17th ရာစုထဲက Casino ချစ်သူတွေကို စိတ်လှုပ်ရှားမှုပေါင်းများစွာ၊ လျှို့ဝှက်ဆန်းကြယ်တဲ့ခံစားမှုမျိုး ပေးနိုင်နေခဲ့တာတော့ Roulette ကစားနည်းပါ။ Roulette ရဲ့အဓိပ္ပာယ်ကတော့ ပြင်သစ်လို့ ဘီးအသေးလေး (Little Wheel) လို့ဆိုတယ်ဗျ။ ကမ္ဘာအနှံ့မှာ စိတ်ဝင်စားမှုတွေအကုန် သိမ်းပိုက်ထားနိုင်တာကတော့ သူ့ရဲ့ နားလည်ရလွယ်ကူပြီး ရိုးရှင်းတဲ့ ကစားနည်းစည်းမျဉ်းတွေကြောင့်ပါ။ Chip များတွေအများကြီးကိုင်ဆော့ချင်ပြီး အများကြီးပြန်သိမ်းချင်သူတွေအတွက် အဓိကဆွဲဆောင်မှုတစ်ခုဖြစ်တာကြောင့် ရှိသမျှ Chip တွေအကုန် နံပါတ်တစ်ခုထဲပေါ်ကို ပစ်မတင်လိုက်ခင် သူ့ရဲ့စည်းမျဉ်းတွေကိုအရင်ဆုံး လေ့လာကြည့်လိုက်ကြရအောင်

Roulette ဘီး
Roulette ဘီးပေါ်မှာ နံပါတ် 1 မှ 36 အထိရယ် 0 ရယ်ရှိပါတယ်။ လောင်းကြေး Chip ပြားတွေကို Table ပေါ်မှာတင်လို့ပြီးတာနဲ့ Roulette ဘီးကိုလှည့်ပြီး အဖြူရောင်ဘောလုံး အသေးလေးကို ထည့်လိုက်ပါတယ်။
ဒါကိုလဲကိုယ်ကလုပ်စရာမလိုပါဘူးနော်။ ကိုယ်ဆော့နေတဲ့ဝိုင်းကို ကိုင်ပေးတဲ့ Croupier ကလုပ်ပေးတာဖြစ်ပါတယ်။ လည်နေတဲ့ Roulette ဘီးပေါ်မှာရစ်ပတ်ပြီး နောက်ဆုံး ၀င်သွားတဲ့ ဘီးပေါ်ကအကန့်ရဲ့ နံပါတ်အပေါ်မှာမှုတည်ပြီး အလျော်အစားလုပ်ခြင်းဖြစ်ပါတယ်။

Table ပေါ်မှာကတော့ 1 ~ 36 ရယ် 0 ရယ်အပြင်ကို အခြား ရွေးစရာတွေရှိနေပါသေးတယ်
အဲ့တာတွေကတော့

  • ပထမ 12 ကွက် (အလျားလိုက် ၁၂လုံးပါ တစ်လိုင်း)
  • ဒုတိယ 12 ကွက် (အလျားလိုက် ၁၂လုံးပါ တစ်လိုင်း)
  • တတိယ 12 ကွက် (အလျားလိုက် ၁၂လုံးပါ တစ်လိုင်း)
  • 1 မှ 18
  • 19 မှ 36
  • စုံကိန်း
  • မကိန်း
  • အမည်း
  • အနီ

စတာတွေဖြစ်ပါတယ်။

အတွင်းဘက်လောင်းကြေးကွက်များ
Roulette မှာအဓိကအားဖြင့်တော့ ဘီးထဲမှာထည့်လိုက်တဲ့ဘောလုံးလေး နောက်ဆုံးကြမယ့်အကွက်ရဲ့ နံပါတ် (သို့) အမျိုးအစားကိုခန့်မှန်းရမှာပါ။ အဲ့အတွက်ထည့်ဖို့ လောင်းကြေးအကွက်တွေထဲမှာ အတွင်းဘက်အကွက်တွေကိုအရင်လေ့လာကြည့်လိုက်ကြရအောင်။ အတွင်းဘက်လောင်းကြေးကွက်တွေက နံပါတ်တစ်ခုခြင်းစီအပေါ်မှာ ထည့်ရတာဖြစ်တဲ့အတွက် ယေဘုယျအားဖြင့်တော့ ပြန်ရနိုင်တဲ့နှုန်းအများဆုံးပါပဲ။

  • “Straight up” နံပါတ်တစ်ခုထဲအပေါ်မှာလောင်းကြေးထပ်တာဖြစ်ပြီး 35 အချိုး 1 ပြန်ရနိုင်နှုန်းရှိပါတယ်
  • (35 အချိုး 1 ရဲ့ဆိုလိုရင်းကတော့ နံပါတ် 36 ကွက်မှာ တစ်မျိုးခြင်း 35 ကွက် နဲ့ အခြား 1 မျိုးပြန်ရနိုင်ခြေရှိတယ်လို့ဆိုလိုတာပါ)
  • “Split Betting” နံပါတ်၂ခုပေါ်မှာခွဲပြီးလောင်းခြင်း၊ 17 အချိုး 1 ပြန်ရနိုင်နှုန်းရှိပါတယ်

(ကိုယ်လောင်းချင်တဲ့နံပါတ် ၂ခုရဲ့ အလယ်မှာ Chip ပြားကိုထားရပါတယ်)

