စနူကာ ကစားနည်းဟာ ယခုအခါမှာ အသစ်ပြန်လည်ဆန်းသစ်လာပြီး လောင်းကစားဒိုင်များမှာလည်း စနူကာ နဲ့ပတ်သတ်တဲ့လောင်းကြေးရောင်းဝယ်မှုတွေ တိုးတက်လာပါတယ်။ ကမ္ဘာအရှေ့ပိုင်း (အထူးသဖြင့်အာရှဒေသ)မှာ လူကြိုက်များခြင်းကြောင့် အဆင့်တစ်ခုအထိ သတ်မှတ်ခြင်းခံရတဲ့လိဂ်တွေ၊ ကွာလီဖိုင်ယာပွဲတွေ၊ စီနီယာပွဲတွေကို လောင်းကစားဒိုင်အားလုံးမှာ ဝန်ဆောင်မှုပေးနေပါပြီ။

စနူကာ

 စနူကာလို့ပြောလိုက်တာနဲ့ ၈၀ရာစု၊ ၉၀ရာစုနှစ်အတွင်းပြိုင်ပွဲတွေမှာ Steve Davis, Stephen Hendry တို့လို ကစားသမားတွေက လွှမ်းမိုးထားပါတယ်။ နောက်ပိုင်းမှာတော့ ဂိမ်းတွေဟာ ပြောင်းလဲသွားပါပြီ။ ကစားသမားသစ်၊ ပုံစံသစ်၊ ပြိုင်ပွဲသစ်တွေနဲ့ ကြည့်ရှုသူပုံစံ၊ လောင်းကြေးပုံစံတွေလည်းပြောင်းလဲလာပါတယ်။ တိုးပွားလာတဲ့ လောင်းကြေးပုံစံ၊ လောင်းကစားဆိုဒ်တွေနဲ့ လောင်းကြေးအဆတွေကြောင့် စနူကာကစားနည်းကနေ ငွေဖြစ်လွယ်မှုဟာ ပိုမိုလွယ်ကူလာပါတယ်။ ယခုလိုပြိုင်ပွဲတွေနည်းပါးလာတဲ့အချိန်မှာ စနူကာကစားနည်းဟာ ဆက်လက်ကျင်းပနေဆဲဖြစ်တဲ့အတွက် မိတ်ဆွေများ ရွေးချယ်ကစားနိုင်ရန် စနူကာကစားနည်းအကြောင်း အနည်းငယ်ရှင်းပြချင်ပါတယ်။

Outright Winner

Outright Winnerလို့ဆိုရာမှာ အမျိုးအစားနှစ်ခုရှိပါတယ်။ တစ်ဦးချင်းပြိုင်ပွဲတစ်ခုမှာ အနိုင်ရရှိသူနဲ့ ပြိုင်ပွဲတစ်ခုလုံးကိုအနိုင်ရရှိသူချန်ပီယံဆိုပြီး နှစ်မျိုးရှိပါတယ်။ ပြိုင်ပွဲမစတင်မီအချိန်အတိုင်းအတာတစ်ခုမှာ ဒိုင်တွေဟာ လောင်းကြေးစဖွင့်ပြီး စနူကာမှာလောင်းကြေးထည့်ခြင်းဟာ လောင်းကစားဆိုတာထက် ရင်းနှီးမြှုပ်နှံမှုပိုဆန်ပါတယ်။ မိမိယုံကြည်တဲ့ကစားသမားတစ်ဦးကို ရင်းနှီးမြှုပ်နှံထားပြီး ဒီကစားသမား ဘယ်အဆင့်ထိရောက်ခဲ့တယ်ဆိုတာအပေါ်မူတည်ကာ အကျိုးအမြတ်ပြန်ရပါတယ်။

