Blackjack နဲ့Roulette ဂိမ်းတွေဟာ လူကြိုက်များတဲ့ကစားနည်းတွေပါ။ အလယ်အလတ်ကာစီနိုတွေ၊ ကာစီနိုရုံကြီးတွေမှာတင်မကပဲ အွန်လိုင်းကာစီနို တွေမှာကစားနိုင်တဲ့ ကစားနည်းတွေအဖြစ် လူသိများပါတယ်။ ကာစီနိုတွေဟာ ဂိမ်းနှစ်ခုလုံးအတွက်ရွေးချယ်စရာများများနဲ့ကစားလို့ရအောင်စီစဉ်ထားကြပါတယ်။ အကယ်၍ သင်ဟာ ဒီဂိမ်းနှစ်ခုထဲကတစ်ခုပဲကစားခွင့်ရမယ်ဆိုရင် ဘယ်ဂိမ်းကိုရွေးချယ်မလဲ? ဒါဆိုရင် ဒီဂိမ်းတွေဟာ ဘာကြောင့်ကောင်းမွန်တဲ့ဂိမ်းတွေဖြစ်ရသလဲဆိုတာကြည့်လိုက်ရအောင်။

Blackjackကိုဘာကြောင့်ကစားသင့်လဲ?

Blackjackဟာ ဒိုင်ကိုအနိုင်ရရှိဖို့အတွက် ၂၁ပေါက် ရသည်အထိ ဖဲကဒ်ဆွဲပြီးဖဲခြင်းယှဉ်ရတဲ့ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Blackjackမှာ အနိုင်ရရှိဖို့ဆိုရင် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေနဲ့ နည်းဗျူဟာတွေလိုအပ်ပါတယ်။ သင့်အတွက်ပထမဆုံးဖဲကဒ်၂ကဒ်ကို ရပြီးတာနဲ့ သင်ရရှိတဲ့ဖဲတွေကို ပိုကောင်းလာအောင်လုပ်ပြီး ဒိုင်ကိုအနိုင်ရရှိစေဖို့ လုပ်ဆောင်ရပါမယ်။ ဒါပေမယ့် ထပ်ယူလိုက်တဲ့ဖဲတွေဟာသင့်ဖဲအိမ်ကို၂၁ပေါက်ထက် ကျော်လွန်စေမယ် ဆိုရင်တော့ သင်ရှုံးနိမ့်သွားပါပြီ။Blackjackမှာ ဖဲထုပ်(၈)ထုပ်အထိ အသုံးပြုပါတယ်။ ကစားသမားအများအပြား ပါဝင်ကစားနိုင်ပြီး ကစားသမားအားလုံးဟာ ဒိုင်ကိုဦးတည်ထားပြီး အနိုင်ရရှိအောင်လုပ်ရမှာဖြစ်တဲ့အတွက် စည်းလုံးညီညွတ်မှုကလည်း လိုအပ်ပါတယ်။ ကံကောင်းပြီး စစချင်းဖဲကဒ်တွေမှာပဲ ၂၁ပေါက်ရရှိခဲ့မယ်ဆိုရင်တော့ ဒိုင်ဟာလောင်းကြေးငွေကို ၁ဆခွဲပြန်ပေးမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ ၂၁ပေါက်မဖြစ်ခဲ့ဘူးဆိုရင် သင်ဟာ ပထမဆုံးဖဲဆွဲရမှာဖြစ်ပြီး ရပ်မလား၊ဖဲဆွဲမလားဆိုတာ သင့်ရဲ့ဆုံးဖြတ်ချက်အပေါ်မူတည်ပါတယ်။ ကစားသမားအားလုံးအပြီးမှာ ဒိုင်ရဲ့အလှည့်ကိုရောက်မှာဖြစ်ပြီး ၁၇ပေါက်ပြည့်ရင် ဒိုင်ဖဲဆွဲတာရပ်မှာပါ။

သင်၂၁ပေါက်ရရှိမှာ အနိုင်ရရှိမယ်လို့ သတ်မှတ်ထားတာမဟုတ်တဲ့အတွက် ဒိုင်ထက်ပိုကောင်းတဲ့ဖဲပဲ ဖြစ်ဖြစ် ၂၁ပေါက်နဲ့နီးစပ်တဲ့ဖဲတန်ဖိုးပဲဖြစ်ဖြစ်ရရှိခဲ့လို့ရှိရင် အဆင်ပြေပါတယ်။ သင့်ဆုံးဖြတ်ချက်ကပဲ အနိုင်ရရှိစေနိုင်သလို သင့်ဆုံးဖြတ်ချက်ကပဲ သင့်ကိုရှံးနိမ့်စေနိုင်ပါတယ်။ ဒီအချက်ကပဲ Blackjack ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ဂိမ်းတစ်ခု ဖြစ်စေတာဖြစ်ပြီး လူကြိုက်များလာစေပါတယ်။ မှန်ကန်တဲ့နည်းဗျူဟာ၊ ဆုံးဖြတ်ချက်တွေသာဆိုရင် ဒိုင်ရဲ့အနိုင်ရနိုင်ချေနှုန်းကို ၀.၅ရာခိုင်နှုန်းအထိလျော့ချနိုင်ပါတယ်။ (ဒီအချက်ဟာ Blackjackခုံရဲ့စည်းမျည်းကိုမူတည်ပြီး ကွဲပြားနိုင်ပါတယ်။)

Rouletteကိုဘာကြောင့်ကစားသင့်သလဲ?

