User-uploaded image: image.png

ဟာ… သွားပါပြီ၊ ငါတို့ Boss ရှေ့မှာ ကြောင်မဲတစ်ကောင်ဖြတ်သွားတယ်။ အဲ့တာဆို ခုချိန်ကစပြီး သူကံဆိုးတော့မှာပေါ့။ ဒါပေမယ့် Boss ကိုကြည့်လိုက်တဲ့အခါမှာတော့ အေးဆေးပဲ လှုပ်တောင်မလှုပ်ဘူး၊ ဘာလို့လဲဆိုရင် ဒီလိုအစွဲတွေ၊ ယုံတမ်းစကားတွေကို ဂရုမစိုက်တက်တဲ့လူတစ်ယောက်ဖြစ်လို့ပါ။ သင်ကရော ဒီလိုအစွဲမျိုးရှိတတ်သူတစ်ဦးလား? Slot မကစားခင်မှာ ပိုပြီးအနိုင်ရအောင် “အကြံပေးချက်” တွေကိုလုပ်ပြီးမှကစားရင် ပိုအနိုင်ရမယ်လို့ထင်ပါသလား? ဒါမှမဟုတ် ဒီနေ့မှာကျွန်တော်တို့ စလော့ကစားနည်း တွေရဲ့လျှို့ဝှက်ချက်ကို ဖော်ထုတ်တော့မယ်လို့များထင်ပါသလား? ဘာပဲဖြစ်ဖြစ်အနည်းဆုံးတော့ ဒီအချက်တွေထဲက တစ်ချက်လောက်တော့ စိတ်ထဲမှာပေါ်လာခဲ့မယ်မဟုတ်လား? ဒီတော့ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကမ္ဘာတစ်ဝှမ်းမှာ Slot ကစားနည်းတွေနဲ့ပတ်သက်တဲ့ ယုံတမ်းစကား 5 ခုကိုလေ့လာကြည့်လိုက်ရအောင်!

ညဘက်ကစားရင် နိုင်ဖို့အခွင့်အရေးပိုများတယ်

ရုပဗေဒပညာနဲ့ဆိုရင် မနက်ဖြန် Universe ကြီးပေါက်ကွဲသွားနိုင်မလား တွက်ချက်လို့ရပါတယ်။ Casino တစ်ခုကို တစ်နေ့ကစားသူဘယ်နှစ်ယောက်လာသလဲ ဆိုတာတွက်ချက်လို့ရပါတယ်။ ဒါပေမယ့် Slot ကစားဖို့ဘယ်အချိန်အကောင်းဆုံးလဲဆိုတာ တွက်မရပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က အနိုင်တွေကို ကျပန်းစနစ်နဲ့ လည်ပတ်ပြီးအမြဲပေးနေတာမို့ပါ။ 

ဒါပေမယ့်လဲ တော်တော်လေး ရေပန်းစားတဲ့ ယုံတမ်းစကားတစ်ခုက Slot ကိုညဘက်ကစားမယ်ဆိုရင် နေ့ဘက်ကစားတာထက်ပိုပြီး အနိုင်ရဖို့အခွင့်အရေးများပါတယ်တဲ့။ ဒီစကားကဘယ်ကနေဘယ်လိုစပြီးဖြစ်လာတာမှန်းမသိပေမယ့် လွန်ခဲ့တဲ့ Random Number Generator (RNG) အကြောင်းဖတ်ထားမယ်ဆိုရင် ဒီအချက်ကလုံးဝမဖြစ်နိုင်တာကို သိမှာပါ။ Slot ကစားနည်း ဖန်တီးသူတွေက စက္ကန့်တိုင်းကို ကျပန်းနံပါတ်တွေအများကြီး ဖန်တီးနေတဲ့ RNG စနစ်ကိုအခြေခံပြီးတော့မှ ဖန်တီးထားတာဖြစ်တဲ့အတွက် နေ့ပဲဖြစ်ဖြစ် ညပဲဖြစ်ဖြစ် RNG ကတော့ပုံမှန်လည်ပတ်နေမှာပါ။ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် နေ့ဘက်ပဲကစားသည်ဖြစ်စေ ညဘက်ပဲကစားသည်ဖြစ်စေ ကိုယ်နိုင်ဖို့အခွင့်အရေးက စက္ကန့်တိုင်းမှာ ကျပန်းဖြစ်တာမို့ ပုံသေမရှိပဲ တွေ့နေရမှာပါပဲ။ တစ်ခုရှိတာကတော့ တစ်ကယ်စိတ်ချရပြီး နာမည်ရှိတဲ့ Casino ကိုရှာတတ်ဖို့တော့လိုပါတယ်။

Slot ကဟောင်းနေတဲ့ပုံပေါက်ရင် အနိုင်ရနှုန်းနည်းတယ်

ယုံတမ်းစကားတွေ ပြောနေတာဖြစ်တဲ့အတွက် ဒါကတစ်ကယ်မဟုတ်ဘူးဆိုတာ သိပြီးသားဖြစ်မှာပါ။ Design တွေ Bonus Feature တွေဘယ်လောက်ပဲကွာကွာ Slot တိုင်းမှာ Return to Player (RTP) စနစ်ပါပြီးတော့ ဒီစနစ်က ကစားသူတွေအတွက် ဘယ်လောက်ပြန်အနိုင်ပေးမယ်ဆိုတာကို လုပ်ဆောင်ပေးပါတယ်။ ကစားသူတွေအတွက်ကောင်းတာကတော့ RTP 96% နဲ့အထက်ရှိတဲ့အခါဆိုရင်ပေါ့။

