Blackjack မှာအနိုင်ယူကြမယ်!

ဖဲကဒ်ကစားနည်းမှာ ကံတရားက လူတစ်ချို့ကိုသာ မျက်နှာသာပေးလေ့ရှိပါတယ်။ ဒါပေမယ့် Blackjack ကတော့ Casino ဖဲချပ်ကစားနည်းတွေထဲမှာ ဒိုင်နဲ့အံတုပြီးကစားနိုင်တဲ့ ကစားနည်းတစ်ခုပါ။ ဒါကလဲ Blackjack က ကံတရားအပေါ်ပဲမဟုတ်ပဲ Probability ဖြစ်တန်စွမ်းအပေါ် မူတည်နေတာဖြစ်တဲ့အတွက် ဗျူဟာကောင်းကောင်းနဲ့ စဉ်းစားပြီးဆော့လို့ရပါတယ်။

Blackjack မှာအနိုင်ယူဖို့အတွက် အခွင့်အရေးပိုတိုးစေအောင် Blackjack ရဲ့အခြေခံစည်းမျဉ်းကိုသိဖို့လိုမယ်၊ ပြီးရင်တော့ ကဒ်ရေတွက်တဲ့ စနစ်ကို ဆရာကျကျဖြစ်သွားအောင်လေ့လာဖို့လိုပါမယ်။ 

ကစားနည်းရဲ့အခြေခံစည်းမျဉ်းကိုသိထားပါ

 Blackjack(21) ဟာ ကစားနည်းနာမည်မှာကိုက တော်တော်လေးရှင်းပြထားပြီးသားဖြစ်နေပါပြီ။ ကစားသူတွေက 21 (သို့) 21 နဲ့အနီးဆုံးရအောင်လုပ်ပြီး ဒိုင်ကိုအနိုင်ယူရပါမယ်။ ဒါပေမယ့်လဲ ကစားသူတော်တော်များများက ကဒ်၂ကဒ်ကြည့်ပြီးရင် နည်းရင်ဆွဲ များရင်ရပ် ကလွဲပြီးတော့ တခြားလုပ်ပိုင်ခွင့် ဗျူဟာတွေကိုသိပ်မသိကြပါဘူး။

အဲ့တာကြောင့် ကိုယ်မကစားခင်မှာ ဘယ်အချိန်မှာ Double Down ရမလဲ ၂အိမ်ခွဲ ရမလဲ ဒါမှမဟုတ် အရှုံးပေးရမလဲဆိုတာတွေကိုသိထားတော့မှာ ကိုယ့်အတွက်အကျိုးအမြတ်ပိုရဖို့ အခွင့်အရေးပိုတိုးမှာဖြစ်ပါတယ်။

  • Double down လိုက်ပြီဆိုရင် ကိုယ်ရဲ့လောင်းကြေးကို ၂ဆထပ်ထည့်ပြီး တစ်ကဒ်ပဲထပ်ဆွဲလိုက်တာပါ
  • ကိုယ်ရတဲ့ 2 ကဒ်လုံးကတူနေမယ်ဆိုရင် (ဥပမာ 4 နှစ်ကဒ်) ၂အိမ်ခွဲလိုက်ပြီးတော့ ၂အိမ်စာလောင်းကြေးနဲ့ကစားနိုင်ပါတယ်
  • တချို့ Casino တွေဆို Blackjack မှာ Surrender(အရှုံးပေး) ခွင့်ပြုပါတယ်။ ကိုယ့်အိမ်ကမကောင်းဘူးလို့ထင်ရင် အစထဲကအရှုံးပေးလိုက်ပြီး လောင်းကြေးထဲက တစ်ဝက်ကိုပြန်ယူနိုင်ပါတယ်

 ကိုယ့်အိမ်ရဲ့ အကျိုးအမြတ်နှုန်းကို နားလည်ထားပါ

ဒိုင်ကတော့အသာစီးရတယ်။ ဘာလို့လဲဆိုရင် ကစားသူက ဒိုင်ပြထားတဲ့တစ်ချပ်ကိုပဲကြည့်ပြီး အရင်ဆုံးဖြတ်ချက်ချပြီး ကစားရတာမို့လို့ပါ။ ကစားသူက ဆွဲလိုက်လို့ 21 ကျော်ပြီး Bust သွားခဲ့မယ်၊ ဒိုင်ကလဲ 21 ကျော်ပြီး bust ခဲ့မယ်ဆိုရင်တောင် ကစားသူကအရင် bust တာဖြစ်တဲ့အတွက် သရေမကျပဲ လျော်ကြေးပေးရပါတယ်။