Roulette ဟာ Table Game တစ်ခုဖြစ်ပြီး သူ့မှာသက်ဆိုင်ရာနေရာအလိုက် ဂဏန်းတွေ ပိုင်းခြားရေးထားတဲ့ ဘီးတစ်ခုပါဝင်ပါတယ်။ ဒီဘီးဟာ ဦးတည်ရာတစ်ဖက်ကိုလည်နေပြီး သူနဲ့ဆန့်ကျင်ဘက် ဦးတည်ရာကိုတော့ ဘောလုံးတစ်လုံးကလည်နေပါတယ်။ ဒီဘောလုံးလေးဟာ အချိန်အတိုင်းအတာတစ်ခု ရောက်တဲ့အခါ အားပျော့ပြီး ဘီးပေါ်ကဂဏန်းတစ်ခုအပေါ်ကျပါတယ်။ သင်ကကျသွားတဲ့ဂဏန်းရဲ့ သက်ဆိုင်ရာအကွက်တွေမှာ လောင်းကြေးထည့်ထားမယ်ဆိုရင်တော့ သင်အနိုင်ရရှိမှာပါ။ Blackjackနဲ့ကွာခြားတာက Rouletteမှာ သင့်အနေနဲ့ကစားပွဲရဲ့ရလာဒ်ကို ပြောင်းလို့မရပါဘူး။ ဆိုလိုတာက သင်လိုချင်တဲ့ဂဏန်းရအောင် ဘယ်လိုဆုံးဖြတ်ချက်တွေ၊ဘယ်လိုနည်းဗျူဟာတွေနဲ့မှ ပြောင်းလဲလို့မရပါဘူး။ သင်လုပ်နိုင်တာကတော့ လောင်းကြေးထည့်၊ ဘောလုံးဘယ်ဂဏန်းကိုကျမလဲစောင့်ကြည့်၊ သင်ထိုးထားတဲ့ ဂဏန်းကျပါစေဆုတောင်းနိုင်ရုံပါပဲ။ Roulette မှာ European Rouletteနဲ့ American Roulette ဆိုပြီး အဓိကအားဖြင့်၂မျိုးရှိပါတယ်။ ၂ခုလုံးမှာ ၁ကနေ၃၆အထိ ဂဏန်းတွေ၊ အနီနဲ့အနက်အရောင်တွေပါဝင်ပြီး ကွဲပြားနေတာကတော့ European Rouletteမှာ သုညတစ်လုံးပဲပါဝင်ပြီး American Rouletteမှာတော့ သုည၂လုံးပါဝင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် European Rouletteမှာ ဇယားကွက် ၃၇ ကွက်ရှိပြီး American Rouletteမှာတော့ ဇယားကွက်၃၈ကွက် ရှိတဲ့အတွက် European Rouletteဟာ သင့်အတွက်အနိုင်ရရှိဖို့ အခွင့်အရေး ပိုများပါတယ်။ European Rouletteမှာ ဒိုင်ရဲ့အနိုင်ရနိုင်ခြေနှုန်း ၂.၇၀ရာခိုင်နှုန်း ရှိတဲ့အချိန်မှာ American Rouletteမှာတော့ ဒိုင်ရဲ့အနိုင်ရနိုင်ခြေနှုန်း ၅.၂၆ရာခိုင်နှုန်း အထိရှိပါတယ်။          Rouletteအတွက်လောင်းကြေးထည့်တဲ့နေရာမှာ ဂဏန်းတစ်ခုတည်းကို လောင်းကြေးထည့်နိုင်ရုံ သာမကပဲ အနီအနက်၊စုံမ၊အကြီးအသေးစတာတွေပါ လောင်းကြေးထည့်လို့ရပါတယ်။ ဂဏန်းတစ်ခုတည်းကို လောင်းကြေးထည့်ခြင်းက လျော်ကြေးအဆများသော်လည်း အနိုင်ရရှိဖို့ခက်ခဲနိုင်ပါတယ် တစ်ဖက်မှာလည်း ဂဏန်းအများအပြားလောင်းကြေးထည့်ခြင်းက လျော်ကြေးအဆနည်းသော်လည်း အနိုင်ရရှိဖို့များပါတယ်။         

 

ဒီတော့ဘာကိုရွေးချယ်ကြမလဲ? သင်ဟာ ဒီဂိမ်းနှစ်ခုထဲကတစ်ခုပဲကစားခွင့်ရမယ်ဆိုရင် ဘယ်ဂိမ်းကိုရွေးချယ်မလဲ? Blackjack ကစားပြီး ၂၁ပေါက်ရအောင် ကြိုးစားကာ ဒိုင်ကိုအနိုင်ယူမလား? ဒါမှမဟုတ် Roulette ကစားပြီး သင်ထိုးထားတဲ့ဂဏန်းတွေပေါ် ဘောလုံးလေးကျမလားဆိုတာ ရင်ခုန်စွာစောင့်ဆိုင်းပြီး ကစားမလား?          သင်ဟာ ပိုကောင်းတဲ့အခွင့်အရေးတွေ၊ရလာဒ်တွေလိုချင်တယ်ဆိုရင်တော့ Blackjack ဟာ အကောင်းမွန်ဆုံးအဖြေပါပဲ။ ဒါပေမယ့် သင့်အနေနဲ့ အခြေခံနည်းဗျူဟာတွေ၊ စည်းမျဉ်းတွေတော့ နားလည်ဖို့အပ်ပါတယ်။ တစ်ဖက်မှာလည်း သင့်သာကံကိုယုံကြည်ပြီးကစားချင်တယ်ဆိုရင်တော့ Roulette ဟာ အကောင်းဆုံးအဖြေပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

Fill out this field
Fill out this field
Please enter a valid email address.
You need to agree with the terms to proceed

Menu