Roulette ဟာ ဘယ်လိုမျိုးလည်းဆိုတာအကြမ်းဖျဉ်းပြောရမယ်ဆိုရင် မျက်လုံးထဲမှာ စားပွဲအကြီးကြီးတစ်ခုကို မြင်ယောင်ကြည့်ပါ။ အပေါ်မှာ လည်နေတဲ့ဘီးလေးတစ်ခုရှိမယ်။ အဲ့ဘီးလေးအပေါ်မှာ သုညကနေသုံးဆယ့်ခြောက်အထိ ဂဏန်းတွေကို အစဉ်လိုက်မဟုတ်ပဲ ရေးထားတယ် (တစ်ချို့က သုညနှစ်လုံးပါတယ်)။ နောက်ပြီး အဲ့ဒီဘီးရဲ့တစ်ဖက် သို့မဟုတ် နှစ်ဖက်မှာ သုညကနေသုံးဆယ့်ခြောက်အထိ ဂဏန်းတွေရေးထားတဲ့ ဇယားကွက်ကြီးရှိမယ်။ ကစားပွဲစပြီဆိုရင် ဒိုင်က ဂေါ်လီလုံးလို အလုံးသေးသေးလေးကို စောစောကဂဏန်းတွေပါတဲ့ လည်နေတဲ့ဘီးအပေါ်က ဘောင်ထဲထည့်လှည့်မယ်။ အဲ့နောက် အလုံးလေး အရှိန်သေပြီး ဘီးပေါ်ပြုတ်ကျမယ်။ အလုံးလေးကျသွားတဲ့ ဂဏန်းက Winning Number ပဲ။ ကစားချင်တဲ့ ကစားသမားတွေက စားပွဲပေါ်က ဂဏန်းတွေပါတဲ့ဇယားကွက်ကြီးထဲမှာ ဂဏန်းတွေပေါ် ပိုက်ဆံထည့် ကိုယ်ထည့်တဲ့ဂဏန်းပေါက်ရင် ကိုယ်ပိုက်ဆံရမယ် မပေါက်ရင်မရဘူး ရှင်းရှင်းလေးပါပဲ။ ဒါဆိုရင်အကြမ်းဖျဉ်းလည်း ရှင်းပြီးပြီဆိုတော့ သူ့မှာရှိတဲ့နည်းစနစ်တွေ၊ ဖွဲ့စည်းပုံတွေ၊ စည်းမျဉ်းတွေကို အသေးစိတ်ရှင်းပြပါမယ်။

ပုံမှန်အားဖြင့် ပြောင်ချောပြီး အထဲမှာခွက်နေတဲ့လမ်းကြောင်းပါသော သစ်သားဘောင်တစ်ခုပါ။ သူ့အလယ်မှာ လည်နေတဲ့သံဘီးလေးရှိပါတယ်။ သံဘီးအပေါ်မှာ သုညမှသုံးဆယ့်ခြောက်အထိ ဂဏန်းတွေကို ထည့်ထားပြီး အမည်းတစ်ကွက်၊ အနီတစ်ကွက် တစ်ခုခြားအရောင်ခြယ်ထားပါတယ်။

Roulette Wheel နှစ်မျိုးနှစ်စားရှိပါတယ်။ American Roulette Wheel နဲ့ European Roulette Wheel ဆိုပြီးနှစ်ခုပါ။ ပုံမှန်အားဖြင့်တူသယောင်ထင်ရပေမယ့် American Roulette Wheel မှာသုညနှစ်လုံးပါပြီး European Roulette Wheel မှာတော့ သုညတစ်လုံးပဲပါပါတယ်။(အောက်ပုံတွင်ကြည့်ပါ)။

ဥရောပရိုးလက် နဲ့ အမေရိကန်ရိုးလက်

သုညတစ်လုံး တိုးလာတာ ဘာမှမထူးဆန်းပေမယ့် ကစားသမားတွေအတွက်တော့ ကိုယ်ရှုံးဖို့တစ်ကွက်တိုးလာသလို ဒိုင်စားဖို့တစ်ကွက်တိုးလာတာပေါ့။

ကြီးမားလေးလံပြီး ဘိလိယက်ခုံထက် နည်းနည်းပိုကြီးတဲ့စားပွဲကြီးပါ။ ပုံသဏ္ဍာန်အားဖြင့်လည်း ဘိလိယက်ခုံနဲ့ဆင်ပါတယ်။ စားပွဲပေါ်မှာတော့ သုညကနေသုံးဆယ့်ခြောက်အထိ ဂဏန်းတွေပါတဲ့ ဇယားရှိပြီး ဇယားကွက်ထဲမှာ ကိုယ်ထိုးချင်တဲ့ဂဏန်းကို ထိုးလို့ရပါတယ်။ ဂဏန်းတွေသာမကပဲ စုံမ၊ အနီအမည်း၊ ပထမဆယ့်နှစ်ခု၊ ဒုတိယဆယ့်နှစ်ခု၊ တတိယဆယ့်နှစ်ခု၊ ၁ မှ ၁၈၊ ၁၉ မှ ၃၆၊ ကော်လံဆယ့်နှစ်ခု စသဖြင့် အမျိုးမျိုးလည်း ထိုးလို့ရပါသေးတယ်။

