ကာစီနို ကစားတဲ့ ကစားသမားတိုင်းဟာ စလော့ဂိမ်း မျိုးကို တော်တော်လေးကစားကြပါတယ်။ ဒါဆိုရင် ဘာကြောင့်ကစားကြတာလဲ? တကယ်ကောအနိုင်ရဖို့လွယ်ကူနေလို့လား? ဒါမှမဟုတ် ကစားတဲ့သူတွေကပဲ တော်နေလို့လား?အဓိကအားဖြင့် ကစားသမားတော်တော်များများရဲ့ အနိုင်ရခြင်းက နိုင်ခြေမရှိတဲ့ စလော့စက်မျိုးတွေကို ရွေးချယ်ရှောင်ဖယ်ကစားနိုင်လို့ပဲဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်လိုရွေးချယ်ကြမလဲ ကြည့်ရအောင်။

(၁) ကွိုင်များကို အတတ်နိုင်ဆုံး များသထက်များအောင်ကစားပါ

မည်သည့် ကာစီနို ကစားဝိုင်းတွင်မဆို ကစားသမားတစ်ယောက်အနေနဲ့ အနိုင်ရလိုတယ်ဆိုရင်တော့ သေချာတာတစ်ခုက ငွေကြေးပမာဏ တော်တော်များများကို အရင်းပြုကစားရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် အကယ်၍သင်က အနိမ့်ဆုံး ငွေဒင်္ဂါး ၂၅ တန်နှင့် အမြင့်ဆုံး တစ်ဒေါ်လာတန်payout ရှိနေတယ်ဆိုရင် တစ်ဒေါ်လာတန်ကိုပဲ ရွေးချယ်ကစားပါ။ ဒါမှ သင်အနေနဲ့အနိုင်ရဖို့ ပိုသေချာမှာပါ။ ဤနည်းလမ်းက စလော့ကစားခြင်းရဲ့ရိုးရှင်းတဲ့ ကစားနည်းတစ်ခု ဖြစ်သလို ကစားနည်းလမ်းကောင်းလေးတစ်ခုလည်း ဖြစ်ပါတယ်။ 

(၂) ကစားစက်ရဲ့ payout ကိုစစ်ဆေးပါ

သင့်အနေနဲ့ မည်သည့် စလော့ကစားစက်တွင် ကစားသည်ဖြစ်စေ မိတ်ဆွေမကစားမီ စလော့စက်ရဲ့ payout percentage ကိုစစ်ဆေးသင့်ပါတယ်။ ဘယ်လိုစစ်ဆေးရမလဲဆိုရင်တော့ ဒေါ်လာငွေအနည်းငယ်ကို စက်ထဲထည့်ကြည့်ပါ ပြီးလျှင် ပြန်ထွက်လာတဲ့ ငွေပမာဏကိုကြည့်ပြီးမှန်းဆ ဆော့ကစားနိုင်ပါတယ်။ ဥပမာ- အကယ်၍ သင်က ဒေါ်လာငွေ ၂၀ ထည့်ပြီး နာရီဝက်ခန့်ဆော့ကစားသော်လည်း ၁၀ဒေါ်လာသာ ပြန်လည်ရရှိခဲ့တယ်ဆိုရင် ဒါဟာ loose machine မဟုတ်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ တခြား payback ပိုကောင်းတဲ့ စက်တစ်ခုကို ပြောင်းကစားသင့်ပါတယ်။

(၃) စက်များစွာကို တစ်ပြိုင်နက်တည်းဆော့ကစားပါ

အတွေ့အကြုံရှိတဲ့ ကစားသမားတွေဆိုရင် စက်တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး မကစားပါဘူး။ သူတို့အနေနဲ့ စက်နှစ်ခု သုံးခုကို တစ်ပြိုင်တည်း ကစားကြပါတယ်။ ဘာကြောင့် ဒီလိုကစားကြတာလဲ? ကစားသမားများအနေဖြင့် ကစားစက်များများ အသုံးပြုခြင်းသည် သူတို့အတွက် loose slot ရဖို့ အခွင့်အရေးပိုများလေဖြစ်တယ်လို့ ယုံကြည်ထားကြလို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ မိတ်ဆွေအနေနဲ့ တပြိုင်နက်တည်းကစားနေရတာမို့ မိတ်ဆွေကစားတဲ့ ဂိမ်းစက်တွေက တစ်ခုနဲ့တစ်ခုနီးနီးကပ်ကပ်ဆိုရင် ပိုကောင်းပါလိမ့်မယ်။

(၄) ဘယ်လိုအချိန်မှာ ရပ်တန့်ရမလဲ သိတတ်ပါစေ

ဒီအချက်ကတော့ ကစားသမားတော်တော်များများ မလိုက်လျောနိုင်တဲ့ အချက်လို့ထင်ပါတယ်။ ဘယ်နေရာမှာမဆို အကန့်အသတ်နဲ့ဆိုရင် ပိုမကောင်းဘူးလား။ မိတ်ဆွေအနေနဲ့ အနိုင်ရလွန်းတာပဲဖြစ်ဖြစ် အရှုံးပေါ်တာများတာပဲဖြစ်ဖြစ် မိမိတတ်နိုင်တဲ့ ငွေပမာဏအထိသာ ဆော့ကစားဖို့ သတိပေးပါရစေ။ ဒါမှ မိတ်ဆွေအနေနဲ့ အနိုင်ရထားလျှင်လည်း ရထားတဲ့ ငွေကို ပြန်မဆုံးရှုံးစေမှာပါ။ မိတ်ဆွေအနေနဲ့ အမြဲတမ်း အနိုင်ရနေမယ်လို့တော့ လုံးဝ မထင်လိုက်ပါနဲ့နော်။ အကယ်၍ထင်လိုက်မယ်ဆိုရင် တော့ ရှုံးဖို့များများအားသာသွားမှာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Fill out this field
Fill out this field
Please enter a valid email address.
You need to agree with the terms to proceed

Menu