သူငယ်ချင်းတွေနဲ့ကဒ်ကစားရင်ပဲဖြစ်ဖြစ်၊ Casino တစ်ခုမှာကစားနေရင်းပဲဖြစ်ဖြစ်၊ Online Casino မှာကစားနေရင်းပဲဖြစ်ဖြစ် ကိုယ်ကိုင်ပြီးဆော့နေတဲ့ ကဒ်တွေရဲ့ Symbol တွေနဲ့ သူတို့ဘယ်ကဘယ်လိုဖြစ်ပေါ်လာတာလဲဆိုတာကိုတော့ စိတ်ဝင်စားမိတယ်မဟုတ်လား? ဒီကဒ်တွေတော်တော်များများက အဓိပ္ပာယ်ရှိတဲ့ Symbol တွေပေးထားတာဖြစ်ပြီးတော့ အထူးသဖြင့် Ace of Spade ဆိုရင် Death Card လို့လူသိများပါတယ်။

ဖဲကဒ်တွေဘယ်ကဘယ်လိုဖြစ်လာတာလဲ?

Ace of Spade က Death Card ဆိုပြီးဘာလို့ဖြစ်လာတာလဲ မလေ့လာခင်မှာ ဖဲကဒ်တွေရဲ့ သမိုင်းကြောင်းလေး နည်းနည်းသိထားမှအဆင်ပြေပါလိမ့်မယ်။ သူ့သမိုင်းကြောင်းက အတိအကျကြီးမဟုတ်ပေမယ့်လဲ 10th ရာစုဝန်းကျင်မှာ တရုတ်လူမျိုးတွေက သူတို့ရဲ့ဖန်တီးထားတဲ့ကစားနည်းတွေမှာ သုံးဖို့အတွက် “paper dominoes” ကိုစပြီးသုံးခဲ့ကြတယ်။ ဒိုးဇတ်ကို စာရွက်နဲ့လုပ်ထားတာမျိုးပေါ့။ အဲ့ကနေစပြီး တစ်ဖြေးဖြေး အနောက်နိုင်ငံတွေအထိပြန့်လာပြီး Europe မှာစပြီး ဖဲကဒ်အနေနဲ့ပေါ်လာခဲ့ပါတော့တယ်။

15th ရာစုအတွင်းမှာ ဖဲကဒ်တွေကို လက်လုပ်အနေနဲ့လုပ်ပြီး လက်နဲ့ပဲဆေးရောင်ခြယ်ခဲ့ပြီးတော့ တော်ဝင်အသိုင်းအဝိုင်း၊ လူချမ်းသာအသိုင်းအဝိုင်းကပဲ တက်နိုင်အောင်ဖန်တီးခဲ့ကြတယ်။ ဒါပေမယ့်လဲ အချိန်ကြာလာတာနဲ့အမျှ ပြင်သစ် ထုတ်လုပ်သူတွေက Spade, Heart, Diamond, Club ဆိုတဲ့ Playing Card Suit 4 ခုကိုစံထားပြီးတော့ ဈေးသက်သက်သာသာနဲ့ လွယ်လွယ်ကူကူထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုဖြစ်လာတာနဲ့အမျှ Europe, England, North America မှာရှိတဲ့ British Colonies တွေအတွင်းမှာ playing cards အသုံးပြုမှုပိုပြီးများလာခဲ့တယ်။ 

19th ရာစုဝန်းကျင်မှာတော့ American တွေကသူတို့ကိုယ်တိုင် Playing Card တွေကိုစပြီးဖန်တီးလာကြပြီ။ နှစ်တွေကြာလာတာနဲ့အမျှ Suit တွေနဲ့ Deck တွေကပိုပြီး ပုံသေစံထားနှုန်းတိကျလာပြီးတော့ ကဒ်တွေကို ထောင့်အဝိုင်းလေးတွေနဲ့လုပ်ပြီး လွယ်လွယ်ကူကူ မပျက်စီးတော့အောင်ဖန်တီးလာခဲ့ကြပါတယ်။ 1867 မှာ လူ၃ယောက်က Cincinnati, Ohio မှာ Painting လုပ်ငန်းတစ်ခုကစထောင်ခဲ့ပြီး ဒီနေ့ခေတ်မှာတော့ United States Playing Card Company အဖြစ် အသွင်ပြောင်းလာခဲ့ပြီ။ ဒီ Company က U.S sales အပိုင်းမှာ number-one market position ကိုယူထားလျက်ရှိပါတယ်။

Ace of Spade ကဘာလို့ Death Card ဖြစ်လာတာလဲ?

