နာမည်ကြီး Atlantic City က Casino တွေကိုအခြေခံထားတဲ့ Casino ကစားနည်းတွေကိုပဲ ကစားဖူးမယ်ဆိုရင် ကိုယ်အသုံးပြုနေတဲ့ Casino Chip ပြားတွေအကြောင်းကိုသိပ်တွေးဖြစ်ခဲ့မယ်မထင်ပါဘူး။

Atlantic City မှာတော့ Casino တွေက 1$ Chip ပြားအတွက်ကို အဖြူရောင်၊ 2.50$ Chip ပြားအတွက်ကို ပန်းရောင်၊ 5$ Chip ပြားအတွက်ကို အနီရောင်၊ 25$ Chip ပြားအတွက်ကို အစိမ်းရောင် အစရှိသဖြင့်ပေါ့ အသုံးပြုခဲ့ကြပါတယ်။ Jersey ဘက်မှာ ဒီလိုသုံးကြပေမယ့် တခြားနေရာတွေမှာတော့ ပြောင်းလဲမှုတွေရှိကြပါတယ်။

Nevada မှာဆိုရင် အနီရောင် 5$ Chip တွေနဲ့ အစိမ်းရောင် Quarter တွေကို အများဆုံးမြင်ရမှာပါ။ ဒါပေမယ့် ဘယ်အရောင်ကို ဘယ်မှာသုံးရမယ်ဆိုတဲ့ တိကျတဲ့ စည်းမျဉ်းမရှိပါဘူး။ နှစ် 30 လောက်အကြာတုန်းကဆိုရင် 1$ Chip ပြားတွေကိုပဲ အဖြူရောင်၊ အဝါရောင်၊ မီးခိုးရောင်၊ အပြာရောင်၊ အညိုရောင် အပြင် အနက်ရောင် အနေနဲ့တောင် တွေ့မြင်နိုင်ခဲ့ပါတယ်။ အဲ့ထက်အစောပိုင်းကာလတွေမှာဆိုရင် Casino တွေက Eisenhower dollars Coin ပြားတွေကိုအသုံးပြုခဲ့ကြတယ်။ အဲ့မတိုင်ခင်မှာဆိုရင် တစ်ကယ့် ငွေသားနဲ့လုပ်ထားတဲ့ Dollar တွေကိုအသုံးပြုခဲ့ကြတာဗျ။ မြင်ယောင်ကြည့်လို့ရလား!

သိသိသာသာကွဲပြားသွားဖို့အတွက်ကိုတော့ Casino တွေက ကိုယ်ပိုင်အရောင်တွေ သုံးခဲ့ကြပါတယ်။ Harrah’s က 1980s မတိုင်ခင်အထိ အဖြူရောင် Chips တွေကိုအသုံးပြုခဲ့ကြတယ်။ ဒီနေ့ခေတ်မှာတော့ 1$ Chip တွေကအဖြူရောင်ဆိုတာကို တော်တော်လေး ပုံမှန်အနေနဲ့ပြောလို့ရနေပါပြီ။

တစ်ချို့ Casino တွေက သူတို့ရဲ့ Table Game Sign တွေကို Color-code လုပ်တတ်ကြပြီးတော့ အဓိကရည်ရွယ်ချက်ကတော့ အဲ့ Table အတွက် အနည်းဆုံး Bet အတွက် Chip ပြားရဲ့အရောင်ကွဲပြားမှုနဲ့ကိုက်ညီသွားအောင်လို့ပါ။ ဒီလိုဆိုတော့ Sign အရောင်ကိုပဲ လှမ်းကြည့်လိုက်ပြီး အနည်းဆုံးလောင်းကြေးကိုသိနိုင်တာပေါ့။ Casino အများစုမှာ အသုံးပြုတဲ့ Chip ပြားအရောင်တွေကတော့ အတူတူပါပဲ။ Color ကွဲပြားမှုတွေကတော့ :
1.        One dollar အတွက် အဖြူ (သို့) အပြာရောင် Chip ပြား

2.        Five dollars အတွက် အနီရောင် Chip ပြား (Nickle လို့လဲခေါ်ပါတယ်) ‌

3.        Twenty-five dollars အတွက် အစိမ်းရောင် Chip ပြား ( Quarters လို့လဲခေါ်ပါတယ်)

4.        One hundred dollars အတွက် အမည်းရောင် Chip ပြား

5.        Five hundred dollars အတွက် ခရမ်းရောင် Chip ပြား (Barneys လို့လဲခေါ်ပါတယ်)

6.        One thousand dollars အတွက် လိမ္မော်ရောင် Chip ပြား (Pumpkins လို့လဲခေါ်ပါတယ်)

ဘာလို့ပြဿနာစလာခဲ့တာလဲ?

