Slotကိုစတင်ကစားတဲ့(သို့မဟုတ်)ကစားနေတဲ့ ကစားသမားတွေ မေးတတ်တဲ့ မေးခွန်းတွေရှိပါတယ်။ Slotစက်တွေဟာ ယုံကြည်လို့ရပါ့မလား? Slotစက်တွေ ဘယ်လိုအလုပ်လုပ်သလဲ? စသဖြင့်ဖြစ်ပါတယ်။ ဒီမေးခွန်းတွေရဲ့အဖြေကိုရဖို့အတွက် ပထမဆုံး Slot Random Number Generator(RNG) မြန်မာအခေါ် ကျပန်းဂဏန်းထုတ်စက်အကြောင်း သိထားဖို့လိုပါတယ်။


Random Number Generator (RNG) ဆိုတာဘာလဲ?
RNG ဆိုတာ ကွန်ပြူတာပရိုဂရမ်တစ်ခုဖြစ်ပြီး တစ်စက္ကန့်ရဲ့ဆယ်ပုံတစ်ပုံတိုင်းမှာ ဂဏန်းတွေကို ကျပန်းထုတ်ပေးပါတယ်။ ဒီလိုကျပန်းထုတ်ပေးရာမှာလည်း ခလုပ်နှိပ်မှ ဒါမှမဟုတ် ဂဏန်းတစ်ခုခုသွင်းမှ မဟုတ်ပဲ ၂၄နာရီအချိန်တိုင်းထုတ်ပေးနေတာပါ။ အသေးစိတ်ရှင်းပြရမယ်ဆိုရင် RNG ဟာ တစ်စက္ကန့်ရဲ့ဆယ်ပုံတစ်ပုံတိုင်းမှာ ဂဏန်းနှစ်လုံးကို ကျပန်းထုတ်ပေးပါတယ်။ ဒီဂဏန်းနှစ်လုံးကို သင်္ချာလုပ်ငန်းစဉ်တွေဖြစ်တဲ့ မြောက်ခြင်း၊ စားခြင်း၊ ပေါင်းခြင်း၊ နှုတ်ခြင်းတွေထဲက ကျပန်းလုပ်ငန်းစဉ်တစ်ခုမှာ အစားသွင်းပါတယ်။ ဒီလိုအစားသွင်းပြီးရလာတဲ့ရလာဒ်ကို နောက်ဆုံးဂဏန်းအဖြစ်အတည်ယူတာပါ။ ဥပမာ- ကျပန်းဂဏန်းအဖြစ် ၃နဲ့၎ထွက်လာပြီး ဒီ၃နဲ့၎ကို ကျပန်းလုပ်ငန်းစဉ်ဖြစ်တဲ့ မြောက်ခြင်းမှာ အစားသွင်းလိုက်တဲ့အခါ ၁၂ရလာပါတယ်။ နောက်ဆုံးထွက်လာတဲ့အဖြေ၁၂ဟာ ဒီတစ်စက္ကန့်ရဲ့ ဆယ်ပုံတစ်ပုံမှာရတဲ့ ကျပန်းဂဏန်းပါ။ နောက်တစ်စက္ကန့်ရဲ့ဆယ်ပုံတစ်ပုံမှာတော့ ၃နဲ့၎ မဖြစ်နိုင်တော့သလို မြောက်ခြင်းလုပ်ငန်းစဉ်လည်းဖြစ်ချင်မှဖြစ်တော့မှာပါ။