  • “Street” နံပါတ်၃ခုပေါ်မှာခွဲပြီးလောင်းခြင်းက 11 အချိုး 1 ပြန်ရနိုင်နှုန်းရှိပါတယ်

(နံပါတ် ၃ ခုလုံးကို Chip ပြားတစ်ခုထဲနဲ့တင်ပြီးလောင်းလို့ရပါတယ်၊ ဒေါင်လိုက်နံပါတ်၃ခုစီ “လမ်း(Street)” တွေထဲက ကိုယ်လောင်းချင်တဲ့လမ်းရဲ့ဒေါင့်မှာ Chip ပြားကိုထားရပါတယ်

  • “Corner Betting” နံပါတ် ၄ခုကိုလောင်းခြင်း၊ 8 အချိုး 1 ပြန်ရနိုင်နှုန်းရှိပါတယ်

(နံပါတ် ၄ ခုရဲ့အလယ်လိုင်းတည့်တည့်မှာ Chip ပြားကိုထားရပါတယ်)

  • “Six line Betting” နံပါတ် ၆ခုကိုလောင်းခြင်း၊ 5 အချိုး 1 ပြန်ရနိုင်နှုန်းရှိပါတယ်

(ဒေါင်လိုက်လမ်းနှစ်ခုရဲ့ အဆက်မှာ Chip ပြားကိုထားရပါတယ်)

အပြင်ဘက်လောင်းကြေးကွက်များ
အပြင်ဘက်လောင်းကြေးကွက်တွေကတော့ နံပါတ်တစ်ခုထဲမဟုတ်ပဲနဲ့ နံပါတ်အကွက်တွေရဲ့ အပြင်ဘက်ကလောင်းရခြင်းဖြစ်ပါတယ်။ အဲ့တာကြောင့်လဲ နာမည်ကို အပြင်ဘက်လောင်းကြေးကွက်လို့ခေါ်တာပါဗျ။

  • အရောင်လောင်းခြင်း ( Red or Black ) က 1 အချိုး 1 ရနိုင်ပါတယ်
  • စုံကိန်းမကိန်းလောင်းခြင်း(Even or Odd) ကလဲ 1 အချိုး 1 ရနိုင်ပါတယ်
  • နံပတ် 12 ကွက် (အလျားလိုက်တစ်တန်း) လောင်းခြင်းက 2 အချိုး 1 ရနိုင်ပါတယ်
  • အပြုံလိုက်လောင်းခြင်း (Dozen Bet) က 2 အချိုး 1 ရနိုင်ပါတယ်
  • နံပါတ်မြင့် ၊ နံပါတ်နိမ့် (High or Low)လောင်းခြင်းက 1 အချိုး 1 ရနိုင်ပါတယ်

ကဲ.. ဒီလောက်ဆိုရင်တော့ Roulette ရဲ့အခြေခံစည်းမျဉ်းလေးတွေကို နားလည်လောက်ပြီထင်ပါတယ်
Roulette ရဲ့ Table ပေါ်မှာလဲများသောအားဖြင့်အကုန်ရေးပြထားပြီးသားမို့ အလွတ်ကျက်ထားစရာလဲမလိုပါဘူးဗျ။ ဒီအတိုင်းပဲ စည်းမျဉ်းတွေကိုသိထားရုံပါပဲ။ ပြီးတော့ Professional ၀ိုင်းတွေမှာဆော့အခါကြရင် ကိုယ့် Chip ပြားကိုနေရာချမှားရင် ရှက်ဖို့ကောင်းတာမို့ အပေါ်မှာဖေါ်ပြခဲ့တဲ့ နေရာချနည်းတွေကိုသေချာကြည့်သင့်ပါတယ်နော်။ ဒါမှမဟုတ်အဲ့လိုမျိုး ခေါင်းစားလဲမခံချင်ပဲ လွယ်လွယ်ကူကူပဲဆော့ချင်တာဆိုရင်တော့ Online Casino တစ်ခုကိုအကြံပေးချင်ပါတယ်။ ဖုန်း (သို့) Computer ရှိရုံနဲ့ Size အနည်းငယ်လေးနဲ့ပဲ Online Casino တစ်ခုမှာ ကမ္ဘာအနှံ့ကကစားသူတွေနဲ့အတူကစားနိုင်မှာပါ။ ပြီးတော့အားသာတဲ့အချက်က Roulette ကစားနည်းတွေ Chip ပြားနေရာချနည်းတွေကိုဘာမှစဉ်းစားစရာမလိုပဲ Computer စနစ်နဲ့အကုန်စီစဉ်ပေးတာကြောင့် ကိုယ်ကလောင်းချင်တဲ့ အကွက်ကိုသာ သာသာယာယာလေး ထောက်လိုက်ရင်ပြီးသွားပါပြီ။
အဲ့တာကြောင့် Online Casino မှာအဆင့်အတန်းမြင့်မြင့် ကစားချင်တယ်ဆိုရင်တော့ အခုပဲ JDBYG ကိုသွားပြီး Live Casino အရသာကိုအပြည့်အဝခံစားလိုက်ပါ!

Leave a Reply

Your email address will not be published. Required fields are marked *

Fill out this field
Fill out this field
Please enter a valid email address.
You need to agree with the terms to proceed

Menu