ဒါတွေကိုနားလည်ထားပြီဆိုရင် ဒိုင်ပြထားတဲ့တစ်ချပ်အပေါ်မှုတည်ပြီး ဘာလုပ်သင့်လဲ ဘယ်အချိန်မှာရပ်သင့်လဲ စဉ်းစားဖို့ဗျူဟာတွေ ထွက်လာတော့မှဖြစ်ပါတယ်။

 Blackjack ရဲ့ဗျူဟာကိုနားလည်ထားပါ

တခြား Casino ကစားနည်းတွေနဲ့ယှဉ်ရင် Blackjack က Probabilites အပေါ်မှုတည်တဲ့ ကစားနည်းဖြစ်တဲ့အတွက် ဗျူဟာကအရေးကြီးပါတယ်။ ကိုယ့်အိမ်ကို အလှည့်အပြောင်းလုပ်တက်မှသာ ပိုသာတဲ့ကစားသမားတစ်ယောက် ဖြစ်စေနိုင်မှာပါ။  ဥပမာ ကိုယ်က 16 ဒိုင်က 10 ဖြစ်နေတဲ့အချိန်မှာဆွဲသင့်လား? 8 နှစ်ကဒ်ဆို ၂အိမ်ခွဲသင့်လား? ဒီလိုအခြေအနေတွေမှာ ဆုံးဖြတ်ချက်ချဖို့အတွက် ကိုယ့်ရဲ့ကိုယ်ပိုင်ဗျူဟာတစ်ခု လိုအပ်ပါတယ်။ အစပိုင်းမှာတော့ ဖြစ်နိုင်တဲ့အခြေအနေတွေများတာကြောင့် ဘယ်လိုတုံ့ပြန်သင့်လဲဆိုတဲ့ ဗျူဟာကို မှတ်ရ စဉ်းစားရခက်ပေမယ့်လဲ ဆော့တာအတွေ့အကြုံများလာတာနဲ့အမျှ ကိုယ့်ရဲ့အသိစိတ် Instinct နဲ့တင်ဆုံးဖြတ်တက်သွားမှာပါ။

မကစားခင် ကစားပွဲစည်းကမ်းတွေကို လေ့လာပါ

Blackjack ဆိုပြီးကစားနည်းတူပေမယ့်လဲ Casino ကွဲပြားမှု နေရာဒေသကွဲပြားမှုကြောင့် Rule တွေကလဲကွာခြားနိုင်ပါတယ်။ အပြင်မှာကျွန်တော်တို့ နားလည်မှုနဲ့ ဖဲကဒ်တွေနဲ့ဆော့တဲ့ Rule တွေနဲ့ Online Casino တစ်ခုက စနစ်ကျကျ Rule တွေနဲ့ မတူနိုင်ပါဘူး။ တချို့ဝိုင်းတွေမှာ ဒိုင်က 17 ရောက်ရင် ဒါမှမဟုတ် 17 ထက်ကျော်ရင် နိုင်နိုင်ရှုံးရှုံးရပ်ကိုရပ်ရပါတယ်။ ကစားသူက 17 ထက်ကျော်နေလို့ နေမထူးသေမထူး သဘောနဲ့ဆက်ဆွဲပိုင်ခွင့်မရှိပါဘူး။ တချို့ဝိုင်းတွေကြတော့လဲ ဒိုင်က 2 ချပ် 17 မှာတစ်ချက်က Ace(A) ဖြစ်နေမယ်ဆို ထပ်ဆွဲလို့ရတယ်ဆိုတဲ့ Rule ကရှိနေပြန်ရော။ ဆက်ဆွဲလိုက်ရင် Ace က 1 ဖြစ်သွားနိုင်တာဖြစ်လို့ ဒိုင် Bust မဖြစ်ပါဘူး။

  • ကိုယ့်အတွက်ရေရှည်ဆော့ရင် နိုင်ဖို့ပိုခက်ခဲတဲ့ဝိုင်းမျိုး (ဥပမာ ဒိုင်က Ace နဲ့ 17 မှာဆွဲခွင့်ရတဲ့ဝိုင်း) ကိုရှောင်သင့်ပါတယ်။

 ကိုယ့်ကစားဝိုင်းရဲ့ Blackjack Rule တွေကိုလေ့လာပါ

မကစားခင်မှာ Blackjack အတွက်လျော်အကြေးအပိုရမှာလားဆိုတာ သိဖို့အရေးကြီးပါတယ်။ ပထမဆုံး ၂ချပ်ထဲနဲ့ 21 ဖြစ်သွားတဲ့ Natural Blackjack မှာတချို့ဝိုင်းတွေမှာ 3:2 ပုံစံနဲ့ပေးလေ့ရှိပါတယ်။ 2$ လောင်းကြေးတိုင်းအတွက် 3$ ပြန်ပေးတယ်ဆိုတဲ့သဘောပါ။ ဒါပေမယ့်လဲ ကိုယ်ဆော့နေတဲ့ ၀ိုင်းအပေါ်မှုတည်ပြီးတော့ ပြန်လျော်နှုန်းတွေက ကွာခြားနိုင်ပါတယ်။

