Split

ဖဲကစားနည်းရဲ့ လူဆော့အများဆုံးနဲ့ အလွယ်ဆုံးလို့သတ်မှတ်လို့ရတဲ့ Blackjack ကစားနည်းမှာ ကိုယ့်ရဲ့ဖဲကို၂အိမ်အဖြစ်ခွဲလို့ရတဲ့အခြေအနေတွေရှိပါတယ်။ ၂အိမ်ခွဲလိုက်မယ်ဆိုရင် ၂အိမ်လုံးအတွက်ကို ဖဲချပ်တစ်ချပ်စီထပ်ဝေမှာဖြစ်ပြီးတော့ ကိုယ့်လောင်းကြေးအတိုင်းပဲ ၂အိမ်ဖြစ်သွားတဲ့အတွက် လောင်းကြေး၂ဆဖြစ်သွားမှာပါ။ တစ်အိမ်ချင်းစီကိုပုံမှန်စည်းမျဉ်းတွေအတိုင်းပဲ တစ်လှည့်ချင်းဆော့သွားရမှာပါ။
၂အိမ်လုံးသာနိုင်သွားခဲ့မယ်ဆိုရင် ၂အိမ်စာလျော်ကြေးရမှာဖြစ်တဲ့အတွက် ကိုယ့်လောင်းကြေးထက် ၂ဆပြန်ရမှာပါ။ တစ်ကယ်လို့တစ်အိမ်ပဲနိုင်ခဲ့ရင်တောင် အရင်းပြန်ကြေသွားပြီလေ။ ဒါပေမယ့်လဲရှုံးသွားခဲ့ရင်တော့ လောင်းကြေးထက်ကို ၂ဆကိုယ်ကရှုံးမှာဖြစ်တဲ့အတွက် ကိုယ့်အတွက် အမြတ်အများဆုံးရဖို့အတွက် ဘယ်အချိန်မှာ ၂အိမ်ခွဲသင့်လဲဆိုတာကို ဒီနေ့မှာလေ့လာလိုက်ကြရအောင်!

Ace(A) အတွဲကိုအမြဲခွဲပါ

Ace(A) ၂ကဒ်သာကိုယ့်စီကိုကျလာခဲ့မယ်ဆိုရင်တော့ ဘာမှတွေဝေမနေပဲ ဒိုင်မှာဘာကဒ်ရှိရှိမရှိရှိ ၂အိမ်သာခွဲချလိုက်ပါ။ Ace(A) ကိုခွဲခြင်းက ကိုယ့်အိမ်တောင့်သွားဖို့အတွက် အများကြီးအထောက်အကူပြုစေနိုင်ပါတယ်။ ဘာလို့လဲဆိုရင် :

  • ၂ အိမ်မခွဲပဲ Ace(A) ၂ကဒ်ထားမယ်ဆိုရင် တစ်ကဒ်က 11 တစ်ကဒ်က 1 တန်ဖိုးရှိတဲ့အတွက် 12 ပေါင်းခြင်းရှိမှာပါ။ ဆိုလိုတာကနောက်ဆွဲမယ့်ကဒ်က 9 ကျမှသာ 21 ဖြစ်နိုင်မယ့်သဘောပါ။ 10 (သို့) K,Q,J ကဒ်သာကျလာခဲ့မယ်ဆိုရင် 11 တန်ဖိုးရှိနေတဲ့ကဒ်က 1 ဖြစ်သွားမှာမို့ Ace ၂ကဒ်လုံးတန်ဖိုးပေါင်းမှ ၂ပဲရတော့မှာပါ။ 10 တန်ဖိုးရှိတဲ့ကဒ်နဲ့ပေါင်းလိုက်ရင် 12 ပြန်ဖြစ်သွားပါပြီ။
  • ခွဲလိုက်မယ်ဆိုရင် ၂အိမ်အတွက်ကို 10 (သို့) K,Q,J သာကျမယ်ဆိုရင် ကျတဲ့အိမ်က Auto ကို Blackjack(21) ဖြစ်သွားပါပြီ။ တကယ်လို့ တစ်အိမ်ပဲကျရင်တောင် တစ်အိမ်က အမြတ်အပိုရဖို့သေချာသွားပြီး ကိုယ့်လက်ရှိအိမ်ကိုပဲဆက်ဆော့လို့ရပါတယ်။ တကယ်လို့ 10 တန်ဖိုးရှိတဲ့ကဒ်ကျမလာရင်တောင် 21 ဖြစ်ဖို့ဆက်ဆွဲနိုင်တာကြောင့် Ace(A) အတွဲကိုခွဲလိုက်ရင် 21 ဖြစ်ဖို့အခွင့်အရေး 4 လမ်းရသွားမှာပါ။

