ကမာ့္ဘဖလား ဘောလုံးပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ လူကြည့်အများဆုံးအားကစားပြိုင်ပွဲတစ်ခု ဖြစ်တာကြောင့် စိတ်ပါဝင်စားတဲ့မိတ်ဆွေအတွက် ကမ္ဘာ့ဖလား ဘာလုံးပြိုင်ပွဲသမိုင်းနဲ့ပတ်သတ်ပြီး သိသင့်သိထိုက်တဲ့ အချက်တွေကို ပြောပြသွားချင်ပါတယ်။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကျင်းပချိန်ရာက်တိုင်း ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်ကျော်ဟာ ဒီပြိုင်ပွဲကို စောင့်မျှော်ကြည့်ရှုကြပြီး အနိုင်ရရှိသူဟာ နောက်လေးနှစ်အထိ ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ ယခုဆောင်းပါးမှာတော့ FIFA World Cup နဲ့ပတ်သတ်ပြီး ဘယ်လိုကျင်းပတယ်၊ ဘယ်မှာကျင်းပတယ်၊ ဘယ်အချိန်မှာကျင်းပတယ်၊ ဘယ်သူတွေပါဝင် ယှဉ်ပြိုင်ခွင့်ရှိတယ် စတာတွေကို ပြောပြပေးသွားမှာပါ။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဆိုတာဘာလဲ?

          ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ (FIFA World Cup) ဆိုတာဟာ လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသားဘောလုံးပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ပထမဆုံးသော ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က အိုလံပစ်ပြိုင်ပွဲတွေနဲ့ မတူညီတဲ့ အပြည်ပြည်ဆိုင်ရာဘောလုံးပြိုင်ပွဲ တစ်ခုကို ကျင်းပဖို့ ဆုံးဖြတ်ချက်ချအပြီး ၁၉၃၀ခုနှစ်မှာ စတင်ကျင်းပခဲ့ပါတယ်။ ၁၉၃၀ခုနှစ် ဥရုဂွေးနိုင်ငံမှာ ကျင်းပတဲ့ ပထမဆုံးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အသင်း၁၃သင်းသာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီအသင်း ၁၃သင်းမှာ တောင်အမေရိကနိုင်ငံ ၇နိုင်ငံ၊ မြောက်အမေရိကနိုင်ငံ ၂နိုင်ငံနဲ့ ဥရောပနိုင်ငံ ၄နိုင်ငံသာ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ နောက်ဆုံးပြိုင်ပွဲမှာ အိမ်ရှင်ဥရုဂွေးနိုင်ငံက အနိုင်ရရှိပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ ပြိုင်ဆိုင်မှုတွေ၊ သွားလာရခက်ခဲမှုတွေ၊ စစ်ပွဲတွေ စတဲ့အခက်အခဲတွေကြားကပဲ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဟာ အိုလံပစ်ကိုကျော်ဖြတ်ပြီး အဓိကကျတဲ့အပြည်ပြည်ဆိုင်ရာ ဘောလုံးပြိုင်ပွဲအဖြစ် ရောက်ရှိလာခဲ့ပါတယ်။

          ၁၉၃၄ခုနှစ်ကနေ ၁၉၇၈ခုနှစ်အထိ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အသင်း၁၆သင်းသာ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ၁၉၈၂ခုနှစ်မှာကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရောက်မှသာ ပထမဦးဆုံးအနေနဲ့ ၂၄သင်းပါဝင်ယှဉ်ပြိုင်ခဲ့ရပါတယ်။ ထို့နောက် ၁၉၉၈ခုနှစ်မှာ အသင်း၃၂သင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရအောင် ထပ်မံချဲ့ထွင်ခဲ့ပြီး ဒီအချက်ကြောင့်လည်း ဥရောပနဲ့ အမေရိကအပြင်ကနိုင်ငံတွေ ပါဝင်ယှဉ်ပြိုင်နိုင်ခွင့် ပိုမိုရရှိခဲ့ပါတယ်။ ထို့အပြင် ကမ္ဘာ့ဖလားကို အသင်း၄၆ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ထပ်မံတိုးချဲ့မှာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ဟာ ၂၀၂၆ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲက စတင်ကာ အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။

          ခြေစမ်းပွဲအောင်မြင်တဲ့အသင်း၃၂သင်းကို အသင်း၎သင်းပါဝင်တဲ့ အုပ်စုရှစ်စုအဖြစ် ခွဲခြားမှာဖြစ်ပြီး အုပ်စုပတ်လည်ပြိုင်ပွဲ ယှဉ်ပြိုင်စေမှာပါ။ အမှတ်ပေးစည်းမျဉ်းအနေနဲ့ အနိုင်၃မှတ်၊ သရေတစ်မှတ်နဲ့ အရှုံးဆိုရင် အမှတ်မရရှိပါဘူး။ အုပ်စုပတ်လည်ပြိုင်ပွဲတွေအပြီး အုပ်စုပထမနဲ့ဒုတိယအသင်းတွေဟာ ၁၆သင်း ရှုံးထွက်အဆင့်ကို ကစားရမှာဖြစ်ပြီး ဒီကနေ ဆီမီးဖိုင်နယ်၊ ဖိုင်နယ် စတဲ့အဆင့်တွေကို အဆင့်အဆင့်ယှဉ်ပြိုင် သွားရမှာပါ။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာဘယ်သူတွေယှဉ်ပြိုင်ကစားကြသလဲ?

