6 ချက်ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။

ကိုယ်ကျွမ်းကျင်တဲ့ ကစားနည်းတစ်ခုကိုရွေးပါ

ဘာကိုမှမလုပ်ခင် Casino လောကထဲကို ခြေလှမ်းတစ်ဖက်လှမ်းလိုက်တာနဲ့ အမျိုးအစားစုံလင်ပြီး ကွဲပြားခြားနားတဲ့ Casino ကစားနည်းမျိုးစုံကိုတွေ့ရမှာပါ။ Professional ကျတဲ့ ကစားသမားတစ်ယောက်အနေနဲ့ ကစားနည်းတိုင်းကိုနားလည်တတ်ကျွမ်းသင့်တယ်ဆိုပေမယ့် ကိုယ်အရမ်းစိတ်ဝင်စားတဲ့ကစားနည်းတစ်ခုထဲကို အရင်လုံးဝကျွမ်းကျင်အောင်အရင်လုပ်သင့်ပါတယ်။ အားလုံးသိပြီးထားတဲ့အတိုင်းပဲ Casino တွေမှာ Online Slot တွေ၊ Progressive Slot တွေ၊ Table ကစားနည်းတွေ၊ Live ကစားနည်းတွေရှိကြပါတယ်။ Table ကစားနည်းတွေမှာဆိုရင်လဲ Roulette, Blackjack, Baccarat, Video Poker… စသည်ဖြင့် အမျိုးမျိုးကွဲပြားသွားတာပေါ့နော်။ ဒါပေမယ့် Casino ဘက်ကကြည့်မယ်ဆိုရင် ကစားနည်းတိုင်းရဲ့ ပေးနှုန်း စည်းမျဉ်းတွေမှာ Casino ဘက်ကိုပိုအသာပေးထားတာကို သိကြမှာပါ။ ကိုယ်ကစားဖို့ရွေးလိုက်တဲ့ကစားနည်းမှာမှ Casino ဘက်ကိုအသာပေးခြင်းအနည်းဆုံးကစားနည်းကို ရှာပြီးရွေးချယ်ပါ

Logic ကျကျဗျူဟာ တစ်ခုရေးဆွဲပါ

နောက်ထပ်ရှိသင့်တဲ့ Skill တစ်ခုကတော့ Logic ကျတဲ့ ကိုယ်ပိုင် ဗျူဟာတစ်ခုဖန်တီးထားဖို့ဖြစ်ပါတယ်။ ဥပမာ Roulette, Blackjack တို့လိုမျိုး Table ကစားနည်းတွေက ဖြစ်တန်စွမ်းအပေါ်မှုတည်တဲ့ကစားနည်းတွေဖြစ်ပါတယ်။ Video Poker လိုကစားနည်းမျိုးကစားတဲ့အခါမျိုးမှာ ကစားသူက လှည့်ကွက်တွေ အယောင်ပြကွက်တွေ ထုတ်သုံးပြီးတော့ ကိုယ့်အတွက် အကျိုးရလဒ်ကောင်းရလာဖို့ ဖန်တီးနိုင်ပါတယ်။ ဒီလိုပြောလိုက်ရင် ကိုယ့်အတွက် Logic ကျတဲ့ ဗျူဟာတစ်ခုဆွဲဖို့ဆိုတာ သင်္ချာပိုင်းမှာအရမ်းတော်တဲ့လူ ဖြစ်မှရမှာပေါ့ ဆိုတဲ့အတွေးဝင်သွားတတ်ကြပါတယ်။ လုံးဝမဟုတ်ပါဘူး။ ဥပမာ အလွယ်ဆုံးနည်းလမ်းတစ်ခုကိုပြောရရင် အနိုင်အရှုံး အလှည့်တွေအပေါ်မှုတည်ပြီးတော့ လောင်းကြေးအတိုး အလျော့ လုပ်တာမျိုးကနေ စတင်လို့ရပါတယ်။ အဓိကကတော့ ကိုယ်လောင်းကြေးမတင်လိုက်ခင်မှာ ကိုယ့်အတွက် ဖြစ်တန်စွမ်းတွေကိုအရင်ဆုံး စဉ်းစားဖို့ပါပဲ။

ကိုယ့်ရဲ့အနိုင်အရှုံးရလဒ်တွေကို မှတ်ထားပါ

ဒါကတော့ နံပါတ်၂အချက်ကို သိပြီးသွားရင် လုပ်ကိုလုပ်သင့်တဲ့ Skill တစ်ခုပါ။ ကိုယ့်ရဲ့ စိတ်နဲ့ပဲ အနိုင်အရှုံးတွေကိုမှတ်လို့ရတယ်ဆိုပေမယ့်လဲ များသောအားဖြင့် စိတ်ခံစားချက် Emotion တွေနဲ့ရောထွေးသွားပြီး ဆုံးဖြတ်ချက်အမှန်ကိုမချနိုင်တော့တဲ့ အခြေအနေတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ်နိုင်ခဲ့ရှုံးခဲ့တဲ့ အလှည့်တောက်လျှောက်ကို ဖုန်းပေါ်မှာဖြစ်ဖြစ်၊ Note စာအုပ်လေးနဲ့ပဲဖြစ်ဖြစ် မှတ်ထားပါ။ Baccarat လိုမျိုးကစားနည်းမှာဆိုရင် အနိုင်အရှုံးကို Track လုပ်ဖို့အတွက် ကဒ်ပြားလေးတွေတောင် အဆင်သင့်ပြင်ပေးထားတတ်ပါတယ်။ Online မှာကစားရင်တော့ စနစ်က Auto မှတ်ပြီးတော့ ပြပေးတာဖြစ်လို့ ပိုတောင်သက်သာသေးတာပေါ့!

