User-uploaded image: image.png

Dragon Tiger ကစားနည်းကိုအနီးစပ်ဆုံးပြောရရင် Casino War နဲ့ Baccarat တို့နဲ့အတော်ဆင်တူပါတယ်။ Baccarat ရဲ့လောင်းကြေးစနစ်ကိုသုံးပြီးတော့ Casino War ရဲ့စည်းမျဉ်းတွေနဲ့ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီမှာကတော့ တစ်အိမ်ကို ကဒ်၂ကဒ်စီနဲ့ပဲ ကစားရတာဖြစ်ပြီးတော့ Tiger အိမ်နဲ့ Dragon အိမ် ၂ဖက်ပဲရှိတာပါ။ ပြောရရင်တော့ Card Game တွေထဲမှာအတော်လေးကို ရိုးရှင်းပြီးလွယ်ကူတယ်လို့ပြောလို့ရတယ်ဗျ။ ကစားသူတွေက ကဒ်တွေကိုင်ပြီးပေါင်းစရာမလို ခေါင်းစားနေစရာမလိုပဲဆော့ကစားနိုင်တာဖြစ်တဲ့အတွက် သာသာယာယာပဲ လွယ်ကူစွာနဲ့ကစားနိုင်ပါတယ်။ အထူးသဖြင့်တော့ ကဒ်ကစားနည်းကို အခုမှလေ့လာနေတဲ့ ကစားသူအသစ်တွေအတွက်ပေါ့။

အကောင်းဆုံးကတော့ Dragon (သို့) Tiger ဘက်ကိုပဲလောင်းပါ

ဒီလိုပြောရင် ရယ်စရာတော့ကောင်းနေနိုင်ပါတယ်။ Dragon နဲ့ Tiger ပဲရှိတာကိုသူတို့ကိုမလောင်းလို့ ဘာလုပ်ရမှာလဲလို့ မေးခွန်းထုတ်နိုင်စရာရှိပါတယ်။ သူတို့ကြားထဲမှာ Tie(သရေ) လိုမျိုးရွေးချယ်စရာတွေကျန်နေပါသေးတယ်။ ဗျူဟာတွေချ၊ အနိုင်အရှုံးတွေတွက်ချက်ပြီးတော့ အာရုံများမနေပဲ ရိုးရိုးလေးကစားချင်တဲ့ ကစားသူတွေအတွက်ကတော့ Dragon နဲ့ Tiger ကိုပဲလောင်းသင့်ပါတယ်။ ဒီလောင်းကြေးတွေအတွက် Casino ဘက်ကို 3.73% ပဲရှိတာဖြစ်တဲ့အပြင်ကို လောင်းကြေးတွေထဲမှာ အနည်းဆုံးလဲလောင်းလို့ရတဲ့ ရွေးချယ်မှုဖြစ်လို့ပါ။ ပွဲမစခင်မှာ Dragon ဘက်ကပိုမြင့်မလား Tiger ဘက်ကပိုမြင့်မလား ခန့်မှန်းပြီး တစ်ဖက်ဖက်ကိုသာလောင်းလိုက်ပါ။ ဒီလောင်းကြေးအတွက် ညီမျှတဲ့လျှော်ကြေးပြန်ရမှာပါ။


Dragon Tiger ကစားနည်းကို Live ကစားတာက ကဒ်တွေရေဖို့အတွက်အကောင်းဆုံးပါ

JDBYG လိုမျိုး Online Casino တစ်ခုမှာဆိုရင် နိုင်ငံတကာက ကစားသူတွေနဲ့အတူ Casino တစ်ခုမှာ တိုက်ရိုက်ကစားနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင် Casino တစ်ခုကိုရောက်သွားသလိုမျိုးခံစားရမှာဖြစ်ပြီးတော့ Card တွေရေတွက်ဖို့အတွက်၊ ဆွဲဖို့၊ ပေါင်းဖို့တွေ ဘာမှစိတ်ပူစရာမလိုပဲနဲ့ လွယ်ကူစွာနဲ့ပဲ လောင်းချင်တဲ့ဘက်ကို လောင်းလိုက်ရုံပါပဲ။ Casino မှာဖဲချပ်ကိုင်တဲ့ ကောင်မလေးတွေကလဲ အရမ်းကို Professional ဆန်ပြီးတော့ ဖဲချပ် Shuffle လုပ်ဖို့အတွက်လဲ စက်တွေနဲ့လုပ်ပေးလို့ အရမ်းစိတ်ချရပါတယ်။ Card တွေဝေပြီးရင်လဲ Scanner လေးနဲ့ Scan လုပ်ပေးလိုက်ရင် ကစားသူဘက်မှာ ကဒ်တွေကိုမြင်ရတဲ့အပြင် တစ်ခါထဲတွက်ပေးပြီးသားဖြစ်ပါတယ်။ ဒါ့အပြင်ကို အနိုင်အရှုံးမှတ်တမ်းကိုလဲမြင်ရတာဖြစ်လို့ ဘယ်ဘက်ကိုလောင်းရမလဲဆိုတာဆုံးဖြတ်ဖို့ အရမ်းအထောက်အကူဖြစ်ပါတယ်။