8 အတွဲကိုအမြဲခွဲပါ

Ace အပြင်ကို Blackjack ဆရာသမားတွေခွဲဖို့ အကြံပေးတာအများဆုံးကတော့ 8 အတွဲပါပဲ။ 8 ၂ကဒ်ကိုသာ အတွဲလိုက်ဆော့ရင် အိမ်ကောင်းရဖို့ကခက်ခဲပါတယ်။ ခွဲလိုက်ရင် Ace လိုမျိုး အရမ်းကြီးအခွင့်အရေးများသွားတာမဟုတ်ပေမယ့်လဲ သင်္ချာနည်းအရတော့ ဒီအတိုင်းဆော့တာထက် ပိုပြီးဖြစ်နိုင်ချေရှိပါတယ်။ ဘာလို့လဲဆိုရင်

  • 8 ၂ချပ်ကို မခွဲပဲနဲ့ဆော့မယ်ဆိုရင် အရမ်းကိုအားနည်းတဲ့ ဟိုမရောက်ဒီမရောက် 16 ရမှာပါ။ ဒီမှာထပ်ဆွဲမယ်ဆိုရင်လဲ တော်တော်ကိုစွန့်စားပြီးဆွဲရမယ်။ 5 ထပ်ကျော်တဲ့ကဒ်သာတပ်လက်ရင်သေပြီမို့ပါ။ ဆိုတော့ ဒီအတိုင်းသာဆော့မယ်ဆိုရင် 21 မကျော်သွားပဲဆော့နိုင်ဖို့အခွင့်ရေး၊ နောက်ဆွဲတဲ့ကဒ်က 5 ထပ်မကျော်ဖို့ဖြစ်နိုင်ချေက 40% သာရှိပါတော့တယ်။
  • အဲ့လိုမလုပ်ပဲခွဲလိုက်မယ်ဆိုရင်တော့ ၂အိမ်လုံးအတွက် ပထမဆုံးအလှည့်မှာသေဖို့လုံးဝမဖြစ်နိုင်ပါဘူး။ 10 တန်ဖိုးရှိတဲ့ကဒ်ကျလာရင်တောင် 18 ဖြစ်နေမှာပါ။ အဲ့တာကြောင့် ဒီအတိုင်းဆော့တာထက်စာရင်ခွဲလိုက်တာက ပိုပြီးအိမ်ကောင်းရဖို့ဖြစ်နိုင်ချေရှိပါတယ်။

Ace(A) (သို့) 8 အတွဲတွေထပ်ရရင် ထပ်ခွဲပါ
၂အိမ်ခွဲလိုက်မယ်ဆိုရင်ဒိုင်က ခွဲလိုက်တဲ့တစ်အိမ်ချင်းအတွက်ကိုတစ်ကဒ်စီထပ်ပေးမှာပါ။ ဒီမှာမှထပ်ပြီး Ace(A) အတွဲ (သို့) 8 အတွဲရမယ်ဆိုရင်တော့ ထပ်ပြီးတော့ အိမ်ထပ်ခွဲလိုက်ပါ။

  • ဒီလိုခွဲမယ်ဆိုရင် ၃အိမ်ဖြစ်သွားတဲ့အတွက် လောင်းကြေးရဲ့ ၃ဆလိုတယ်ဆိုတာတော့သိပေးထားပါ
  • ၀ိုင်းအပေါ်မှုတည်ပြီး အိမ်အများဆုံးခွဲခွင့်လဲကွာပါတယ်။ တချို့ဝိုင်းတွေမှာ ၄အိမ်ထိပဲအများဆုံးခွဲခွင့်ရှိတယ် စသည်ဖြင့်သတ်မှတ်ထားတာရှိပါတယ်။

10 အတွဲကိုဘယ်တော့မှ မခွဲပါနဲ့

Blackjack ဆော့လေ့မရှိတဲ့သူတွေ အမှားဆုံးအချက်က 10 ကိုခွဲတာပါပဲ။ ဒီလိုလုပ်ခြင်းက ကိုယ့်မှာရှိပြီးသားအိမ်ကောင်း 20 ကိုဆုံးရှုံးလိုက်ရပြီး အိမ်ကောင်းရဖို့အခွင့်ရေးကိုလျှော့ချလိုက်တာနဲ့ အတူတူပါပဲ။ ဘာလို့လဲဆိုရင် :