စနူကာ
Frame Betting

အချို့သော လောင်းကစားဒိုင် ‌တွေဟာ ပြိုင်ပွဲနဲ့ပတ်သတ်ပြီး အသေးစိတ်ဝန်ဆောင်မှုတွေပေးပါတယ်။ ဒါဟာ ကစားပွဲအတွင်းပထမဆုံးထိုးလိုက်တဲ့ ဘောလုံးအရောင်၊ ပြိုင်ပွဲအတွင်း တိကျတဲ့အမှတ် စတာတွေကို လောင်းကြေးထည့်နိုင်ခြင်းပါ။ အားကစားကျွမ်းကျင်သူတွေဟာ အနိုင်အရှံးထက် နည်းဗျူဟာနဲ့ပတ်သတ်တဲ့ လောင်းကြေးတွေလိုလားလာတဲ့အခါမှာ ဒိုင်တွေအနေနဲ့ ဒီလိုဝန်ဆောင်မှုတွေပါပေးပါတယ်။ ဒီ့အတွက်လည်း လောင်းကြေးအဆကများပါတယ်။ပြိုင်ပွဲ ၂၀၁၈-၂၀၁၉ ရာသီအတွင်း အဆင့်သတ်မှတ်ထားသောစနူကာပြိုင်ပွဲ၂၀နဲ့ အခြားအဆင့် သတ်မှတ်ချက်မရှိသောပြိုင်ပွဲတွေဖြစ်တဲ့ The Masters, Champion of Champions, The Shanghai Masters, The Championship League များရှိပါတယ်။ အဆင့်သတ်မှတ်ထားတဲ့ပြိုင်ပွဲတွေမှာ ကစားသမား ၁၂၈ ‌ယောက်ပါဝင်ယှဉ်ပြိုင်ပြီး အရင်ပြိုင်ပွဲတွေနဲ့မတူညီတာက ထိပ်ဆုံး ၁၆ ‌ယောက်ဟာ အခြားသောပြိုင်ပွဲများ ဆီသို့ ထပ်မံမယှဉ်ပြိုင်ရတော့ပါဘူး။ ကစားသမားအားလုံးနည်းတူဂိမ်း ၇ ပွဲကို ဆက်တိုက်အနိုင်ရရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့်ပဲ ယှဉ်ပြိုင်မှုပိုမိုပြင်းထန်လာပြီး ကစားသမားအရေအတွက်လည်း တိုးတက်လာပါတယ်။

စနူကာ
ကစားပွဲအသစ်များ

ကစားပွဲအသစ်များစွာဟာ ထိပ်ဆုံးအဆင့်တွေကို တက်ရောက်ဖို့အတွက် အခွင့်အလမ်းများစွာ ရှိတဲ့အတွက် ကောင်းမွန်တဲ့မျက်နှာသစ်ကစားသမားများစွာကို မြင်တွေ့နိုင်ပါတယ်။ ဥပမာ- 2019 World Championship မှာ မျက်နှာသစ်ကစားသမား James Cahill က Ronnie O’Sullivan ကိုအနိုင်ရရှိသွားသလိုပါ။ ရှေ့ဆက်ပြီးလည်း စနူကာကစားနည်းဟာ လူကြိုက်များလာတဲ့အလျှောက် ပရော်ဖက်ရှင်နယ်ပြိုင်ပွဲတွေမှာ တရုတ်နဲ့ထိုင်းကစားသမားအသစ်တွေ ပါဝင်လာတာ မြင်တွေ့ရမှာပါ။ အကယ်၍ စနူကာလောင်းကစားကို သင်စိတ်ဝင်စားတယ်ဆိုပါက သင့်ကိုအကူအညီဖြစ်စေမယ့် သတင်းအချက်အလက်ဆိုဒ်တွေ အများအပြား ရှိပါတယ်။ ဒီဆိုဒ်တွေကနေ သင့်အတွက်လက်ရှိအချက်အလက်တွေ၊ ရမှတ်တွေနဲ့ အခြားအထောက်အကူပြု အချက်အလက်တွေကို လေ့လာပြီးမှ လောင်းကြေးထည့်ခြင်းကို ပြုလုပ်ဖို့ အကြံပေးလိုက်ရပါတယ်။