Fibonacci နည်းဗျူဟာကို စတင်မပြောမီ Fibonacciရဲ့အကြောင်းနဲ့ စတင် မိတ်ဆက် ပေးချင်ပါတယ်။ Fibonacci ဟာထင်ရှားတဲ့ အီတလီသင်္ချာပညာရှင်တစ်ဦးဖြစ်ပြီး သူထုတ်ဖော်ခဲ့တဲ့ Fibonacci ကိန်းစဉ်ကြောင့် လူသိများပါတယ်။ သုညနဲ့တစ် ကနေစတင်ပြီး ပထမကိန်းနှစ်လုံး ပေါင်းခြင်းသည် နောက်ကိန်းကိုဖြစ်ပေါ်စေသော ကိန်းစဉ်ကို Fibonacci ကိန်းစဉ်လို့ခေါ်ပါတယ်။ ၁၊၁၊၂၊၃၊၅၊၈၊၁၃၊၂၁၊၃၄၊၅၅၊၈၉၊၁၄၄ စသဖြင့်အဆုံးမရှိသောကိန်းစဉ်ပါ။ ဒီကိန်းစဉ်ကို သိပ္ပံပညာရှင်တွေက သင်္ချာ၊ဓာတု၊ရူပစသဖြင့် သက်ဆိုင်ရာနယ်ပယ်တွေမှာ အသုံးပြုပြီး ကာစီနို ကစားသမားတွေကတော့ လောင်းကြေးထည့်တဲ့နေရာမှာ အသုံးပြုပါတယ်။ ဒီကိန်းစဉ်ကို အသုံးပြုခြင်းဖြင့် ရှံးတဲ့ပွဲဟာ အနိုင်ရတဲ့ပွဲထက် များနေရင်တောင် သင့်အနေနဲ့ လောင်းကြေးငွေအမြတ်အစွန်းတွေ ရနိုင်ပါသေးတယ်။


Casino ကစားသမားတွေဟာ Fibonacci နည်းဗျူဟာကို အသုံးပြုပြီး လောင်းကြေးထည့်ပုံကို ရှင်းပြပါ့မယ်။
- ပထမဆုံးအနေနဲ့ သင်ဟာ လောင်းကြေး၁ဒေါ်လာကို ကစားပွဲတစ်ခုမှာ လောင်းကြေး ထည့်လိုက်တယ်ဆိုပါစို့။
- အကယ်၍ သင်ရှုံးခဲ့လျှင် Fibonacci ကိန်းစဉ်အတိုင်း နောက်ထပ် ၁ဒေါ်လာထပ်ထည့်ပါ။
- သင်ထပ်ပြီးရှုံးခဲ့လျှင် Fibonacci ကိန်းစဉ်ရဲ့နောက်တစ်ဆင့်ဖြစ်သော ၂ဒေါ်လာကို လောင်းကြေး ထပ်ထည့်ပါ။
- သင်နိုင်ခဲ့လျှင်တော့ ကိန်းစဉ်ရဲ့အောက်နှစ်ဆင့်က လောင်းကြေးငွေကိုထည့်ပါ။
- သင်ရှုံးသွားရင်တော့ ကိန်းစဉ်ရဲ့အပေါ်တစ်ဆင့်က လောင်းကြေးငွေကိုထည့်ပါ။
- လောင်းကြေးကို ၁ဒေါ်လာမှ စတင်ရမယ်လို့ သတ်မှတ်မထားပဲ သင်ကြိုက်တဲ့ လောင်းကြေးကနေ စတင်နိုင်ပါတယ်။
Fibonacci နည်းဗျုဟာကို ကစားပွဲတိုင်းမှာ အသုံးပြုနိုင်ပေမယ့် ကာစီနို ကစားသမားတွေဟာ Baccarat နဲ့ Roulette ဂိမ်းတွေမှာ ပိုအသုံးပြုတာများပါတယ်။ ဒီတော့ Baccarat ဂိမ်းနဲ့ဥပမာပြပါ့မယ်။ သင်ဟာ ပထမဆုံးပွဲမှာ Banker ကို လောင်းကြေး ၁ဒေါ်လာ ထည့်လိုက်တယ်ဆိုပါစို့။
ပွဲစဉ် | လောင်းကြေး | နိုင်/ရှုံး | ကိန်းစဉ်အနေအထား |
၁ | ၁ ဒေါ်လာ | ရှုံး | အပေါ်တစ်ဆင့်တက် |
၂ | ၁ ဒေါ်လာ | ရှုံး | အပေါ်တစ်ဆင့်တက် |
၃ | ၂ ဒေါ်လာ | ရှုံး | အပေါ်တစ်ဆင့်တက် |
၎ | ၃ ဒေါ်လာ | ရှုံး | အပေါ်တစ်ဆင့်တက် |
၅ | ၅ ဒေါ်လာ | နိုင် | အောက်နှစ်ဆင့်ဆင်း |
၆ | ၂ ဒေါ်လာ | ရှုံး | အပေါ်တစ်ဆင့်တက် |
၇ | ၃ ဒေါ်လာ | နိုင် | အောက်နှစ်ဆင့်ဆင်း |
၈ | ၁ ဒေါ်လာ | နိုင် | အောက်နှစ်ဆင့်ဆင်း |
၉ | ၁ ဒေါ်လာ | နိုင် | အောက်နှစ်ဆင့်ဆင်း |


ဒါဆိုရင်သင့်ရဲ့လောင်းကြေးငွေပေါင်းခြင်းဟာ (-၁)+(-၁)+(-၂)+(-၃)+၅+(-၂)+၃+၁+၁+=(+၁) ရရှိမှာဖြစ်ပါတယ်။ သင်ဟာ ၅ပွဲရှုံးပြီး ၄ပွဲနိုင်တာတောင် သင့်အမြတ်ငွေဟာ ၁ဒေါ်လာရရှိနေသေးမှာ ဖြစ်ပါတယ်။ ဒီနည်းဗျူဟာရဲ့ အဓိကအားနည်းချက်က ကိန်းစဉ်ရှည်သွားလေ သင်ရှုံးဖို့ ရာခိုင်နှုန်းများလေပါပဲ။ ဒီနည်းဗျူဟာရဲ့ အဓိကရည်ရွယ်ချက်က ပွဲနည်းနည်းနဲ့ အမြတ်အစွန်းရဖို့သာ ရည်ရွယ်ထားပါတယ်။
Finonacci နည်းဗျူဟာ ဟာတစ်ကယ်ကောအလုပ်ဖြစ်သလား?