  • 10 အတွဲကိုမခွဲပဲဆော့ရင် 20 တန်ဖိုးရှိနေပါတယ်၊ ဒါကတော်တော်ကိုကောင်းတဲ့အတွဲပါ။ သူ့ကိုနိုင်တာ Blackjack(21) ပဲရှိတယ်။ ဒါကိုမှ ၂အိမ်ခွဲလိုက်မယ်ဆိုရင် လက်ရှိအိမ်ထက်ပိုကောင်းအောင် Ace(A) တက်မှသာဖြစ်နိုင်မှာပါ။ တခြား ကဒ်တွေသာတက်လာခဲ့ရင် တန်ဖိုးကျရင်ကျ မကျရင် ပုံမှန်တန်ဖိုးအတိုင်းပြန်ဖြစ်သွားမှာမို့ပါ။ အကြမ်းအားဖြင့်ပြောရရင် 10 အတွဲကိုခွဲတာက ပုံမှန်ရှိနေတဲ့ 20 တန်ဖိုးထက် ဆိုးရွားတဲ့ ၂အိမ်ထွက်လာနိုင်ဖို့အခွင့်အရေးများပါတယ်။

4 အတွဲကိုဘယ်တော့မှမခွဲပါနဲ့

10 လိုပဲ 4 အတွဲကိုခွဲတာကလဲ ပိုပြီးတန်ဖိုးနည်းတဲ့အိမ်၂အိမ်ကို ရသွားစေနိုင်ပါတယ်။ ၂အိမ်ခွဲရင် လောင်းကြေး၂ဆထည့်ရတယ်ဆိုတာကို မှတ်မိတယ်မဟုတ်လား? 4 ၂အိမ်ခွဲလိုက်တာက လောင်းကြေးဆုံးရှုံးဖို့ကမ်းလှမ်းလိုက်တာနဲ့အတူတူပါပဲ။

  • မခွဲပဲနဲ့ထပ်ဆွဲမယ်ဆိုရင် အိမ်သေ(bust) ဖို့လုံးဝမဖြစ်နိုင်ပါဘူး။ Ace(A) သာရခဲ့မယ်ဆိုရင် အမြင့်ဆုံး 19 အထိသွားနိုင်ဖို့အခွင့်အရေးရှိပါတယ်။ အိမ်ကိုခွဲလိုက်ပြီးတော့ ထပ်ရတဲ့ကဒ်တွေက 2 (သို့) 3 ဖြစ်မယ်ဆိုရင် တန်ဖိုးနည်းသွားမှာဖြစ်ပြီးတော့ 8 နဲ့အထပ်သာကျလာရင် ထပ်ဆွဲရင်လဲ သေ(bust) ဖို့အခွင့်အရေးများ၊ ထားလိုက်ရင်လဲ တန်ဖိုးနည်းနဲ့ ကို့လို့ကန့်လန့် အခြေအနေကိုရောက်သွားစေပါတယ်။ ပုံမှန်ထက်ကိုပိုကောင်းဖို့ဆို 5,6,7 ကျမှသာဖြစ်နိုင်မှာပါ။

5 အတွဲကိုဘယ်တော့မှမခွဲပါနဲ့

5 အတွဲကျလာခဲ့မယ်ဆိုရင် 5 အတွဲလို့မမြင်ပဲ 10 လို့သာမြင်လိုက်ပါ။ ဒိုင်က 9,10, A မဟုတ်ဘူးဆိုရင် ပျော်ပျော်ကြီး Double Down လို့ရပါတယ်! အဲ့၃ခုမဟုတ်ဘူးဆိုရင်တော့ ဆွဲလိုက်တာပိုကောင်းပါတယ်

  • 5 ကိုခွဲတာကလဲ 4 ကိုခွဲတာလိုပါပဲ၊ ပိုပြီးဆိုးပဲဆိုးစေနိုင်တယ်။ စစခြင်းမခွဲပဲထားရင် တော်တော်ကောင်းတဲ့အိမ်ကိုရထားတာဖြစ်ပြီးတော့ ဒီထက်ပိုကောင်းဖို့အခွင့်အရေးကလဲများပါတယ်။ ပထမဆုံးဆွဲတဲ့ကဒ်နဲ့လဲ ဘယ်လိုမှအိမ်မသေ(bust)နိုင်ဘူးလေ။ ခွဲလိုက်မယ်ဆိုရင် အားနည်းသွားတဲ့အိမ်ရရင်ရ (2,3,4 ရတဲ့အခါ) ဒါမှမဟုတ် အိမ်သေ(bust) သွားစေနိုင်ပါတယ် (6 နဲ့အထက်ရတဲ့အခါ)။ 5 အိမ်ကိုခွဲလိုက်ရင်ဘယ်လိုမှ အရှေ့ကိုကြောဖို့မဖြစ်နိုင်ပါဘူး