ကိုယ့်ရဲ့ လောင်းကြေးဗျူဟာကို အမြဲဆွဲနေပါ

ပုံမှန်ကစားပွဲမှာ လောင်းကြေးပုံသေထားရင်ထားပြီးကစားပါ၊ ဒါမှမဟုတ်ရင်လဲ နည်းနည်းစီတိုးကြည့်ပြီးတော့ ကိုယ့်နိုင်မယ့်အလှည့်ကိုတွက်ကြည့်ပါ။ ဘယ်နှစ်လှည့်ပြီးရင် ကိုယ်နိုင်ကိုနိုင်မယ်ဆိုပြီး ပုံသေတွက်တဲ့ဗျူဟာမျိုးကို ရှောင်ကျဉ်ပါ။ ကံတရား (သို့) ဖြစ်တန်စွမ်းအပေါ်မှုတည်ပြီး ကိုယ်ပုံသေမှတ်ထားတဲ့ ဗျူဟာကပျောက်သွားနိုင်တာမို့ ပုံသေမတွက်ပဲ ရေရှည်ဖြစ်တန်စွမ်းနဲ့တွက်ပါ။ ရှုံးပြီးသွားတဲ့အခါတိုင်းမှာ လောင်းကြေးလျော့ပြီး ကိုယ့်ဗျူဟာထဲကိုဝင်လာတာနဲ့ လောင်းကြေးတဖြေးဖြေးခြင်းတင်တာမျိုးက အလုံခြုံဆုံးပါပဲ။

A, K , Q , J တို့လို High Card တွေက ကိုယ့်အတွက်ပိုပြီး ဖြစ်တန်စွမ်းတိုးလေ့ရှိတာမို့ ဒီကဒ်တွေကိုယ့်စီမှာ မကြာခဏပေါ်နေမယ်ဆိုရင် လောင်းကြေးတိုးဆော့ပါ။ ကိုယ့်ရဲ့အနိုင်ရနိုင်တဲ့ဖြစ်တန်စွမ်း Pattern ကိုမြင်သွားပြီဆိုတာနဲ့ ဘယ်အိမ်မျိုးဆို လောင်းကြေးကောင်းကောင်းတင်လိုက်သင့်တယ် ဆိုတာကို မြင်လာမှာဖြစ်ပါတယ်။

Insurance ထားခြင်းကိုရှောင်ကျဉ်ပါ

ဒိုင်ရဲ့ ကဒ်တစ်ကဒ်က Ace A ဖြစ်နေမယ်ဆိုရင် ဒိုင်က Blackjack ဖြစ်နိုင်တာမို့ အာမခံထားဖို့အခွင့်အရေးပေးပါတယ်။ အဲ့အခါမှာ ဒိုင်က Blackjack ဖြစ်မဖြစ် ဘေးကလောင်းရတဲ့သဘောပါ။ ဒိုင်ကသာ Blackjack ဖြစ်နေမယ်ဆိုရင် ကိုယ့်အိမ်ကရှုံးပေမယ့် ဘေးလောင်းထားတဲ့အတွက် လျော်ကြေးပြန်ရပါတယ်။ ဒါကကိုယ့်အတွက် ခဏပဲဆော့မယ်ဆိုရင်တော့ လောင်းကြေးပြန်ကာမိစေပေမယ့် ရေရှည်ထိုင်ဆော့မယ်ဆိုရင်တော့ ရှောင်သင့်ပါတယ်။ စဆော့ခါစကစားသူတွေက ဒိုင်ရဲ့မှောက်ထားတဲ့တစ်ကဒ်က 10 တန်ဖိုးရှိတဲ့ကဒ်ဖြစ်မလား မဖြစ်လားဆိုတာကို မမှန်းနိုင်ကြပါဘူး။ ရေရှည်ထိုင်ဆော့နေသူတွေကတော့ ကဒ်အသွားအလာကိုကြည့်ပြီး ဘာဖြစ်နိုင်လဲသိတာမို့ ဘေးလောင်းကြေး Insurance တင်လေ့မရှိကြပါဘူး

Leave a Reply

Your email address will not be published. Required fields are marked *

Fill out this field
Fill out this field
Please enter a valid email address.
You need to agree with the terms to proceed

Menu