သင်သည်စိတ်မရှည်သူတစ်ယောက်လား? သင်သည် ကစားပွဲမှာ ငွေများများနဲ့ ကစားချင်သူ တစ်ယောက်လား? သင်သည်ဒီလိုလူမျိုးဖြစ်ခဲ့မယ်ဆိုလျှင်တော့ စိတ်မကောင်းစွာနဲ့ အလုပ်မဖြစ်ဘူးလို့ ဖြေပါရစေ။ ဒီနည်းဗျူဟာ ဟာစိတ်ရှည်ဖို့လိုအပ်ပါတယ်။ အမြတ်ငွေနည်းနည်းနဲ့လည်း ရောင့်ရဲတင်းတိမ် နိုင်ရပါမယ်။ အချိန်တိုအတွင်းမှာ ရှုံးပွဲအနည်းငယ်သာကြုံရတဲ့လူတွေအတွက်တော့ ဒီနည်းဗျူဟာ ဟာ အလုပ်ဖြစ်ပါတယ်။ ကိန်းစဉ်ကို အကြာကြီးတော့ မကစားသင့်ပါဘူး။ သင့်အနေနဲ့ အမြတ်ငွေရရှိပြီးနောက်ပိုင်း ကိန်းစဉ်ကို အစကနေ ပြန်စသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကိန်းစဉ်ရှည်ရင် လောင်းကြေးငွေပိုများလာမှာ မို့လို့ပါ။ သင့်သာအရှုံးကြီးကြီးမားမား ရလာရင် Martingale နည်းဗျူဟာလိုမျိုး အခြားနည်းဗျူဟာကို ပြောင်းသုံးသင့်ပါတယ်။ နောက်ပြီးသင့်အနေနဲ့ Fibonacci နည်းဗျူဟာကို အသုံးချတော့မယ်ဆိုလျှင် စာရွက်တစ်ရွက်နဲ့ သင်ရောက်ရှိတဲ့နေရာကို ရေးမှတ်ထားဖို့တော့ လိုအပ်ပါတယ်။
Fibonacci နည်းဗျူဟာကိုဘယ်သူတွေအသုံးပြုလဲ?
Fibonacci နည်းဗျူဟာ ဟာ အရှုံးကြီးကြီးမားမား မဖြစ်စေပဲ အမြတ်အစွန်းနည်းနည်း ပေးတဲ့အတွက် များသောအားဖြင့် အွန်လိုင်းကာစီနိုကစားသမားတွေဟာ အသုံးပြုကြပါတယ်။ သင့်အနေနဲ့ ဒီနည်းဗျူဟာကို အခကြေးငွေမပေးရတဲ့ အွန်လိုင်းကာစီနိုတွေမှာ စမ်းသပ်ကြည့်လို့ရပါတယ်။ ဒီနည်းဗျူဟာကို ရင်းနှီးသွားပြီဆိုရင်တော့ အွန်လိုင်းဂိမ်းတွေမှာ အသုံးချလို့ရပါပြီ။ သင်ဟာ အရှံးပွဲတွေ အများကြီး မကြုံရရင်တော့ ဒီနည်းဗျူဟာ ဟာအမြတ်အစွန်းရရှိနိုင်တယ်ဆိုတယ် မျက်မြင်တွေ့ရှိရမှာပါ။ သင်လိုအပ်တာကတော့ ပထမဆုံးလောင်းကြေးငွေကို နည်းနည်းကစဖို့ရယ်၊ ကိုယ်ရောက်နေတဲ့ ကိန်းစဉ်နေရာကိုမှတ်ထားဖို့ရယ်၊ ကစားဖို့ရယ်ပါပဲ။