မိတ်ဆွေက အသက်ဘယ်လောက်ရှိပြီလဲ….?
၂၅လား ဒါမှမဟုတ် ၃၀ ကျော်လား….?

မိတ်ဆွေအနေနဲ့ Online ပေါ်က ဂိမ်းကစားသမားများဟာ ပျမ်းမျှအားဖြင့် ဘယ်အသက်အရွယ်မှ ဘယ်အသက်အရွယ်အထိ ရှိမယ်လို့ထင်သလဲ?

သေချာတာတစ်ခုကတော့ Online Game များဟာ အသက်ရွယ်စုံ ဆော့ကစားကြတဲ့ ဂိမ်းများဖြစ်သည့်အလျောက် တစ်ချို့မှာ ဆယ်ကျော်သက်အရွယ်များဖြစ်သလို တချို့မှာလည်း အသက်၂၀ ကျော်လူငယ်များဖြစ်ကြပြီး တချို့မှာမူ အသက် ၃၀ကျော်အပါအဝင် အသက် 40 လောက်အထိ ရာခိုင်နှုန်းအနည်းအများ ကစားကြပါတယ်။ ဒါကြောင့် ဒီလိုအသက်အရွယ်တွေနဲ့ပတ်သက်ပြီး ဒီနေ့တော့ ဆယ်ကျော်သက်လူငယ်လူရွယ်တွေနဲ့ Online လောင်းကစား ဆော့ခြင်းကဘယ်လိုရှိလဲ?

ဘာကြောင့် ဆယ်ကျော်သက်အရွယ်များက အွန်လိုင်းဂိမ်း များကို စွဲမက်စွာ ကစားနေကြတာလဲ?

စတဲ့အကြောင်းအရာများကို အနည်းငယ် ဝေမျှပေးချင်ပါတယ်။

ဆယ်ကျော်သက်အရွယ်(teenagers) တွေဟာ ဘယ်လိုနေရာမျိုးတွေမှာ ဘယ်လိုလောင်းကစားဂိမ်းတွေ ဆော့နေကြသလဲ?

မိတ်ဆွေအနေနဲ့ ဒီလို ဆယ်ကျော်သက်အရွယ်တွေဟာ ဂိမ်းကစားဖို့ရန်အတွက် အလွန်ပင်စောပါသေးတယ်လို့ ထင်ကောင်းထင်မှာပါ။ ဒါပေမယ့် တချို့ကလေးတွေဟာ အသက် ၁၀နှစ်ကတည်းက ဆော့ကစားကြပြီး ရာခိုင်နှုန်းအများပိုင်းမှာမူ အသက်အရွယ် ၁၅နှစ်မှ စတင်ဆော့ကစားကြပါတယ်။ ဒီလိုဆယ်ကျော်သက် အရွယ်တွေထဲမှတောင် တချို့တွေဟာ ကဒ်ဂိမ်းမျိုးကို ဆော့ကစားကြပေမယ့် တချို့တွေကတော့ ထူးခြားစွာဖြင့် တကယ်ကို ခက်ခဲနက်နဲတဲ့ ဂိမ်းမျိုးတွေကို အသက်အရွယ်နဲ့မလိုက်အောင် ဆော့ကစားနေကြပါတယ်။
အခုခေတ်မှာဆိုရင် Online ပေါ်များမှာလည်း ဆယ်ကျော်သက်အရွယ်တွေ ဆော့ကစားလို့ရတဲ့ Website တွေအများကြီးရှိနေပါပြီ။ ဒီလိုပြောလို ငွေကြေးတွေအများအပြား ကုန်တော့မှာပဲလို့ မတွေးပါနဲ့။

ဘာဖြစ်လိုလဲဆိုရင်တော့ ဒီလိုဂိမ်းမျိုးတွေကို မိမိဖုန်း သို့မဟုတ် Facebook မှလည်း အလွယ်တကူ အခမဲ့ ဆော့ကစားနိုင်ပြီမို့ မည်သည့် ငွေကြေးမျှမကုန်ဘဲ မိမိပျော်ရွှင်မှုတွေကိုသာ ကိုယ်ပိုင် ဖန်တီးခွင့် ရရှိနေတာဖြစ်ပါတယ်။

ဂိမ်းဆော့ကစားခြင်းက ဆယ်ကျော်သက်အရွယ်တွေကို ဘာကြောင့် စွဲမက်စေတာလဲ?

