ကံကောင်းစေဖို့အတွက် ယတြာတွေ အဆောင်တွေနဲ့ လုပ်တက်ကြတာဟာ ဟိုးအရင်ခေတ်ထဲကရှိခဲ့တာပါ။ရိုးရာအလိုက် အကတွေ၊ ရိုးရာပွဲတွေကိုပြုလုပ်ပြီး နတ်ဘုရားတွေရဲ့ အသာပေးမှုရအောင် လုပ်လေ့ရှိကြပါတယ်။ ဒီလိုပြုလုပ်မှုတွေက အခုခေတ်မှာသိပ်မတွေ့ရတော့ပေမယ့် အသိပညာကြွယ်ဝပြီး အမြင်ကျယ်သူတွေက အဲ့ခေတ်က ပြုလုပ်မှုတွေအတိုင်း Gambling လုပ်ချိန်မှာကံကောင်းအောင်လုပ်ဆောင်တတ်ကြပါတယ်။ ဒါပေါ့၊ Jackpot ကြီးရဖို့ဆိုတာက ကံတရားနဲ့ပဲသက်ဆိုင်တာလေ။ ဒီလိုဆိုရင်တောင်မှပဲ တစ်ချို့ကမကစားခင်မှာ ကိုယ့်ယုံကြည်တဲ့ Ritual တွေလုပ်ပြီးတော့ ပိုကံကောင်းအောင် ရယူပြီး ကစားတတ်ကြပါတယ်။ ဘာတွေအများစုလုပ်တတ်ကြလဲကြည့်ကြရအောင်။

Gambling မလုပ်ခင် Ritual များ

ကစားသူအများစုက Casino တစ်ခုမှာသွားပြီး လောင်းကြေးတင်တဲ့ကိစ္စတွေမလုပ်ခင် သူတို့ရာသီခွင်ကိုစစ်တတ်ကြပါတယ်။ ကြယ်တာရာနက္ခတ်တွေက ဖော်ပြပေးမယ့် ကံကောင်းမလား မကောင်းလားဆိုတာကို သိချင်ကြတာပေါ့။ ကိုယ့်ရဲ့ biorhythm တွေနဲ့ချိန်ညှိပြီးမှ Table ထဲကို လောင်းကြေးထည့်ကြတာမျိုးတွေပေါ့။ ဒါတွေက သိပ္ပံနည်းကျတိတိကျကျမဟုတ်ပေမယ့် ကိုယ်ယုံကြည်ရာတစ်ခုရှိနေရင် စိတ်ပျော်ရွှင်နေတတ်ပါတယ်။ တစ်ချို့ကစားသူတွေက အိမ်ကမထွက်ခင်၊ ဒါမှမဟုတ် Online Casino ဆိုရင်လဲ ကစားဖို့အတွက် အထိုင်မချခင်မှာ ကံကောင်းစေတဲ့ အဝတ်အစား၊ ကံကောင်းစေတဲ့အရောင်၊ လက်ဝတ်တန်ဆာ၊ အဆောင် စတာတွေကို ဝတ်ဆင်၊ အနားမှာဝန်းရံထားတတ်ပြီးတော့ မှ Gambling စလုပ်တတ်ကြတာပေါ့။ တကယ်တမ်းပြောရရင် Gambling မှာအကုန်လုံးနီးပါးက ကံကောင်းစေတဲ့အရာတွေအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ကစားသူတစ်ယောက်ပြောပုံအရ Gambling စမလုပ်ခင်မှာ “casserole” ဟင်းလျာကိုစားပြီးတော့မှ လုပ်ရင် အချီကြီးကြီးတွေ သူတို့ကနိုင်လေ့ရှိတယ်လို့ပြောပါတယ်။ “ဒါကြောင့် Casino မှာ Gambling မလုပ်ခင်ညဆိုရင် Casserole လုပ်ပြီးအရင်စားလေ့ရှိပါတယ်” လို့ပြောခဲ့ပါတယ်။

