User-uploaded image: image.png

Casino ဆိုတာ မီးရောင်စုံတွေကြားမှာ လူတွေစည်ကားစွာနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ နေရာတစ်ခုပါ။ ခြေတစ်လှမ်းလှမ်းပြီးဝင်လိုက်ပြီဆိုတာနဲ့ အားလုံးကပျော်ရွှင်စွာနဲ့ ကစားနေကြတဲ့ ကစားနည်းတွေကို စမ်းကြည့်ချင်သွားမှာပါ။ အခုမှ Casino ရောက်ဖူးတယ်ဆိုတဲ့သူတောင်မှ အရောင်တွေနဲ့ခွဲပြီး စက်တွေ၊ စကားအသုံးအနှုန်းတွေကို စိတ်ထဲစွဲနေမှာအမှန်ပါပဲ။ အကောင်းဆုံးကတော့ လူတွေအများကြီးနဲ့တွေ့ရတယ်။ ကာစီနို တစ်ခုမှာ အသိုင်းအဝိုင်းမတူတဲ့ လူမျိုးစုံက တစ်နေရာထဲမှာ လူစုပြီး ပျော်ပျော်ရွှင်ရွှင် ကစားနေကြတာကို တွေ့ရမှာပါ။

Casino သွားတဲ့လူတိုင်းက Gamble လုပ်ပြီးကစားဖို့ သီးသန့်ပဲတော့မဟုတ်ဘူးဗျ။ တစ်ချို့ကလဲ သူငယ်ချင်းတွေနဲ့သောက်စားရင် အေးဆေးနေဖို့သွားတယ်။ တစ်ချို့ကြတော့လဲ ကစားချင်တာမဟုတ်ပဲ Professional ကစားသမားတွေ ကစားတာကိုကြည့်ချင်လို့ သီးသန့်ကို သွားကြတာတွေလဲရှိတယ်။ သေချာလိုက်ကြည့်မယ်ဆိုရင် ကာစီနို မှာရှိနေတဲ့လူတွေထဲမှာ အမျိုးအစားတွေအများကြီးကွဲသွားမှာပါ။ ဒါပေမယ့်ဒီနေ့မှာတော့ ဘယ်အချိန်၊ ဘယ်နေ့ပဲဖြစ်ဖြစ် Casino တစ်ခုမှာ တွေ့ကိုတွေ့ရနိုင်တဲ့ ကစားသမားအမျိုးအစား 8 မျိုးကိုမိတ်ဆက်ပေးလိုက်ပါတယ်။

1. စိတ်အားထက်သန်တဲ့ လခစားလူငယ်

ဒီလိုလူမျိုးတွေက များသောအားဖြင့် အသက် 20 နဲ့ 30 ကြားမှာရှိပြီးတော့ Corporate ရုံး ဝန်ထမ်းတွေပေါ့။ သူတို့က ကျောင်းပြီးထားတာ မကြာသေးသူတွေ၊ အလုပ်ဝင်ခါစတွေများတယ်။ ရတဲ့လခ တွေကိုစုပြီး အလုပ်ကပင်ပန်းသမျှတွေကို ဖြေဖျောက်ဖို့အတွက် ကာစီနို မှာလာပြီးအချိန်ကုန်တတ်ကြတာပေါ့။ တစ်ခါတစ်လေ သူတို့က Slot ကစားတယ်၊ တစ်ခါတစ်လေ အရဲစွန့်ပြီး Roulette တို့ Blackjack တို့ကစားလေ့ရှိကြတယ်။

2. ကံကောင်းတဲ့လူသစ်

ဒီလိုလူမျိုးကတော့ အသက် 30 ဝန်းကျင်ဘက်ပိုရောက်ပါတယ်။ သူကအမြဲတမ်း သူ့ကံတရားကိုစမ်းကြည့်ချင်နေတာဖြစ်ပြီးတော့ ပိုက်ဆံစုမိတဲ့အခါမှာ ကာစီနို ကိုနောက်ဆုံးရောက်လာခဲ့ပြီပေါ့။ အရင်ဆုံး Slot ကစားကြည့်လိုက်ပြီး အနိုင်တွေရလာတဲ့အခါမှာ Poker table ကိုပြောင်း၊ Poker ကနေထပ်ပြီးရလာ.. အဲ့လိုနဲ့ လည်ပတ်သွားတာပေါ့။ သူ့ရဲ့လူသစ်ကံကောင်းမှု (Beginner’s luck) ကတခြားကစားသမားတွေကို စိတ်အနှောက်ယှက်ဖြစ်စေနိုင်ပေမယ့်လဲ သူ့အမှားမဟုတ်တော့ သူကတော့ ဂရုစိုက်မှာမဟုတ်ပါဘူး။ ကံတရားက သူ့ဘက်မှာရှိနေချိန် ပျော်ပျော်ကြီး သူ့အိမ်မက်အတိုင်း Casino မှာကစားနေတော့မှာပါ။

