Horse မှာ ကိုယ်နှစ်သက်တဲ့ မြင်းတစ်ကောင်အပေါ်မှာလောင်းကြေးတင်ဖို့အတွက် အရောင်စုံတဲ့ အသုံးအနှုန်းတွေ ပါဝင်လေ့ရှိပါတယ်။ Horse Racing ကလည်း ညင်သာတဲ့ Betting မျိုးကို ပေးနိုင်တယ်လေ။ ဆိုလိုတာက နံပါတ် ၁ ရပါမယ်ဆိုတဲ့ မြင်းကိုပဲမရရအောင် လောင်းမှမဟုတ်ပါဘူး။ ကိုယ်လောင်းချင်တဲ့ လောင်းကြေးအမျိုးအစားအပေါ်မူတည်ပြီးတော့ တစ်ခါတစ်လေမှာ ဒုတိယ အပြင် တတိယရနေတဲ့အထိတိုင်အောင် အနိုင်ရနိုင်ပါသေးတယ်။ ဒါပေမယ့် ဒီလို Horse Betting လုပ်ဖို့အတွက်ကို ဒီကစားနည်းရဲ့ အနေအထား၊ သင့်တော်တဲ့ အသုံးအနှုန်းတွေကိုသိထားဖို့တော့ လိုပါတယ်။

Straight Bets

Straight bets တွေကတော့ လောင်းကြေးအမျိုးအစားတွေထဲမှာ အရှင်းဆုံးပါပဲ။ တိတိကျကျပြောရရင် ကိုယ်က ဒီပွဲမှာ အနိုင်ရမယ်ထင်တဲ့ မြင်းတစ်ကောင်ကိုပဲ ရွေးပြီးလောင်းရတာပါ။ နှာတဖျား အသာလေးနဲ့ ဒုတိယဖြစ်သွားခဲ့ရင်တောင်မှ ရှုံးတယ်လို့သတ်မှတ်ပါတယ်။ ဒါမေပယ့် Straight bet ကိုကိုယ့်ရဲ့မြင်းက ပထမ၊ ဒုတိယ၊ တတိယ ဝင်ဖို့အတွက်လောင်းဖို့လဲ အသုံးပြုနိုင်ပါသေးတယ်။ ဒီတော့ ဘယ်လိုအသုံးအနှုန်းအမျိုးအစားတွေက Straight bet အတွက် အသုံးပြုနိုင်လဲဆက်ပြီးလေ့လာလိုက်ရအောင်!

       Across the board

ဒါက လောင်းကြေး ၃ခုထားတာမျိုးကိုပြောတာပါ။ တစ်ခုက မြင်းအနိုင်ရဖို့၊ နောက်တစ်ခုက ဒုတိယရဖို့နဲ့ နောက်ဆုံးတစ်ခုက တတိယဝင်ဖို့ပေါ့။ တစ်ကယ်လို့သာ ဒီမြင်းက နံပါတ် ၁ဖြစ်ပြီး ပထမနဲ့ပန်းဝင်ခဲ့မယ်ဆိုရင် လောင်းကြေး ၃ခုလုံးအတွက် အနိုင်ရပါတယ်။ ဒုတိယပန်းဝင်ခဲ့ရင်တော့ ဒုတိယနဲ့တတိယလောင်းကြေး ၂ခုရပါတယ်။ တစ်ကယ်လို့ တတိယနဲ့ပန်းဝင်မယ်ဆိုရင်တော့ နောက်ဆုံးတတိယလောင်းကြေးအတွက် ရပါတယ်။ ဒီတော့ မြင်းက ပထမရခဲ့မယ်ဆိုရင် လောင်းကြေး ၃ ခုလုံးအနိုင်ရပြီးတော့ အနည်းဆုံး တတိယလောက်ဝင်ခဲ့ရင်တောင်မှ ကိုယ့်လောင်းကြေးတွေ မဆုံးရှုံးတော့ဘူးပေါ့။ ကိုယ့်ရင်းနီးမှုအတွက်နည်းနည်းပါးပါးတောင်ပြန်ရသေးတယ်။

       In the money

မြင်းက ပထမ၊ ဒုတိယ၊ တတိယ နေရာတစ်ခုခုဝင်ဖို့အတွက်ကို လောင်းကြေးတင်ခြင်းဖြစ်ပါတယ်။ အပေါ်က တစ်ခုနဲ့ဘာကွာလဲဆိုရင် အပေါ်ကလို လောင်းကြေး၃ခုမဟုတ်ပဲ ၁မှ ၃အတွင်း ဝင်ဖို့အတွက်လောင်းကြေးတစ်ခုထဲတင်တာမျိုးပါ။

