Sport Betting ဆိုတာ လွန်ခဲ့တဲ့အချိန်ကာလများစွာကတည်းကရှိခဲ့တဲ့ ရှေးအကျဆုံး လောင်းကစား တစ်ခုပါ။ အနည်းငယ် ပြောင်းလဲတိုးတက်လာတာကလွဲပြီး ဟိုးအရင်ခေတ်ကလူတွေ လောင်းကစားပြုလုပ်တဲ့ ပုံစံအတိုင်း ယနေ့ခေတ်လူတွေလောင်းကစားပြုလုပ်နေဆဲပါ။ သင်နှစ်သက်တဲ့အားကစားအမျိုးအစားမှာ သင်နှစ်သက်တဲ့အသင်းကိုလောင်းကြေးထည့်မယ်။ သင်အနိုင်ရခဲ့လို့ရှိရင် ပိုက်ဆံရမယ်။ သင်ရှုံးနိမ့်ခဲ့ရင်တော့ ပိုက်ဆံဆုံးရှုံးမယ်။ ရိုးရိုးရှင်းရှင်းပါပဲ။ ဒါပေမယ့် သင်ဟာအမြဲတမ်းအနိုင်ရရှိချင်တယ်ဆိုရင်တော့ ရိုးရိုးရှင်းရှင်း မဟုတ်တော့ပါဘူး။ လိုအပ်တဲ့သတင်းအချက်အလက်တွေ၊ နည်းဗျူဟာတွေအတွက် လောင်းကစားလမ်းညွှန် (Betting Guide)တွေလိုအပ်လာပါပြီ။

ဘာကြောင့်လောင်းကစားလမ်းညွှန်တွေလိုအပ်ပါသလဲ?         

Betting Guide ‌တွေဟာ သင့်ကို အကြောင်းအရာ၊ အချက်အလက်တွေနဲ့ပတ်သတ်ပြီး သင်ကြားပေးပါတယ်။ များသောအားဖြင့် လောင်းကစားလမ်းညွှန်တွေဟာ ဝါရင့်အတွေ့အကြုံရှိ ကျွမ်းကျင်သူတွေ စုစည်းတင်ပြထားတဲ့အချက်အလက်တွေကို လောင်းကစားစိတ်ဝင်စားတဲ့သူတွေအတွက် ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်။ သင်ဟာ Sport Betting မှာ အတွေ့အကြုံမရှိသူ၊ အတွေ့အကြုံရှိသော်လည်း လောင်းကစားမှာ မကျွမ်းကျင်သူဖြစ်ပါက လောင်းကစားသီအိုရီတွေကို နားလည်ဖို့အတွက် လမ်းညွှန် လိုအပ်ပါတယ်။ ဒီလမ်းညွှန်ချက်တွေက လောင်းကစားနဲ့ပတ်သတ်ပြီး ဘယ်လိုအလုပ်လုပ်တယ်၊ ဘာတွေပါဝင်တယ်ဆိုတဲ့ အချက်အလက်တွေပေးပါတယ်။ အဓိကရည်ရွယ်ချက်က သင့်ကိုအချိန်နဲ့အမျှ ပိုမိုကောင်းမွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာစေဖို့ အချက်အလက်တွေနဲ့ အကြံဉာဏ်တွေ ပေးရန်ဖြစ်ပါတယ်။

Betting Guide

လောင်းကစားလမ်းညွှန်‌တွေမှာဘာတွေပါရှိသလဲ?