3. Slot Machine တွေနားက ခေတ်ရေစီးကြောင်းမပြတ်တဲ့ ဖိုးဖိုး၊ဖွားဖွားတွေ

ဖိုးဖိုး၊ ဖွားဖွားအသက်ရွယ်တွေရဲ့ Romantic Getaway ခရီးတိုက Casino ကိုဖြစ်ကြတာများပါတယ်။ သူတို့တစ်ညလုံးအဲ့မှာ Slot မျိုးစုံကစားပြီး အချိန်ကုန်ဆုံးကြတာပေါ့။ သူတို့ကများသောအားဖြင့် ဝတ်စုံဆင်တူဝတ်ထားကြလိမ့်မယ်။ အနိုင်ရတဲ့ Coin တွေအကုန်သိမ်းဖို့ အိတ်ကလေးတွေ ဆောင်ထားကြလိမ့်မယ်။ သူတို့ကအဓိကတော့ အနိုင်ရဖို့ကြီးပဲမဟုတ်ပဲ တစ်ယောက်နဲ့တစ်ယောက်အဖော်ပြုပြီး Slot ကပေးနိုင်တဲ့ ဖျော်ဖြေမှုကို အပြည့်အဝခံစားချင်သူတွေသာဖြစ်ပါတယ်!

4. စိတ်ညစ်နေတဲ့ Gentleman/ Lady

သူကတစ်ယောက်ထဲ ကာစီနို ထဲကိုဝင်လာပြီး စိတ်ညစ်/ အထီးကျန်တဲ့ မျက်နှာမျိုးရှိနေလိမ့်မယ်။ အရင်ဆုံး Bar ကိုသွားပြီး သောက်စရာအရင်မှာမယ်။ သူ့ရဲ့ညစ်နေတဲ့စိတ်တွေကို သောက်ပြီးမျှောချလိုက်ပြီးရင်တော့ Table ဝိုင်းတွေမှာသွားပြီး စကစားတော့မယ်။ သူ့ရဲ့နဂို စိတ်ညစ်နေတဲ့အခံကြောင့် Negative energy တွေဖြစ်နေတာမို့လို့ တစ်ကယ်လို့ ဆက်တိုက်ရှုံးတဲ့အခါမျိုးနဲ့သာကြုံခဲ့ရင် သူ့အတွက် ပိုပြီးတော့တောင် စိတ်ညစ်ရမှာပါ။

5. ပိုက်ဆံရဖို့အတွက်ကစားတဲ့သူ

ဒီလိုလူမျိုးကကြတော့ ကာစီနို ထဲကိုဝင်လာပြီဆိုတာနဲ့ Table ဝိုင်းတွေစီ တန်းသွားတယ်။ သူက Roulette နဲ့စပြီးတော့ ကံမကောင်းစွာနဲ့ သူ့လောင်းကြေးတစ်ဝက်လောက်ဆုံးရှုံးလိုက်ရတယ်။ ဒါပေမယ့်ကျန်တဲ့လောင်းကြေးနဲ့ဆက်ပြီး poker ဝိုင်းကိုသွားပြီး အကုန်တင်လိုက်တယ်၊ ထပ်ရှုံးတယ်။ အဲ့နောက်မှာတော့ Bar ဘက်ကိုရောက်လာပြီး ခဏသောက်ပြီးတာနဲ့ အိမ်ကိုတန်းပြန်ရတော့တာပါပဲ။ များသောအားဖြင့် ပိုက်ဆံရဖို့အတွက်ကစားသူတွေက အနိုင်ရဖို့တစ်ခုထဲကိုပဲမြင်ပြီးတော့ ကိုယ်ကစားမယ့်ကစားနည်းအတွက် ဗျူဟာမချတတ်ကြပါဘူး။