90s ပြည့်နှစ်နောက်ပိုင်းမှာ Las Vegas က one dollar chip ပြားတွေကို အမည်းရောင်နဲ့ စထုတ်ခဲ့ပါတယ်။ ဒါက $100 အတွက် Chip အပြားအမည်းသုံးနေတဲ့ ကာစီနို တွေအတွက်တော့ အနှောက်အယှက်ဖြစ်စေခဲ့တာပေါ့။ တစ်ချို့လူလိမ်တွေဆိုရင် $100 အမည်းရောင် Chip ပြားအစားကို One Dollar Chip ပြားအစားထိုးတာတွေလုပ်လာကြပါတယ်။ ဖြစ်လာတဲ့ရလဒ်ရဲ့ သက်ရောက်မှုက မသေးတာကြောင့် Casino ကသူတို့ရဲ့ Chip ပြား Color သတ်မှတ်မှုကို ပြန်စဉ်းစားခဲ့ကြရပါတယ်။ 

ဘာလို့ ကာစီနို တွေကမတူတဲ့ Chip Color တွေကိုအသုံးပြုလဲဆိုရင် Dealer တွေ၊ Pit Bosses တွေ၊ Surveillance အလုပ်သမားတွေအတွက် ဘယ်ကစားသမားက ဘယ်လောက် Betting တင်နေလဲဆိုတာကို လွယ်လွယ်ကူကူကြည့်လို့ရအောင်လို့ပါ။ Casino Chip တွေစုဆောင်းသူတွေအတွက်လဲ ပျော်ဖို့ကောင်းတာပေါ့!

Chip ပြားအရောင်တွေနဲ့ Table Sign ရဲ့အရောင်ကို အမြန်တစ်ချက်ကြည့်လိုက်တာနဲ့ ဒီ Table ရဲ့ အနည်းဆုံး Bet ကိုလွယ်လွယ်ကူကူပဲပြောလို့ရလာပါတယ်။ အနီရောင် Sign က five-dollar table ကိုဆိုလိုပြီး အစိမ်းရောင် Sign နဲ့ Table က အနည်းဆုံးလောင်းကြေး twenty-five dollars ရှိတယ်လို့ဆိုလိုပါတယ်။ ဒါကကစားသူတွေအတွက် အဆင်ပြေစေတာပေါ့။ တစ်ချို့ Table တွေမှာဆိုရင် 10$, 15$ ပွဲတွေအတွက်ကို Chip color တွေနဲ့ အနည်းဆုံးလောင်းကြေးတွေနဲ့ မကိုက်တာမျိုးတွေလဲရှိတယ်။ ကိုယ်တစ်ကယ်လုပ်ရမှာက ကိုယ်သွားတဲ့ ကာစီနို ကဘယ်လို Color Sign သုံးတယ်ဆိုတာကို သိဖို့ပါပဲ။ ပြီးရင် နောက်တစ်ခေါက်အတွက်ကို မှတ်ထားပါ။ Connecticut ပိုင်းက ကာစီနို တွေက Ten-Dollar Table တွေအတွက်ကို အဝါရောင်၊ fifteen-dollar table ‌တွေအတွက်ကို လိမ္မော်ရောင် သုံးပါတယ်။

Roulette Chips

Roulette Table အတွက်ကိုတော့ တခြား Table တွေမှာအသုံးပြုတဲ့ Chip တွေကိုပဲသုံးနိုင်ပါတယ်။ ကိုယ်က Inside number တွေကိုပဲအများဆုံးဆော့သွားမယ်ဆိုရင် Dealer က Color တစ်ခု Offer လုပ်ပေးပါလိမ့်မယ်။ ဆိုလိုတာက ကိုယ်ပိုင်ဆိုလိုရင်းအရောင်တွေနဲ့ Chip ပြားတွေသီးသန့်ရမှာပါ။ စံထားတဲ့တန်ဖိုးကတော့ $1ပဲ၊ ဒါပေမယ့် ကိုယ်လိုချင်တဲ့ ဘယ်တန်ဖိုးမဆိုယူလို့ရပါတယ်။ ကစားလို့ပြီးသွားရင်တော့ တခြားဘယ်မှမသွားပဲ ဒီ Table မှာပဲ ငွေသားနဲ့လဲသွားရမှာပါ!

ကစားသူတွေကဘာလို့ မတူတဲ့ Color နဲ့ Chip ပြားတွေရကြတာလဲဆိုရင်တော့ ဘယ်အနိုင်ရနေတဲ့နံပါတ်က ဘယ် ကစားသူတင်ထားတဲ့ Bet လဲဆိုတာ တန်းသိအောင်လို့ပါ။ ဒါကတော့ Roulette ကစားရင်ဘယ်လောက်အရေးကြီးလဲ သိမှာပါ!

Leave a Reply

Your email address will not be published. Required fields are marked *

Fill out this field
Fill out this field
Please enter a valid email address.
You need to agree with the terms to proceed

Menu