မိတ်ဆက်ခြင်း         

ဒီနေရာဟာ အတွေ့အကြုံမရှိတဲ့ကစားသမားတွေအတွက် အခြေခံကျတဲ့အချက်အလက်တွေဖြစ်တဲ့ ဘယ်လိုလောင်းကစားလုပ်ရမလဲ၊ ဘယ်လိုတိုးတက်အောင်လုပ်ရမလဲ စတာတွေပြောပြပေးပါတယ်။ သင်ကြိုးစားရှာထားတဲ့ပိုက်ဆံတွေကို အချက်အလက်ကိန်းဂဏန်းတွေမသိပဲ လောင်းကစားလုပ်ခြင်းဟာ အန္တရာယ်များပါတယ်။ သင်ယုံကြည်နိုင်တဲ့လောင်းကစားဒိုင်တွေ၊ ပြိုင်ပွဲအမျိုးအစားတွေ၊ ပြိုင်ပွဲနဲ့ပတ်သတ်တဲ့ အခြေခံဗဟုသုတ စတာတွေ နားလည်အောင်ပြောပြပေးပါတယ်။

Sport Betting ရဲ့အကျိုးကျေးဇူးများ         

ဒီနေရာမှာ လောင်းကစားရဲ့အခြေခံအကျိုးအပြစ်များနှင့် လောင်းကစားစွမ်းရည်ကို ဘယ်လိုတိုးတက်အောင် ပြုလုပ်ရမည်ကို လေ့လာသင်ယူနိုင်ပါတယ်။

လောင်းကြေးထည့်ပုံ         

ဒီနေရာမှာ  အွန်လိုင်းကနေဖြစ်စေ၊ သင်ကိုယ်တိုင်ဖြစ်စေ လောင်းကြေးဘယ်လိုထည့်ရမလဲ။ လောင်းကြေးမထည့်မှီ လောင်းကြေးအဆတွေကို ဘယ်လိုခွဲခြမ်းစိတ်ဖြာရမလဲဆိုတာ လေ့လာ သင်ယူနိုင်ပါတယ်။

မှားယွင်းစွာလောင်းကြေးထည့်ခြင်းကိုရှောင်ကြည်ခြင်း         

ဒီနေရာမှာ လောင်းကစားရဲ့သဘောတရားအလုပ်လုပ်ပုံ၊ အသေးစိတ်အချက်အလက်၊ ဘယ်လောက် ရာခိုင်နှုန်းရှုံးနိမ့်နိုင်တယ် စတဲ့အချက်အလက်တွေ ဖော်ပြပေးပါတယ်။ အလောင်းအစားပြုလုပ်ရာမှာ အမှားများကို မည်သို့ရှောင်ရှားနိုင်ကြောင်း လမ်းညွှန်ပေးပါတယ်။ အမှားတွေကနေ သင်ခန်းစာယူနိုင်သလို အမှားတွေကိုရှောင်ရှားဖို့အတွက် အခြေခံအချက်တွေကို နားလည်သဘောပေါက်ဖို့လည်း လိုအပ်ပါတယ်။

လောင်းကစားအမျိုးအစားများ         

ယနေ့ခေတ်မှာ ကွဲပြားခြားနားတဲ့ အလောင်းအစားပုံစံမျိုးစုံရှိပါတယ်။ Live Betting, Exchange Betting, Spread Betting, Online Betting စသဖြင့် အများအပြားရှိတဲ့အတွက် ကွဲပြားခြားနားတဲ့ အလောင်းအစားအမျိုးမျိုးရဲ့ အခြေခံကို နားလည်သဘောပေါက်စေဖို့ ဒီနေရာက ကူညီပေးပါတယ်။         

ယခုအခါမှာ Online Betting Guide ‌တွေ အများအပြားရှိလာပြီဖြစ်ပါတယ်။ အားကစားအမျိုးအစား အလိုက်ဖြစ်စေ၊ ပြိုင်ပွဲတစ်ခုချင်းစီကို ဖြစ်စေ အသေးစိတ်တွက်ချက် ပြသပေးလာသလို အားကစားအသင်းတွေရဲ့ လှုပ်ရှားမှုသတင်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးနေတဲ့အတွက် လောင်းကြေးမထည့်မှီမှာ လေ့လာထားကြဖို့ အကြံပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Fill out this field
Fill out this field
Please enter a valid email address.
You need to agree with the terms to proceed

Menu