ဆုတောင်းမှုများနဲ့ တောင်းဆုများ

အများဆုံးအနေနဲ့ကတော့ ရေ Fountain ထဲကို အကြွေစေ့ပစ်ထည့်တာမျိုး၊ Koi ငါးကန်လိုမျိုးထဲကို အကြွေစေ့ပစ်ထည့်ပြီး ဆုတောင်းတာမျိုးက နိုင်ငံတိုင်းနီးပါးမှာ နာမည်ကြီးလေ့ရှိပါတယ်။ Gambler တွေအတွက် ဆုတောင်းပြည့်ရေကန်တွေက ကံကောင်းခြင်းတွေယူဆောင်ပေးပါတယ်။ တစ်ရက်ကို Dollar ထောင်ချီပြီးဝင်လေ့ရှိတဲ့ ကစားသူအချို့ကလဲ ယုံယုံကြည်ကြည်နဲ့ ဆုတောင်းနေရင်း Coin ပစ်ခြင်းက တစ်ကယ်ကိုကံကောင်းခြင်းတွေ ယူလာပေးနိုင်တယ်လို့ပြောကြပါတယ်။
တစ်ချို့ကကြတော့ ဆုတောင်းခြင်းရဲ့စွမ်းအားကို ပိုယုံကြတယ်။ ဒါပေမယ့် ပုတီးတွေ၊ လက်ဝါးကပ်တိုင်တွေ၊ တစ်ဖက်ကကိုင်ထားပြီး တစ်ဖက်က ကစားတဲ့ ကစားသူများကိုတော့ မြင်ရခဲတာပေါ့။ တစ်ချို့ဆိုရင် စိတ်ထဲကဆုတောင်းတာမျိုးမဟုတ်ပဲ ကျယ်ကျယ်ဆုတောင်းတတ်ကြတယ်။ (ကိုယ်ကတစ်ကယ်လို့ အခုလိုမျိုး ဘုရား/ နတ်ယုံကြည်လို့ ဆုတောင်းတတ်သူတစ်ယောက်ဆိုရင် ကိုယ်စိတ်ထဲမှာပဲအာရုံပြုပြီးဆုတောင်းပေးဖို့အကြံပေးချင်ပါတယ်)

ကံကောင်းစေတဲ့အဆောင်

ကံကောင်းစေတဲ့အဆောင်တစ်ခု သယ်ထားတာကလဲ Lady Luck ကိုပိုပြီးမြှားခေါ်နိုင်အောင် လုပ်တဲ့အရာတစ်ခုပါပဲ။ တစ်ချို့ကစားသူတွေကသူတို့ရဲ့ အဆောင်ပစ္စည်းတွေကို လူမြင်သာအောင်ပြထားလေ့ရှိတယ်။ တစ်ချို့ကတော့ မသိမသာဖွက်ထားလေ့ရှိတယ်။  Poker ကစားသမားတွေဆိုရင် ကံကောင်းစေတဲ့အဆောင်တွေက သူတို့ရဲ့ကဒ်အမှန်ကိုကာကွယ်ပေးထားလိမ့်မယ်လို့ ယုံကြည်ပြီးတော့ ကဒ်မကောင်းတဲ့ပုံဟန်ဆောင်ကစားတတ်ကြပါတယ်။  Wishnik တွေနဲ့ Troll တွေ (1960s လောက်မှာ ပေါ်လာခဲ့တဲ့ ဂြိုလ်သားအသေးလေးပုံစံ ဆံပင်ကြို့တို့ကြဲတဲ နဲ့အရုပ်လေးတွေကိုဆိုလိုပါတယ်) ကကြတော့ Bingo အသိုင်းအဝိုင်းမှာ အတွေ့များပါတယ်။ Bingo hall ထဲလျှောက်သွားမယ်ဆိုရင် ဆံပင်အရောင်စုံနဲ့ ဒီအရုပ်တွေကို ရောင်စုံခြယ်ခဲတံဘူးထက်တောင် အရောင်ပိုစုံလင်စွာနဲ့တွေ့ရမှာပါ။ တစ်ချိ့ဆိုရင် တစ်ရောင်ထဲမဟုတ်ပဲ သက်တံ့ရောင်ပေါင်းစပ်ထားတာတွေတောင် ရှိတတ်ကြသေးတယ်။ဝက်ဝံရုပ်နဲ့ အခြားဖောင်းပွအရုပ် တွေပိုင်ဆိုင်သူတွေကိုလဲ Casino မြေမှာ မကြာခဏတွေ့ရလေ့ရှိမှာပါ။ Las Vegas မှာဆိုရင် ၄ နှစ်သားလေးဆော့လေ့ရှိတက်တဲ့ ဝက်ဝံရုပ်လေးနဲ့ Slot လာလာဆော့သူတစ်ဦးရှိပါတယ်။ သူက အရုပ်ကိုပေါင်းပေါ်မှာထားပြီး Animation ကားတွေထဲကလိုပဲ Slot တစ်ခုနဲ့တစ်ခု Spin အပြီးမှာ စကားပြောလိုက် Spin လိုက်လုပ်နေတာပါ။ Wishnik/Troll တွေနဲ့ Teddy Bear တွေမှာ ဘယ်တစ်ခုကပိုကံကောင်းစေလဲတော့ မသိပါဘူးဗျို့။