Random Number Generator (RNG) ကို အွန်လိုင်းဂိမ်း တွေမှာအသုံးပြုတာများပြီး ကာစီနိုရုံထဲက ဂိမ်းတွေမှာလည်း အသုံးပြုပါတယ်။ အများစုကိုတော့ Slot Game တွေမှာ အသုံးပြုပါတယ်။ Slot Game တွေမှာတော့ သတ်မှတ်ထားတဲ့ ရုပ်ပုံကားချပ်တွေကို ဂဏန်းတစ်ခုစီပေးထားပြီး RNG ကထုတ်ပေးလိုက်တဲ့ ဂဏန်းတစ်ခုစီအလိုက် Reelတစ်ခုစီမှာ ရုပ်ပုံကားချပ်တွေ သွားပေါ်ပါတယ်။
RNG သုံးထားတဲ့ Slot တွေဟာယုံကြည်လို့ရနိုင်သလား?
လိုင်စင်ရကာစီနိုရုံ တွေ (အွန်လိုင်းကာစီနိုတွေအပါအဝင်) အားလုံးဟာ စစ်ဆေးခြင်းခံပြီးသား ဖြစ်ပါတယ်။ လိုင်စင်ရကာစီနိုရုံတွေမှာ အသုံးပြုတဲ့ ဂိမ်းတွေ၊ ဖဲချပ်တွေ၊ ဆော့ဝဲလ်တွေအားလုံးဟာ စစ်ဆေးခြင်းခံရပါတယ်။ ဒီလိုပဲ Slotစက်တွေမှာအသုံးပြုတဲ့ ဆော့ဝဲလ်တွေအားလုံးကို လွတ်လပ်တဲ့ ပြင်ပကုမ္ပဏီတွေက မှာယူရပါတယ်။ Betsoft၊ MicroGaming၊ Playtech၊ Realtime Gaming၊ Aristocrat စတဲ့ ဆော့ဝဲလ်ကုမ္ပဏီတွေက ထုတ်ပေးပါတယ်။
ဒီကုမ္ပဏီတွေဟာ
- Random Number Generator တွက်ချက်မှု
- ဂိမ်းနဲ့သင်္ချာတွက်ချက်မှု
- ဂိမ်းတွေရဲ့မှန်ကန်တဲ့လျော်ကြေးငွေပေးမှု၊တိုင်ကြားမှု
- Liveကာစီနို တွေရဲ့ ငွေကြေးပြောင်းလဲပေးမှု၊တွက်ချက်မှု
- ပိုကာ နည်းစနစ်စစ်ဆေးမှု
- လုံခြုံရေးဆိုင်ရာစစ်ဆေးမှု
- လုံခြုံရေးဆိုင်ရာကာကွယ်မှု
- ငွေကြေးနဲ့အကောင့်ပိုင်းဆိုင်ရာလုံခြုံမှု
စတာတွေကို စစ်ဆေးခြင်း၊ တွက်ချက်ခြင်း၊ ဆော့ဝဲလ်ထုတ်ပေးခြင်းတွေ လုပ်ပေးပါတယ်၊ ဒီကုမ္ပဏီတွေကိုလည်း သက်ဆိုင်ရာနိုင်ငံ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်နယ်အစိုးရတွေက စစ်ဆေးပါသေးတယ်။ ဒီတော့ မျှတပြီး ကျပန်းဖြစ်တယ်လို့ပြောလို့ရပါတယ်။ နောက်ပြီး ဒီSlotဂိမ်းတွေဟာ သက်ဆိုင်ရာအစိုးရက သတ်မှတ်ထားတဲ့ အနည်းဆုံးပေးရမယ့် လျော်ကြေးအဆပမာဏကို ပေးတယ်လို့ ယုံကြည်နိုင်ပါတယ်။


အဆုံးသတ်သုံးသပ်ချက်တွေအရဆိုရင် Slotစက်တွေဟာ လိုင်စင်ရကုမ္ပဏီတွေက ထုတ်ထားတဲ့ ဂိမ်းတွေ အသုံးပြုထားရင် ယုံကြည်လို့ရပြီး ဂိမ်းတစ်ခုချင်းစီရဲ့လျော်ကြေးအဆတွေကတော့ သတ်မှတ်ထားတဲ့ အစိုးရရဲ့ပေါ်လစီအပေါ်မူတည်ကာ ကွဲပြားနိုင်ပါတယ်။ Slot စက်တွေဟာ Slot Random Number Generator တွေ အသုံးပြုထားတယ်ဆိုတာကတော့ အသေအချာပါပဲ။