Tennis အားကစားဟာ လူကြိုက်များမှုမှာတင်မကပဲ လောင်းကစားလောကမှာပါ အလျှင်အမြန် ကြီးထွားလာနေပါတယ်။ ဒီလိုကြီးထွားနေချိန်မှာ လောင်းကစားဒိုင်တွေကသတ်မှတ်တဲ့လိုင်းတွေဟာ မတည်ငြိမ်ခြင်းကြောင့် အမြတ်အစွန်းအတွက်ငွေရှာဖို့ အခွင့်အလမ်းများစွာရှိနေပါတယ်။ တွေ့ရာနာမည်ကို လောင်းရုံနဲ့တော့ အမြတ်အစွန်းတွေမရနိုင်ပါဘူး။ အနိုင်ရရှိဖို့ဆိုရင် လေ့လာရှာဖွေမှုတွေတော့ လိုအပ်နေပါသေးတယ်။ လောင်းတဲ့နေရာမှာ မှန်မှန်ကန်ကန်ဖြစ်ဖို့ဆိုရင် အချို့သောအချက်တွေကို သိရှိထားဖို့ လိုအပ်တဲ့အတွက် မိတ်ဆွေတို့ကို ရှင်းပြချင်ပါတယ်။ Tennis ပြိုင်ပွဲတွေကို အလောင်းအစား လုပ်ရတာဟာ အပြောင်းအလဲအနည်းငယ်ကလွဲပြီး အခြားသောအားကစားပြိုင်ပွဲတွေလိုပါပဲ။

Tennis Betting
ဉာဏ်ရှိရှိရွေးချယ်ပါ         

ပြိုင်ပွဲတိုင်းရဲ့ပွဲစဉ်တစ်ခုစီတိုင်းကို သင်လိုက်ပြီးလောင်းနေစရာမလိုပါဘူး။ သင့်အတွက် မှန်ကန်တဲ့ ပြိုင်ပွဲကိုပဲ အချိန်ယူပြီး ရှာဖွေပါ။ လောင်းကစားဟာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ လူတွေဟာလည်း လောင်းကစားကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါ့ကြောင့်ပဲ သင့်ကိုအလောင်းအစားပြုလုပ်ဖို့ သွေးဆောင်နေမှာဖြစ်ပြီး သင်သာ သင့်တော်တဲ့လေ့လာသင်ယူမှုတွေမလုပ်ထားရင် ရှုံးနိမ့်နိုင်ပါတယ်။ အလောင်းအစားလုပ်လိုသည့်ဆန္ဒတိုင်းကို အလိုမလိုက်မိဖို့အရေးကြီးပါတယ်။

သုတေသနလုပ်ခြင်း၊ခွဲခြမ်းစိတ်ဖြာခြင်းတွေလုပ်ပါ

          အမြဲတမ်းအနိုင်ရရှိစေဖို့သော့ချက်က ပွဲစဉ်များကို စနစ်တကျဆန်းစစ်လေ့လာခြင်း ဖြစ်ပါတယ်။ ဒါကိုမလုပ်မိဘူးဆိုရင်တော့ သင်ဟာ အမှားကြီးကိုလုပ်မိပြီးသွားပါပြီ။ ပွဲစဉ်တွေကို မတူညီတဲ့ ရှုထောင့်တွေကနေ သုံးသပ်ကြည့်ပါ။ ဒီလိုလုပ်ဖို့အတွက် သင့်ကိုကူညီပေးမယ့် အားကစားဖိုရမ်တွေ၊ ဝါရင့်လောင်းကစားသမားတွေရဲ့သုံးသပ်ချက်တွေ၊ ကစားသမားတွေရဲ့ရလာဒ်မှတ်တမ်းတွေရှိပါတယ်။