Suit-based ဗျူဟာကိုအသုံးပြုပါ

ဟုတ်ပါတယ်.. Dragon Tiger ကကံတရားပေါ်ပဲမှုတည်ပြီးကစားရတဲ့ ကစားနည်းတစ်ခုပါ။ ဒါပေမယ့်လဲ ဒီကစားနည်းကိုဗျူဟာကျကျ မကစားနိုင်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အကောင်းဆုံး Track လုပ်ဖို့နည်းလမ်းကတော့ ဘယ်လိုဖဲချပ်အတွဲတွေက ဘယ်အိမ်ဘက်ကို ကျနေတက်တယ်ဆိုတာကို လိုက်ကြည့်ဖို့ပါပဲ။ ဘယ်လိုအပွင့်တွေက ကျနေပြီးပြီဆိုတာကို Track လုပ်ထားခြင်းအားဖြင့် ဖဲအုပ်ထဲမှာကျန်တဲ့အပွင့်တွေကို ကြိုခန့်မှန်းပြီးတော့ လောင်းကြေးထပ်နိုင်ပါတယ်။ ပြီးတော့ ဘယ်အိမ်က ဘယ်နပွဲဆက်တိုက်နိုင်တယ် ရှုံးတယ်ဆိုတာကိုကြည့်ပြီးတော့ ဒီ Pattern ပေါ်မှုတည်ပြီးတော့လဲ လောင်းကြေးကို ဗျူဟာကျကျတင်နိုင်ပါတယ်။


Tie(သရေ) ကအဆိုးဆုံး ရွေးချယ်မှုပါ 

Tie(သရေ) ဆိုတာကကိုယ့်ကို 8:1 ပြန်ပေးနိုင်တာဖြစ်လို့ ကိုယ့်ကောင်း လောင်းကြေးများများပွားပေးနိုင်မယ့် ရွေးချယ်မှုတစ်ခုပါ။ ဒီလိုဆိုတော့ စိတ်ဝင်စားဖို့ကောင်းနေပေမယ့်လဲ ဒီရွေးချယ်မှုက Casino ဘက်ကို 32.77% ပေးထားတာဖြစ်တဲ့အတွက် ဖြစ်နိုင်ရင်ရှောင်တာကောင်းပါတယ်။ တွက်ချက်ရတာတော့ ရှင်းပါတယ်။ ဖြစ်နိုင်တဲ့ ဖဲအတွဲ 86,320 ရှိတဲ့အထဲမှာမှ 6,488 အတွဲသာ Tie(သရေ) ဖြစ်နိုင်တာပါ။ ဒီလိုဆိုတော့ Tie ကိုလောင်းရင် ကိုယ်ရှုံးဖို့အတွက် 79,872 အတွဲရှိနေပါတယ်။ ဒီလောက်ဆိုရင် Tie ကတော်တော်လေးကို ရွေးချယ်ရခက်တယ်ဆိုတာ သိသွားလောက်ပြီထင်ပါတယ်။ 


လောင်းကြေးစနစ်က Dragon Tiger အတွက် အသုံးမဝင်ပါဘူး

တစ်ချို့ကစားသူတွေကလောင်းကြေးစနစ်သုံးပြီးတော့ Dragon Tiger ကအရမ်းရိုးရှင်းတဲ့အတွက် လောင်းကြေးစနစ်သုံးပြီးကစားဖို့ပြောပါတယ်။ သူတို့မသိတာက လောင်းကြေးစနစ်သုံးပြီးကစားလို့ အများကြီးပြန်နိုင်လာတယ်ဆိုပြီး ပြောနိုင်တဲ့လူမရှိသေးပါဘူး။ ဒါကြောင့် နားမယောင်ပဲနဲ့ သူတို့နဲ့အတူမဟုတ်ပဲ ကိုယ်ပိုင် ဗျူဟာနဲ့ကစားတာအကောင်းဆုံးပါ။
ဒါဆိုရင် ကိုယ့်ရဲ့အနိုင်ရဖို့အတွက် အခွင့်အရေးတွေကိုမြှင့်တင်ဖို့ ready ဖြစ်ပြီလား? 

Leave a Reply

Your email address will not be published. Required fields are marked *

Fill out this field
Fill out this field
Please enter a valid email address.
You need to agree with the terms to proceed

Menu