စက်ကိုလှည့်စားခြင်း

ကစားသူအများစုက Slot machine တစ်ခုရဲ့ ထွက်လာတဲ့ရလဒ်ကို ပြောင်းလဲနိုင်စရာနည်းလမ်းမရှိပေမယ့် တခြားနည်းလမ်းတွေစမ်းကြည့်ကြပါသေးတယ်။ မသိရင် ဒီ Slot machine ကြီးက အသက်ရှိနေပြီးတော့ သူတို့လုပ်သမျှကိုသိနေသလို ခံယူနေပြီးတော့ပေါ့။ တစ်ချို့ဆိုရင် စက်နဲ့ပိုပြီး Personal ဆန်ဆန် Spin မလုပ်ခင် Kiss တာမျိုးတွေ၊ ညင်ညင်သာသာပွတ်ပေးတာမျိုးတွေ၊ ချိုချိုသာသာပြောတာမျိုး တွေလုပ်ပြီးတော့ သူတို့စိတ်တိုင်းကျ ရလဒ်ထွက်ဖို့အတွက် စက်ကိုဆွဲဆောင်တာပေါ့။ အနည်းဆုံးတော့ လက်ကိုပွတ်တိုက်ပြီး “ ဒီ Symbol လေးကျစမ်းပါ၊ ကျေးဇူးပြုပြီး ဒါလေးပဲကျစမ်းပါ” ဆိုပြီးဆုတောင်းရင် ကစားနေတာမျိုးတွေကိုတော့ တွေ့ဖူးတယ်မဟုတ်လား?
ကိုယ်တိုင် ကံကြမ္မာကိုဖန်တီးခြင်း
အဆောင်ပစ္စည်းတွေ၊ အဝတ်အစားတွေ၊ ဝက်ဝံရုပ်တွေက ကိုယ့်ကံတရားကို မြှင့်တင်ပေးနိုင်တယ်ဆိုတဲ့ တိကျတဲ့သက်သေတော့ မရှိဘူးမဟုတ်လား? ဒါပေမယ့်လဲ ကံကောင်းတယ်၊ ပျော်ရွှင်နေတယ်လို့ ခံစားနေရတဲ့ကစားသူတွေအတွက်က ဘယ်မှာသွားပြီး ဘာပဲလုပ်လုပ် ပိုပြီး စိတ်ပျော်ဖွယ်ကောင်းနေမှာပါ။ တစ်ကယ်လို့ ကံကောင်းစေတဲ့အဆောင်လေးဖြစ်ဖြစ်၊ မကစားခင်မှာ ဘယ်လိုလေးလုပ်ရင် ကံကောင်းစေတယ်လို့ ခံစားရရင် လုပ်သာလုပ်ပါ! ကိုယ်စိတ်ပေါ့ပါး ပျော်ရွှင်နေဖို့ကအဓိကပါ!

Leave a Reply

Your email address will not be published. Required fields are marked *

Fill out this field
Fill out this field
Please enter a valid email address.
You need to agree with the terms to proceed

Menu