ကိုယ့်ရဲ့လောင်းကြေး Budget ကို သေချာစီမံပါ

အလွယ်ကူဆုံးနည်းလမ်းကတော့ Casino ကစားနည်းတစ်ခုမှာ အထိုင်မချလိုက်ခင် ငါဒီနေ့ ကစားဖို့အတွက် ဘယ်လောက်သုံးမယ်ဆိုပြီးတော့ ကိုယ်အရှုံးခံနိုင်တဲ့ Budget ပမာဏကို ခွဲထုတ်ထားလိုက်ပါ။ ဒီလို ကိုယ်သုံးမယ့် ပမာဏကိုခွဲထုတ်လိုက်ခြင်းဖြင့် နေ့စဉ်၊ လစဉ်၊ နှစ်စဉ် ကိုယ်ဘယ်လောက်သုံးတယ်ဆိုတာတွေကို စီမံလို့ရသွားပါပြီ။ တစ်ကယ်ကိုအတွေ့အကြုံရှိတဲ့ ကစားသမားတွေက ဘာအကြံပေးတတ်ကြလဲဆိုရင် နိုင်လာပြီးပြီဆိုရင် ကိုယ့်ရဲ့အရင်းကိုဖယ်ထုတ်ပြီးတော့ အနိုင်ရထားတာနဲ့ပဲဆက်ကစားပါ ဆိုပြီးအကြံပေးပါတယ်။

ကစားနည်းတိုင်းရဲ့ ပေးနှုန်းတွေကို နားလည်ထားပါ

နောက်ထပ်အကြံပေးချင်တဲ့ Skill ကတော့ ကိုယ်ကစားမယ့်ကစားနည်းရဲ့ ပေးနှုန်းတွေ၊ ဖြစ်တန်စွမ်းတွေ၊ ကိုယ့်ရဲ့ကစားနိုင်တဲ့စွမ်းရည်တွေကို တွက်ချက်ထားပါ။ ဒါကိုဘယ်လိုလုပ်ရမှာလဲ? အရင်ဆုံး ကစားနည်းက Casino အတွက်ကိုဘယ်လောက်အသာစီးပေးထားတယ်ဆိုတာရယ် ကိုယ်ကကစားနိုင်တဲ့ အရည်အချင်းရယ်ကိုတွက်ချက်ပါ။ ဥပမာ Video Poker ကစားမယ်ဆိုရင် သူ့ရဲ့ Payback ဗျူဟာကိုလေ့လာပြီးတော့ Casino ဘက်ကို နည်းနည်းပဲပြန်ပေးနိုင်မယ့် တန်ပြန်ဗျူဟာမျိုးကို ကစားနေရင်းဆွဲသွားပါ။ Sports Betting ကိုပိုပြီးကြိုက်တယ်ဆိုရင်တော့ ကိုယ်လောင်းကြေးထပ်မယ့် အသင်း၊ ကစားသမားတွေ၊ သူတို့ရဲ့ စွမ်းရည်တွေအပေါ်မှာ Professional တွေရဲ့ဝေဖန်ချက်တွေကိုအရင်ဆုံးလေ့လာသင့်ပါတယ်။

ဘယ်အချိန်မှာရပ်သင့်လဲဆိုတာသိထားပါ

နောက်ဆုံးနဲ့ အရေးအကြီးဆုံး အချက်ကတော့ ဘယ်အချိန်မှာရပ်သင့်လဲဆိုတာကိုသိထားဖို့ပါပဲ။ တစ်နေ့ထဲမှာပဲ တောက်လျှောက် အကြာကြီးကစားသွားမယ်ဆိုရင် ကိုယ်တစ်လျှောက်ရှုံးတဲ့ အလှည့်တွေဆိုတာ ကြုံကိုကြုံလာရမှာပါပဲ။ ဒီလိုအချိန်မှာဆိုရင် ကိုယ်ရပ်တန့်သင့်ပြီဆိုတာကို သတိရဖို့လိုပါတယ်။ ကိုယ့်အရှုံးအတွက်ကို ပြန်ရဖို့ ဆက်မတိုးပါနဲ့။ ကိုယ်က ရှိသလောက်နဲ့ရပ်လိုက်တာက ဆက်ပြီးအရှုံးခံနေတာထက်စာရင် ပိုကောင်းတယ်ဆိုတာကို လုံးဝမမေ့သင့်ပါဘူး။ ရပ်တန့်ပြီးတော့ ရက်ပိုင်းလောက်နားလိုက်ပါ ပြီးတော့မှ လုံးဝတက်ကြွနေတဲ့ စိတ်အသစ်နဲ့ ပြန်ပြီး ကစားလိုက်ပါ!အားလုံးသိတဲ့အတိုင်းပဲ ဒီ Casino လောကထဲမှာ နိုင်ကိုနိုင်ရမယ့် လောင်းကြေးဗျူဟာဆိုတာမျိုးမရှိပါဘူး။ ကစားပွဲအားလုံးမှာက နိုင်ဖို့အတွက် အခွင့်အရေး % တွေနဲ့ပဲလည်ပတ်နေကြတာပါ။ ဒီအထဲမှာမှ ကိုယ့်ဘက်ကို % ပိုရဖို့အတွက်ဆိုရင်တော့ ဒီနေ့ဆွေးနွေးခဲ့တဲ့ အချက် 6 ချက်ကို လက်မြဲမြဲတွဲထားသင့်ပါတယ်!

Leave a Reply

Your email address will not be published. Required fields are marked *

Fill out this field
Fill out this field
Please enter a valid email address.
You need to agree with the terms to proceed

Menu