Chips

Chips လေးတွေဟာ ဒိုးပြားပုံစံ အဝိုင်းပြားလေးတွေဖြစ်ပြီး အရောင်အမျိုးအစားများစွာ ရှိပါတယ်။ လောင်းကြေးထိုးတဲ့ Chips ပြားလေးတွေဟာ Casino အတွင်း အသုံးပြုရတဲ့ ပုံမှန်ပိုက်ဆံပြားတွေနဲ့မတူပါဘူး။ Chips တွေကို မတူညီတဲ့အရောင်တွေနဲ့ခွဲထားပြီး ကစားသမားတစ်ယောက်ဟာ အရောင်တစ်ရောင်ကို ကိုယ်စားပြုပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် ကစားသမား အချင်းချင်း ကိုယ်ထိုးထားတဲ့ဂဏန်းနဲ့ပိုက်ဆံကို ခွဲခြားနိုင်ပြီး ဒိုင်က လျော်ကြေးငွေပေးရာတွင်လည်း အဆင်ပြေစေရန်ပါ။ Roulette ရဲ့ အပြင်ပန်းပုံသဏ္ဍာန်ဖွဲ့စည်းပုံတွေလည်း ပြီးပြီဆိုတော့ စည်းမျဉ်းတွေကို ဆက်လက်ရှင်းပြပါ့မယ်။

Rules

ရိုးလက် ဇယားကွက်မှာ သုညကနေသုံးဆယ့်ခြောက်အထိ ဂဏန်းတွေရေးထားတဲ့ ဇယားအတွင်းပိုင်းကို Inside Bets လို့ခေါ်ပြီး စုံမ၊ အနီအမည်း၊ ပထမဆယ့်နှစ်ခု၊ ဒုတိယဆယ့်နှစ်ခု၊ တတိယဆယ့်နှစ်ခု၊ ၁ မှ ၁၈၊ ၁၉ မှ ၃၆၊ ကော်လံဆယ့်နှစ်ခု တွေရေးထားတဲ့ ဇယားအပြင်ကိုတော့ Outside Bets လို့ခေါ်ပါတယ်။ ဒီလိုခွဲထားရခြင်းကလည်း အကြောင်းအရင်းရှိပါတယ်။

Inside Bets နဲ့ Outside Bets အတွက် လျော်ကြေးငွေဟာ အဆပေါင်းများစွာကွာပါတယ် Outside Bets အတွက် လျော်ကြေးငွေဟာ ၁ဆမှ ၂ဆအထိပဲရှိပေမယ့် Inside Bets အတွက်ကတော့ ၅ဆမှ ၃၅ဆအထိရှိပါတယ်။

Outside Bets

အပြင်ကဇယားကွက်ကိုလောင်းကြေးထိုးတဲ့အခါ မိမိလောင်းချင်တဲ့ အမျိုးအစားအလိုက် ဇယားကွက်ထဲမှာ Chips ပြားလေးတွေထည့်ပေးရပါတယ်။ ဆိုလိုတာက စုံဂဏန်းကို လောင်းချင်တဲ့အခါ Even ဆိုတဲ့အကွက်လေးထဲ ထည့်ပေးရမှာပါ။ အလားတူပဲ အနီဆို Red၊ ၁ ကနေ ၁၈အထိဆို 1 to 18 အကွက်၊ ပထမ၁၂ခုဆို 1st 12 အကွက်ထည့်ပေးရမှာပါ။ ဒီမှာ စုံမ၊အနီအမည်း၊ ၁ ကနေ ၁၈၊ ၁၉ ကနေ ၃၆ နဲ့ ပ/ဒု/တ ၁၂ ခု၊ ကော်လံ ၁၂ခုတို့ မတူညီတာက စုံမတို့သည် လျော်ကြေးငွေ ၁ဆ ဖြစ်ပြီး ကော်လံ ၁၂ခု တို့သည် လျော်ကြေးငွေ ၂ဆ ဖြစ်သွားတာပါ။ စုံမ မှာ ၁ဒေါ်လာထိုးထားရင် ၁ဒေါ်လာပဲအလျော်ရပေမယ့် ကော်လံတွေ ဒါဇင်တွေကြတော့ ၁ဒေါ်လာထိုးထားရင် ၂ဒေါ်လာအလျော်ရမှာပါ။ ရှင်းသွားအောင် အောက်ပါဇယားကိုတစ်ချက်ကြည့်ပါ၊