          FIFA အသင်းဝင်နိုင်ငံပေါင်း ၂၀၀ကျော်ရှိသည့်အနက်မှ မည်သည့်နိုင်ငံမဆို ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ပြိုင်ပွဲမစတင်မှီ ၃နှစ်အလိုကတည်းက စတင်ယှဉ်ပြိုင်ရပြီး ကမ္ဘာတိုက်ကြီးအသီးသီးကို သီးခြားဇုန်တွေသတ်မှတ်ပြီး ဇုန်အတွင်းကနိုင်ငံတွေ ပါဝင်ယှဉ်ပြိုင်လို့ရပါတယ်။ FIFAအနေနဲ့ ဘယ်သီးခြားဇုန်က နိုင်ငံဘယ်နှစ်နိုင်ငံပါဝင်ခွင့်ရှိတယ်ဆိုတာ ဆုံးဖြတ်ပါတယ်။ ပုံမှန်အားဖြင့် UEFA (ဥရောပ) က၁၃ခု၊ CAF (အာဖရိက) က၅ခု၊ CONMEBOL (တောင်အမေရိက) နဲ့ AFC (အာရှ) က၄ခုသို့မဟုတ်၅ခု၊ CONCACAF (မြောက်အမေရိက) က၃ခုသို့ဟုတ်၎ခု၊ OFA (ပင်လယ်ပိုင်းနိုင်ငံများ) ကတစ်ခုသို့မဟုတ် တစ်ခုမှမရတာလည်းဖြစ်နိုင်ပါတယ်။ OFA ကတစ်ခုမှမရတဲ့ အခြေအနေမှာ AFC, CONMEBOL, CONCACAF ဒေသတွင်းနိုင်ငံတွေက ဒီနေရာကိုခွဲယူပါတယ်။ ဒါကြောင့် အတိအကျတော့ပြောလို့မရပါဘူး။ အိမ်ရှင်နိုင်ငံရဲ့အားသာချက်က ခြေစမ်းပွဲကစားစရာမလိုပဲ တစ်နေရာ ရယူခွင့်ရှိပါတယ်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကိုဘယ်အချိန်မှာကျင်းပသလဲ?

          ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ၁၉၃၀ခုနှစ်ကစတင်ပြီး ၄နှစ်တစ်ကြိမ်ကျင်းပပါတယ်။ ခြေစမ်းပွဲတွေကို ကမ္ဘာအနှံ့ကဘောလုံးလိဂ်တွေ အနားယူချိန်ဖြစ်တဲ့ နွေရာသီမှာ ကျင်းပလေ့ရှိပါတယ်။ ၂၀၂၂ခုနှစ်အတွက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကိုတော့ ကွာတာနိုင်ငံမှာ ဒီဇင်ဘာလအတွင်း ကျင်းပမှာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကိုဘယ်နေရာမှာကျင်းပသလဲ?

          ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို နှစ်တိုင်းနိုင်ငံပြောင်းလဲပြီး ကျင်းပပါတယ်။ နိုင်ငံတွေဟာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကျင်းပနိုင်ခွင့်အတွက် ကြိုတင်လျောက်ထားရပြီး ဘယ်နိုင်ငံမှာကျင်းပမယ်ဆိုတာ FIFA က ဆုံးဖြတ်ပါတယ်။ လွန်ခဲ့တဲ့သုံးကြိမ်အတွင်း ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို တောင်အာဖရိက၊ ဘရာဇီး၊ ရုရှားနိုင်ငံတွေမှာ ကျင်းပခဲ့ပြီး ၂၀၂၂ခုနှစ်မှာတော့ ကွာတာနိုင်ငံမှာကျင်းပမှာဖြစ်ပါတယ်။ ၂၀၂၆ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကိုတော့ အမေရိကန်နိုင်ငံ၊ ကနေဒါ၊ မက္ကဆီကို နိုင်ငံတွေမှာ ကျင်းပမှာဖြစ်ပြီး ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဟာ နိုင်ငံသုံးနိုင်ငံမှာကျင်းပမယ့် ပထမဦးဆုံးသော ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲပါ။

          ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဟာ လူကြိုက်အများဆုံးအားကစားနည်းရဲ့ အရေးပါဆုံး ပြိုင်ပွဲကြီးတစ်ခု ဖြစ်တာကြောင့် လူကြိုက်အလွန်များတဲ့ပြိုင်ပွဲတစ်ခုပါ။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အနိုင်ရရှိခြင်းဟာ လူနည်းစုကို ကိုယ်စားမပြုပဲ နိုင်ငံတစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့အတွက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအချိန် ရောက်တိုင်း နိုင်ငံသားအားလုံး တစ်သွေးတည်းတစ်သားတည်း အားပေးကြပါတယ်။ ဒါကြောင့်ပဲ ၂၀၂၆ခုနှစ်အတွက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို စောင့်မျှော်ရင်း စိတ်ပါဝင်စားတဲ့မိတ်ဆွေတွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Fill out this field
Fill out this field
Please enter a valid email address.
You need to agree with the terms to proceed

Menu