Bet ထည့်တာများလေလေ၊ နိုင်ဖို့အခွင့်အရေးများလေလေ

ဘယ်လိုမှမဖြစ်နိုင်တဲ့ စကားတစ်ခုပါ။ အားကစားပွဲတွေမှာလို ပိုပြီးကြိုးစားလေလေ၊ ပိုကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်လာသလိုမှမဟုတ်တာ။ ကိုယ် Bet ဘယ်လောက်ပဲထည့်ထည့် RTP ကအတူတူပါပဲ။ ဒီစကားကိုမှန်အောင်ပြင်ရမယ်ဆိုရင် Bet ထည့်တာများလေလေ၊ ပြန်ရနိုင်တဲ့ပမာဏလဲ များလေလေ ပါပဲ။

Slot က Win ကြီးကြီးပေးပြီးခါစဆိုရင် တခြားတစ်ခုပြောင်းဆော့တာကောင်းတယ်

ကိုယ့်ရည်းစားက iPhone အသစ်ဝယ်ပေးဖို့ ဂျီကျနေခဲ့ရင်တော့ သူ့ကိုစိတ်ပြောင်းသွားအောင် ကြိုးစားတာကောင်းပါတယ်။ Slot မှာတော့အဲ့လိုသွားလုပ်လို့မရပါဘူး။ ကိုယ့်အနိုင်တွေအကုန်လုံးက လုံးဝကို Random ဖြစ်တဲ့အတွက် တစ်ဆက်ထဲပဲ အခါ 20 နိုင်ချင်လဲနိုင်မယ်၊ တစ်ဆက်ထဲ အခါ 20 ရှုံးချင်လဲရှုံးမယ် လုံးဝခန့်မှန်းလို့မရပါဘူး။ 

ထူးခြားတဲ့အလှည့်တွေမှာဆို Jackpot ရနိုင်တယ်

ဒီယုံတမ်းစကားကတော့ ရယ်စရာလဲကောင်းသလို ယုံချင်စရာလဲကောင်းပါတယ်။ ဒီထက်ပိုပြီး ယုတ္တိမရှိတဲ့ယုံတမ်းတစ်ခုဆိုရင် ဒီလူတစ်ယောက်က Spin ခလုပ်နှိပ်ပြီးသွားတာနဲ့ နောက်တစ်ခါထပ်လည့်ရင် Jackpot တန်းရတယ်ဆိုပြီး လူပြောများခဲ့သေးတာပါပဲ။ ဒါဆိုရင်အဲ့တစ်ယောက်က Casino ထဲကကိုထွက်ရမှာမဟုတ်ပဲ ဝိုင်းဆွဲထားကြတော့မှာပေါ့! ဒါကိုထားပါတော့၊ ဒီယုံတမ်းကလဲ လုံးဝအမှန်မဟုတ်ပါဘူး။ Slot ကစားနည်းတွေရဲ့ Jackpot ရနိုင်တဲ့ Odds က Jackpot ပမာဏအပေါ်မှုတည်ပြီး 1:100,000 ကနေ 1:100,000,000 အတွင်းရှိနိုင်တာကြောင့် ဘယ် Spin အလှည့်ကမဆို Jackpot ရသွားနိုင်ပါတယ်။အခါကြီးရက်ကြီး မို့လို့ရနိုင်တာတို့၊ ကစားသူတွေဆော့လာပြီးတော့ အကြိမ် 1 သန်းမြောက် Spin လှည့်ရင် Jackpot ရနိုင်တာတို့ လိုမျိုးယုံတမ်းကစားတွေက ယုံတမ်းသက်သက်ပဲဖြစ်ပါတယ်။

ဒီယုံတမ်းကစားတွေကို ဆက်ပြီးပြောနေမယ်ဆိုရင်တော့ ကုန်မှာကိုမဟုတ်ပါဘူး။ ဒီနေ့တင်ဆက်ပေးလိုက်တာကတော့ ဒီအထဲမှာမှ လူယုံအများဆုံး ၅ ခုပါ။ ခြုံပြီးပြောရမယ်ဆိုရင် Slot ကိုလှည့်စားဖို့နည်းဆိုတာမရှိပါဘူး၊ Slot ရဲ့စနစ်အားလုံးက Random လည်ပတ်နေတာပါ။ ဒါကြောင့်မို့ ယုံတမ်းကစားတွေကိုယုံပြီး Slot ကစားမယ့်အစား လက်တွေ့ဆန်ဆန် အနိုင်ရဖို့ Odds ပိုများအောင် ညွှန်ပေးထားတဲ့ ကစားနည်းတွေကို လေ့လာပြီး ကစားစေချင်ပါတယ်!

Leave a Reply

Your email address will not be published. Required fields are marked *

Fill out this field
Fill out this field
Please enter a valid email address.
You need to agree with the terms to proceed

Menu