6. စိတ်ဝင်စားနေတဲ့ ကစားသမား

သူကများသောအားဖြင့်တော့ သူ့ဟာသူ ဘာလုပ်လို့လုပ်နေမှန်းမသိဘူး။ စည်းမျဉ်းတွေနားမလည်ပဲနဲ့တောင် poker ဝိုင်းမှာဝင်ထိုင်ဆော့တတ်သူပါ။ ‌Blackjack ဝိုင်းကိုသွားပြီး လောင်းကြေးတင်မယ်၊ ကစားမယ်၊ ဒါပေမယ့်အနိုင်ရဖို့ ဘယ်လိုကစားရမလဲသူမသိဘူး။ မကြာခဏဆိုသလို ဒီလိုလူများကို Bar မှာတွေ့ရပြီးတော့ တခြားကစားသမားတွေကို ကစားနည်းရှင်းပြဖို့ အကူအညီတောင်းနေတာကို တွေ့ရမှာပါ။ မကြာခဏဆိုသလိုပဲ ကစားနည်းစာအုပ်ကိုကိုင်ပြီး Blackjack ကစားနေတာကိုလဲတွေ့နိုင်ပါတယ်။ တစ်ခါတစ်လေ ဒီလိုကစားသူမျိုးကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပေမယ့် ကျွန်တော်တို့အားလုံး ဒီအဆင့်ကိုကျော်ဖြတ်ခဲ့ကြရတာပဲမဟုတ်လား?

7. စားပွဲထိုး / Bartender

သူတို့ကတော့ ကစားနည်းမျိုး၊ ကစားသမားမျိုးစုံအကြောင်း နောကြေနေသူတွေပါ။ ကာစီနို တစ်ခုမှာမိုးလင်း မိုးချုပ် ဘာတွေဖြစ်တယ်ဆိုတာကို ရှုထောင့်စုံက သိနေသူတွေ။ ပုံမှန်လာကစားသူတွေကိုဆိုရင် နာမည်တွေပါမှတ်မိပြီး တရင်းတနီးနှုတ်ဆက်နေတာတွေ့ရမှာပါ။ သူတို့က ကစားသူတွေရဲ့ ကစားပုံ Style, အားသာချက်, အားနည်းချက်, တွေးပုံတွေကို သိကြတယ်။

8. အရမ်းမိုက်တဲ့တစ်ယောက်၊ အကုန်သိတဲ့တစ်ယောက်

သူကတော့ မြင်လိုက်တာနဲ့ဘောစိပုံစံရှိပြီးတော့ ပိုက်ဆံတွေအများကြီးပိုက်ပြီး ကစားပွဲကို Join တတ်တယ်။ ရှုံးလဲအရေးမကြီးဘူး၊ အရေးကြီးတာက သူ့ပိုက်ဆံအုပ်ကြီးကို လူတွေသတိထားမိစေဖို့ပဲ။ သူက Table တစ်ခုပြီးတစ်ခု၊ ကစားနည်းတစ်ခုပြီးတစ်ခု ခုံကူးပြီးပျော်ပျော်ကြီးကစားနေတတ်သူပါ။ ပုံမှန်ကစားသများတွေလိုပဲ သူ့မှာလဲ နိုင်တဲ့အခါရှိသလို ရှုံးတဲ့အခါလဲရှိတာပေါ့။ ဒါပေမယ့်သူကတော့ ကစားနည်းတွေအကုန်လုံးအကြောင်းကို သူအပြည့်အဝနားလည်ပြီးတော့ အေးဆေးအနိုင်ယူနိုင်တယ်လို့ ယုံကြည်ထားတတ်ပါတယ်။ ဒါပေမယ့်တစ်ကယ်တမ်းတော့ အဝေးကြီးပါ။

ကဲ.. ဒါတွေကတော့ ကိုယ်တိုင် Gamble မလုပ်ရင်တောင် ကာစီနို တစ်ခုမှာတွေ့နေကြ လူမျိုးတွေပါ။ ကိုယ်တွေ့ရတဲ့လူမျိုးတွေကြောင့် ကာစီနို အတွေ့အကြုံကို မမေ့နိုင်ပဲစွဲသွားစေနိုင်ပါတယ်။ ဒီလိုလူမျိုးတွေက Land-based Casino တွေမှာပဲမဟုတ်ပဲ Online Casino တွေမှာပါ တွေ့ရမယ့်လူမျိုးတွေဖြစ်ပါတယ်။ ဒါကြောင့် နောက်တစ်ခါ Casino သွားရင် သတိထားပြီးကြည့်ကြည့်လိုက်နော်!

Leave a Reply

Your email address will not be published. Required fields are marked *

Fill out this field
Fill out this field
Please enter a valid email address.
You need to agree with the terms to proceed

Menu