အမျိုးအစားလျော်ကြေးအဆပေါင်း
စုံမ၁ ဆ
အနီအနက်၁ ဆ
၁ ကနေ ၁၈၁ ဆ
၁၉ ကနေ ၃၆၁ ဆ
ပ ဒု တ ၁၂ခု၂ ဆ
ကော်လံ ၁၂ခု၂ ဆ

Inside Bets

အတွင်းကဇယားကွက်ကို လောင်းကြေးထိုးတဲ့အခါ မိမိထိုးလိုတဲ့ ဂဏန်းပါတဲ့အကွက်လေးထဲ ထည့်ပေးရမှာ ဖြစ်ပါတယ်။ ဂဏန်းတစ်ခုတည်းအတွက် ထိုးနိုင်သလို ဘေးခြင်းကပ် ဂဏန်းအကွက်၂ခုကိုလည်း ထိုးနိုင်ပါတယ်။ ထို့အတူ ဘေးခြင်းကပ်လေးခု၊ သုံးခုတန်း၊ ခြောက်ခုတန်းအထိ ထိုးနိုင်ပါသေးတယ်။ ဥပမာအားဖြင့် မိမိလောင်းလိုသည်မှာ ဂဏန်း၅ဆို ၅အကွက်မှာ Chips ပြားထည့်ပေးရမှာဖြစ်ပြီး၊ ၄နှင့်၅အားလောင်းလိုလျှင် ၄နှင့်၅ကြားရှိ မျဉ်းအပေါ်တင်ပေးရမှာပါ။ ၄၊၅၊၆ ဂဏန်းသုံးခုကိုလောင်းလိုလျှင် ၆ဘေးရှိမျဉ်းအပေါ်တင်ပေးရမှာပါ။ ၄၊၅၊၆၊၇၊၈၊၉အထိ ဂဏန်းခြောက်ခုအား လောင်းလိုလျှင် ၆၊၉နှင့်အပြင်မျဉ်းတို့ ဆုံရာနေရာတွင်တင်ပေးရမှာပါ။     

မိမိထိုးထားသောဂဏန်းနှင့် Chips ပြားများရဲ့တည်နေရာအလိုက် ဒိုင်မှလျော်ကြေးပေးမှာ ဖြစ်ပါတယ်။ Winning Number က ၅ဖြစ်သွားသည်ဆိုပါစို့။ မိမိက ၅ဂဏန်းအကွက်မှာ လောင်းကြေးထိုးထားလျှင် လျော်ကြေးငွေ ၃၅ဆအထိရရှိမှာပါ။ ၄နှင့်၅ကြားမျဉ်းပေါ် လောင်းထားခဲ့လျှင် လျော်ကြေးငွေ ၁၇ဆရရှိမှာပါ။ အသေးစိတ်ဆက်ရှင်းပြပါမယ်။

Single Bet – ဂဏန်းတစ်ခုတည်းလောင်းထားလျှင် လျော်ကြေးငွေ၃၅အထိရရှိသည်။

Split Bet – ဂဏန်း၂ခုအားလောင်းထားပြီး နှစ်ခုထဲမှတစ်ခုသည် Winning Number ဖြစ်ခဲ့လျှင် လျော်ကြေးငွေ ၁၇ဆရရှိသည်။

Street Bet – ဂဏန်း၃ခုအားလောင်းထားပြီး သုံးခုထဲမှတစ်ခုသည် Winning Number ဖြစ်ခဲ့လျှင် လျော်ကြေးငွေ ၁၁ဆရရှိသည်။အစဉ်လိုက်ဖြစ်သော ဂဏန်းသုံးခုသာလောင်းနိုင်သည်။ဥပမာ-၁၂၃၊၄၅၆

Corner Bet – ဂဏန်း၎ခုအားလောင်းထားပြီး လေးခုထဲမှတစ်ခုသည် Winning Number ဖြစ်ခဲ့လျှင် လျော်ကြေးငွေ ၈ဆရရှိသည်။ဂဏန်းလေးခုကြား ဆုံမှတ်တွင်လောင်းနိုင်သည်။ ဥပမာ-၁၂၄၅၊၂၃၅၆

Line Bet – ဂဏန်း၆ခုအားလောင်းထားပြီး ခြောက်ခုထဲမှတစ်ခုသည် Winning Number ဖြစ်ခဲ့လျှင် လျော်ကြေးငွေ ၅ဆရရှိသည်။အစဉ်လိုက်ဖြစ်သော ဂဏန်းခြောက်ခုသာလောင်းနိုင်သည်။ ဥပမာ-၁၂၃၄၅၆၊ ၄၅၆၇၈၉

အမျိုးအစားလျော်ကြေးအဆပေါင်း
Single Bet၃၅ ဆ
Split Bet၁၇ ဆ
Street Bet၁၁ ဆ
Corner Bet၈ ဆ
Line Bet၅ ဆ

1 Comment. Leave new

Leave a Reply

Your email address will not be published. Required fields are marked *

Fill out this field
Fill out this field
Please enter a valid email address.
You need to agree with the terms to proceed

Menu