အနိုင်ရကစားသမားကိုစိစစ်ပါ

          အထူးသဖြင့် ပြိုင်ပွဲကြီးတစ်ခုကို ပူပူနွေနွေးအနိုင်ရရှိထားတဲ့ကစားသမားကို သတိထားသင့်ပါတယ်။ ဒီအနိုင်ရရှိထားမှုအပေါ် သူဘယ်လိုသဘောထားလဲဆိုတာ သင်မသိနိုင်ပါဘူး။ သူတို့ဟာ ရေပန်းစားသော်ငြားလည်း နောက်ပြိုင်ပွဲတစ်ခုမှာ သူဘာလုပ်မလဲဆိုတာ ခန့်မှန်းရခက်ပါတယ်။ ဒါကြောင့် သူရဲ့ပြိုင်ပွဲရလာဒ်မှတ်တမ်းတွေကို ပြန်ကြည့်ပါ။ အခြားသော ပြိုင်ပွဲတွေကိုလည်း သူအနိုင်ရရှိထားလား။ အနိုင်ရရှိခဲ့ရင်လည်း နောက်ပြိုင်ပွဲတွေမှာ သူဘယ်လိုကစားသလဲလေ့လာပါ။ ထိုအချက်တွေနဲ့ ကစားသမားကို လောင်းသင့်သလား၊ မလောင်းသင့်သလား ဆုံးဖြတ်ပါ။

ကိန်းဂဏန်းတွေဟာစိတ်ခံစားချက်ထက်ပိုမိုသေချာပါတယ်

          ကစားသမားတွေရဲ့အနိုင်ရရှိနှုန်း၊ လက်ရှိပေါက်ဈေး၊ ပြီးခဲ့တဲ့ပွဲစဉ်တွေရဲ့ရလာဒ် စတာတွေဟာ ကိန်းဂဏန်းတွေပါပဲ။ ဒါတွေကိုကျော်လွန်ပြီး သင့်ရဲ့စိတ်ခံစားချက်ကို ဦးစားပေးတာမျိုးမလုပ်ပါနဲ့။ တူညီသောကစားသမားတစ်ဦးတည်းကို ထပ်ခါထပ်ခါလောင်းကြေးထည့်ခြင်းကိုလည်း မပြုလုပ်ပါနဲ့။ အချို့ပွဲတွေမှာ သူတို့ဟာအနိုင်ရရှိနိုင်ပေမယ့် ကစားသမားတိုင်းကို ဆန်းစစ်လေ့လာထားသင့်ပါတယ်။

မိမိလောင်းကြေးထည့်မယ့်ဒိုင်ကိုစစ်ဆေးပါ

          များစွာသော လောင်းကစားဒိုင် တွေအနေနဲ့ မတူညီတဲ့Oddတွေ ကွဲပြားတဲ့စံနှုန်းတွေရှိမယ်ဆိုတာ အသေအချာပါပဲ။ သင်သုတေသနလုပ်ထားတဲ့အချက်တွေနဲ့တူညီမှု ဒါမှမဟုတ် နီးစပ်မှုရှိမရှိ အရင်ရှာဖွေကြည့်ပါ။ Oddတွေဟာ အရမ်းဆိုးရွားနေရင် အလောင်းအစားမလုပ်ပါနဲ့။ လောင်းကစားဒိုင် တစ်ခုမဟုတ်တစ်ခုမှာတော့ သင့်လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်မှာပါ။

          လောင်းကစားဟာ စိတ်လှုပ်ရှားစရာတွေ ပေးစွမ်းနိုင်ပါတယ်။ သို့သော် မကြာခဏအနိုင်ရရှိသူ ဖြစ်ချင်တယ်ဆိုရင်တော့ သင်အိမ်စာတွေလုပ်ဖို့လိုပါပြီ။ ဝက်ဆိုဒ်တွေက ဘယ်သူ့ကိုလောင်းသင့်ဆိုတာတွေ ရှာနေမယ့်အစား သင့်ကိုယ်တိုင်ထက် ပိုကောင်းတဲ့အရာမရှိဘူးဆိုတာ ယုံကြည်ထားလိုက်ပါ။