အကြောင်းအရင်းများစွာထဲမှ တစ်ခုက ဂိမ်းကုမ္ပဏီများဟာ ဂိမ်းကြော်ငြာတွေဖြစ်တဲ့ ဂိမ်းဆော့ကစားခြင်းရဲ့ ရလဒ်များ ဥပမာ- ဂိမ်းကစားခြင်းက ပျော်ဖို့ကောင်းခြင်း၊ အလွယ်တကူငွေရနိုင်ပြီး ချမ်းသာလာနိုင်ခြင်း စသည့် စာတိုမျိုးများကို ပို့ပေးနေလို့လဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုစာတိုမျိုးတွေကိုဖတ်ကြည့်ရင်း သူတို့လေးတွေလဲ ဆော့ကစားချင်စိတ် တဖွားဖွားပေါ်လာရတာပေါ့။
ဆယ်ကျော်သက်အရွယ်တွေအတွက် Online ပေါ်မှာ ဂိမ်းများကစားရခြင်းသည် Online နယ်ပယ်အတွင်း လူမှုဆက်ဆံရေးကောင်းမွန်စေတဲ့ နည်းလမ်းကောင်းတစ်မျိုးလည်းဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ Online Game တွေကစားရခြင်းက မတူညီတဲ့နေရာအသီးသီးမှ လူတွေနဲ့အတူ တစ်ဖက်သောပြိုင်ဖက်များကို အနိုင်ရအောင် အတူတကွ လက်တွဲကြိုးစား ဆော့ကစားရခြင်းမျိုးဖြစ်လို့ပါ။

ဥပမာ- မတူညီတဲ့ နယ်ပယ်အသီးသီးမှ စုပေါင်းဖွဲ့စည်းထားသော အဖွဲ့နှစ်ဖွဲ့တို့ဟာ အတူယဉ်ပြိုင်ဆော့ကစားရင်း တစ်ဦးနှင့်တစ်ဦး Online ပေါ်တွင် ပြောဆိုညှိနှိုင်းရတာကြောင့်ပါ။ ထို့အပြင် ဂိမ်းဆော့ကစားခြင်းနှင့် ပတ်သက်ပြီး အတွေ့အကြုံကောင်းများကိုလည်း ဝေမျှပြောကြားနိုင်လို့ တစ်ဦးနှင့်တစ်ဦး ခင်မင်မှုတွေလည်း ပိုမိုတည်ဆောက်လို့ရတာပေါ့။
ဆယ်ကျော်သက်အရွယ်တွေအတွက် ဂိမ်းစွဲစေရတဲ့ နောက်တစ်ချက်ကတော့ Online ပေါ်မှ အခမဲ့ဆော့ ကစားခွင့်ရတဲ့ ဂိမ်းအများပိုင်းဟာ အနိုင်ရဖို့ လွယ်ကူအောင် ဖန်တီးပြင်ဆင်ထားခြင်းမျိုးရှိခြင်းကြောင့်ပါ။ လူငယ်တွေဟာလည်း မိမိကစားပွဲများ အနိုင်ရတာကို ကျေနပ်အားရကြတာမျိုးရှိကြပြီး ဆက်လက်ဆော့ကစားရန်အတွက် စိတ်ပိုမိုတက်ကြွလာခြင်းမျိုးကြောင့် ငွေကြေးအစစ်အမှန်နှင့် ဆော့ကစားခြင်းမျိုးသို့ ပိုမိုနှစ်သက်လာကြတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် တချို့မှာ ငွေကြေးအစစ်အမှန်နှင့် လောင်းကြေးတင်သည့် အဆင့်သို့မရောက်ရှိပေမယ့် ဂိမ်းဆော့ကစားရာတွင် မိမိ၏အနိုင်ရခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပျော်ရွှင်မှုစိတ်ဆန္ဒတစ်ခုကြောင့် ဆယ်ကျော်သက်အရွယ်တွေဟာ ဂိမ်ဆော့ကစားခြင်းကို စွဲမက်စေရ ခြင်းဖြစ်ပါတယ်။


ကဲအခုဆိုရင် မိတ်ဆွေက ဘာကြောင့် ဆယ်ကျော်သက်အရွယ်တွေအများစုဟာ ဂိမ်းဆော့ကစားခြင်းကို ကြိုက်နှစ်သက်တာလဲဆိုတာနှင့် ပတ်သက်၍ အကြောင်းအရင်းတချို့ကို သိထားပြီလို့ ထင်ပါတယ်။ ဆိုတော့ မိတ်ဆွေရဲ့သားသမီး (သို့မဟုတ်) မောင်နှမတွေထဲကလည်း ဘယ်လိုအကြောင်းကြောင့် ဂိမ်းဆော့ကစား ရတာကို ကြိုက်နှစ်သက်ရတာလဲ? ဒီကအကြောင်းအရာတွေနဲ့များ တိုက်ဆိုင်နေမလား?