Playing Card တွေဖွံ့ဖြိုးလာတာနဲ့အမျှ Suit 4 ခုနဲ့ Face card တွေကလဲ လူမျိုးစု၊ ရိုးရာ အပေါ်မှုတည်ပြီးဖွံ့ဖြိုးလာခဲ့ကြပါတယ်။ ဥပမာ Italian တွေက Spade အစား ဓါးပုံကိုအသုံးပြုကြသလိုပဲ Germanic နိုင်ငံတွေမှာထွက်တဲ့ Playing Card တွေမှာဆိုရင် သစ်ကိုင်းလေးပေါ်မှာရပ်နေတဲ့သစ်ရွက်ပုံ နဲ့တွေ့ရပါတယ်။

Playing card suit တွေရဲ့ Design ကိုရိုးရှင်းစေဖို့အတွက် ပြင်သစ်က German တွေရဲ့ Spade နဲ့အနီးစပ်ဆုံးတူနဲ့ သစ်ရွက် Symbol ကိုအသုံးပြုခဲ့ပေမယ့် သူတို့အတွက်တော့ ဒီ Symbol ဟာ “စစ်ပွဲ၊ သတ်ဖြတ်ခြင်း၊ သေခြင်း” အဓိပ္ပာယ်ဆောင်ခဲ့ပါတယ်။ Latin မှာဆိုရင် spatha ဆိုတဲ့စကားလုံးက English လို Spade ရဲ့အဓိပ္ပာယ်ရှိပေမယ့် သူ့ရဲ့ဆိုလိုရင်းက “ကိရိယာ၊ လက်နက်” ဆိုတဲ့အဓိပ္ပာယ်ဆောင်ပြန်ရော။ အဲ့အပြင်ကို ပြင်သစ်တွေက piques လို့လဲခေါ်သေးတယ်။ အဓိပ္ပာယ်ကတော့ သစ်သားချောင်းပေါ်မှာ ဓါးပုံစံချွန်ထက်တဲ့အရာတပ်ထားတဲ့ လက်နက် Pike လို့ဆိုလိုပါတယ်။ 

နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာက ဂေါ်ပြားအမျိုးအစားထဲမှာလဲ များသောအားဖြင့်တော့ နာရေးအတွက်အသုံးပြုတဲ့ မျက်နှာပြင်ကျယ်ကျယ်၊ ထိပ်မှာ ဓါးသွားအသေးလေးပါတဲ့ Spade ဆိုတဲ့ဂေါ်ပြားရှိပါတယ်။ စက်ပစ္စည်းတွေအသုံးများနေတဲ့ ဒီနေ့ခေတ်မှာတောင် Cemetery မှာအလုပ်လုပ်သူတွေအနေနဲ့ Spade ကိုအသုံးပြုပြီး အလုပ်လုပ်နေကြဆဲပါ။

Death Card ဆိုပြီးလုံးဝနာမည်တွင်သွားတာကတော့ တစ်ကယ်တမ်းက Vietnam War မှာစတာပါ။ United States Playing Card Company (USPCC) ပြောပုံအရတော့ ရှေ့တန်းရောင်နေတဲ့ တပ်မှူးတစ်ဖွဲ့က Febuary 1966 မှာ USPCC ကိုလှမ်းပြီးတော့ Ace of Spade ကြီးပဲပါတဲ့ Deck တစ်ခုပို့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဘာလို့လဲဆိုရင် Vietnam လူမျိုးတွေရဲ့ယုံကြည်မှုအရသူတို့က Spade အမှတ်အသားက သေခြင်းနဲ့အမျှတွဲနေတယ်လို့ ယုံကြည်ကြလို့ပါ။ 

အဲ့တာနဲ့ USPCC ဘက်ကလဲ သေချာကိုသီးသန့် Ace of Spade တွေကြီးပဲပါတဲ့ Deck တွေကိုထုတ်လုပ်ပေးပြီးတော့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ဖို့အတွက် ရှေ့တန်းမှာရှိတဲ့ တပ်မှူးတွေထံကို လက်နက်တစ်ခုအနေနဲ့လှမ်းပို့ပေးခဲ့ပါတယ်။ အပြင်းအထန်ဖြစ်နေတဲ့ရှေ့တန်း နေရာတွေမှာ Spade Card တွေကိုဖြန့်ကျဲလိုက်ပြီးတော့ Viet Cong တွေကို တပ်ဆုတ်သွားစေခဲ့ပါတယ်။ အဲ့အပြင်ကို American စစ်သားတွေအနေနဲ့သူတို့ နှိမ်နင်းထားတဲ့ ရန်သူတိုင်းရဲ့ ခန္ဓာကိုယ်မှာ Ace of Spade ကဒ်ကို ထားခဲ့ပြီးတော့ ငါတို့ဒီမှာရောက်ခဲ့တယ်၊ မင်းတို့ဆီလဲလာနေပြီဆိုတဲ့ အဓိပ္ပာယ်သက်ရောက်စေခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Fill out this field
Fill out this field
Please enter a valid email address.
You need to agree with the terms to proceed

Menu