       On the nose

အနိုင်ရမယ့်မြင်းကိုပဲလောင်းတာမျိုးပါ။

       Place

Place ဆိုတာကတော့ ဒုတိယဝင်ခဲ့တဲ့မြင်းကိုခေါ်တာပါ။ ဒီလို Bet မျိုးကိုကြတော့ ဒီမြင်းက နိုင်မယ်တော့မထင်ဘူး၊ ဒါပေမယ့်လဲ ဆိုးဆိုးဝါးဝါးကြီးမဟုတ်ပဲ မတိမ်းမယိမ်းကပ်လိုက်နေမယ်ထင်တဲ့အခါမျိုးမှာ လောင်းရတာပါ။ ခန့်မှန်းချက်မှန်သွားရင်တော့ အနိုင်ရမှာပေါ့။ တစ်ကယ်လို့ ဒုတိယမဝင်ပဲ ပထမဝင်သွားရင်တောင်မှ ဒီဒုတိယလောင်းကြေးအတွက်ကို အနိုင်ရပါသေးတယ်။ အနည်းဆုံး တတိယဝင်ရင်တော့ မရတော့ဘူးပေါ့။

       Show

Show ဆိုတာကတော့ တတိယဝင်လာတဲ့ မြင်းကိုခေါ်ပါတယ်။ Show bet ကလဲ အပေါ်က Place Bet နဲ့ပုံစံအတူတူပဲ။ တကယ်လို့မြင်းက ပထမ၊ ဒုတိယ နေရာမှာဝင်ခဲ့ရင်လဲ ဒီ Show bet အတွက်အနိုင်ရပါတယ်။

တစ်ကယ်တမ်းပြောရရင် Bet တိုင်းမှာ ပထမရတဲ့မြင်းက အများဆုံးပြန်အပေးနိုင်ဆုံးပါ။ ပထမအတွက်ကိုတင်မကပဲ Place bet နဲ့ Show bet တွေအတွက်တောင် လှမ်းပေးနိုင်သေးတယ်မဟုတ်လား? ဒါကြောင့်လဲ Across the board လို့ခေါ်ခြင်းဖြစ်ပါတယ်။

Exotic Wagers

သူ့နာမည်နဲ့လိုက်အောင်ပဲ Exotic Wager တွေကပိုပြီး ပြင်းထန်ပြီး ပိုရှုပ်ထွေးပါတယ်။ ဒီ Wager တွေမှာက မြင်းတစ်ကောင်ထက်ပိုတယ်။ ဆိုလိုတာက အနိုင်ရဖို့ပိုခက်ခဲ့တယ်၊ ဒါပေမယ့် Straight Bets တွေထက်လဲ နိုင်ရင်ပိုရတယ်။ Exotic bet အချို့ကိုလေ့လာလိုက်ကြရအောင်!

       Boxed bet

Boxed bet ဆိုတာကကြတော့ တစ်ကောင်ထက်ပိုတဲ့ မြင်းတွေအတွက် ဖြစ်နိုင်တဲ့ပန်းဝင်မှုတွေကိုတက်နိုင်သလောက် လိုက်အုပ်ပြီးလောင်းရတာမျိုးပါ။ ဥပမာ မြင်း ၂ကောင်ကိုပဲလောင်းခြင်တာဆိုရင်၊ Horse A Win, House B Place ဆိုပြီးလောင်းပြီးရင် Horse B Win, Horse A Place ဆိုပြီးတော့လဲ ပြန်လောင်းလို့ရပါတယ်။ ပြောရရင် ဒီမြင်း၂ကောင်က ကောင်းတာသိတယ်။ ဒါပေမယ့် ဘယ်ကောင် ပထမ၊ ဘယ်ကောင် ဒုတိယဝင်မလဲဝေခွဲလို့မရတဲ့အခါမျိုးတွေမှာ ဒီလို Bet မျိုးကိုသုံးရတာပါ။ Combination တစ်ခုခြင်းစီက သီးသန့် လောင်းကြေးတင်ရတာမို့လို့ $2 exacta တင်မယ်ဆို $4 ကုန်မှာဖြစ်ပါတယ်။

       Daily double

ရှေ့ဆင့်နောက်ဆင့်ပွဲတွေက မြင်း ၂ကောင်ကို ခွဲပြီးလောင်းတာကို Daily Double လို့ခေါ်ပါတယ်။ များသောအားဖြင့်တော့ နေ့တစ်နေ့ရင် ပထမဆုံးနဲ့ ဒုတိယ ပွဲတွေပေါ့။ ကိုယ်မြင်းတစ်ကောင်ခြင်းစီက ပထမရမှ အနိုင်လို့သတ်မှတ်မှာဖြစ်ပါတယ်။

       Exacta

Exactaမှာကြတော့ ပထမနဲ့ ဒုတိယဝင်မယ့် ၂ကောင်ကို ကွက်တိခန့်မှန်းရတာပါ။ တစ်ကယ်လို့ Boxed Bet မလုပ်ဘူးဆိုရင်ပေါ့။ ဒီလို Bet မျိုးကိုတော့ Canada မှာ Exactor လို့ခေါ်ပြီးတော့ အရှည်ကတော့ “Exact Order” ပေါ့။

       Pick 3

ဒါကိုတော့ Daily Double ကိုပဲအဆင့်မြှင့်ထားတဲ့ Version လို့မှတ်လို့ရပါတယ်။ ၃ပွဲဆက်တိုက်ရဲ့ ပထမဝင်မယ့် မြင်း ၃ကောင်ကို ခန့်မှန်းရတာပါ။ Daily Double မှာတော့ ၂ပွဲအတွက် ၂ကောင်ပဲပေါ့။ “Pick” ပြိုင်ပွဲတွေမှာဆိုရင် ၆ ပွဲအထိတောင်တိုးသွားနိုင်တာကြောင့် ၆ပွဲဆက်တိုက်အတွက် ပထမဝင်မယ့် မြင်းတွေကိုခန့်မှန်းရတာမျိုးတွေရှိပါတယ်။ ဒါမျိုးကတော့ တော်တော်လေးခက်တာပေါ့။ ဒါပေမယ့် Pick 6 ကနိုင်သွားရင် တော်တော်လေးကိုထောမှာဖြစ်ပြီးတော့ တစ်ခါတစ်လေကြရင် ပြိုင်ပွဲကွင်းအပေါ်မူတည်ပြီးတော့ နှစ်သိမ့် Payout မျိုးတွေပေးတာမျိုးလဲရှိပါတယ်။ 

       Quinella

Quinellaကကြတော့ Boxed Bet ရဲ့ပြောင်းလဲမှုတစ်ခုပါပဲ။ ကိုယ်ရွေးလိုက်တဲ့မြင်း ၂ကောင်က ပထမ နဲ့ ဒုတိယ Win နဲ့ Place ရရမယ်။ ဒါပေမယ့် ဒီမှာကြတော့ ဘယ်လိုအစဉ်လိုက်မျိုးဝင်ရမယ်ဆိုတာ မလိုပါဘူး။ ဒါကတော့ Boxed exacta လိုမျိုး Bet 2 ခုမဟုတ်ပဲ Bet တစ်ခုထဲဖြစ်တာကြောင့် payout နှုန်းကတော့ပိုနည်းပါတယ်။

       Superfecta

ဒါကလဲ ခက်ခဲမှုက Pick 6 လောက်ရှိတဲ့ Bet တစ်မျိုးပါပဲ။ မြင်း ၄ ကောင်ကိုရွေးပြီး ဘယ်လိုအစဉ်လိုက်တိုင်း ဝင်မလဲဆိုတာကို ခန့်မှန်းရတာပါ။ Exacta ကို Box လုပ်သလိုပဲ Superfecta ကိုလဲ Box လုပ်လို့ရတာပေါ့။ ဒါပေမယ့် ၂ဆပိုများတဲ့ မြင်းအရေအတွက်ကြားမှာ ဖြစ်နိုင်တဲ့ Combination တွေအကုန်ခန့်မှန်းရတော့မှာဖြစ်ပါတယ်။ ဈေးလဲကြီးနိုင်ပြီးတော့ မှန်းထားတဲ့အတိုင်းမဟုတ်ပဲ နည်းနည်းလေးသာလွဲပြီးကိုယ်မထင်ထားတဲ့ မြင်းက Top 4 ထဲပါလာခဲ့ရင် တော်တော်လေးဆုံးရှုံးရမှာပါ။ ဒါပေမယ့် Risk လုပ်ပြီးစွန့်စားလိုသူတွေအတွက်တော့ နိုင်သွားခဲ့ရင်လဲ Payout နှုန်းကမသေးဘူးနော်!

       Trifecta

တစ်ခါတစ်လေတော့ Triple လို့လဲခေါ်ပါတယ်။ ဒီ Wager မှာက ပထမဆုံး ပန်းဝင်မယ့် ၃ကောင်ရွေးရတယ်။ သူကတော့ Exacta နဲ့ Superfecta တို့ကြားထဲမှာ သိပ်လဲမခက်၊ သိပ်လဲမလွယ်ပဲရှိနေတယ်လို့ပြောလို့ရတယ်။ ကိုယ့် Bet ကို Box မလုပ်ဘူးဆိုရင် ပထမဆုံး ဝင်မယ့် မြင်း ၃ကောင်ကို အစဉ်လိုက်အတိုင်းကွက်တိခန့်မှန်းရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Fill out this field
Fill out this field
Please enter a valid email address.
You need to agree with the terms to proceed

Menu