ပိုကာ ကစားတဲ့နေရာမှာ ပြီးပြည့်စုံတဲ့ကစားပုံဆိုပြီးမရှိပါဘူး။ သင်ဟာဘယ်လောက်ပဲ ကျွမ်းကျင်မှုရှိရှိ နောက်ထပ်လေ့လာစရာတွေအများကြီးရှိပါတယ်။ သင်ဘယ်လောက်လေ့လာထားထား အထူးသတိပြုရမယ့် အခြေခံအချက်လေးကို အာရုံမစိုက်မိရင် အမှားတစ်ချက်ကရှုံးနိမ့်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ Texas Hold`em ပိုကာကစားတဲ့နေရာမှာ ကစားသမားတွေပြုလုပ်မှုများတဲ့ အမှားတွေကို ပြောပြသွားမှာဖြစ်ပြီး ဒါတွေကို ရှောင်ကြဉ်နိုင်ဖို့ဖြစ်ပါတယ်။ ဒီအမှားတွေထဲမှာ ကျွမ်းကျင်တဲ့ ပရိုဖက်ရှင်နယ်ကစားသမားတွေတောင် တစ်ခါတစ်ရံ သတိမမူမိပဲမှားတတ်တဲ့ အမှားတွေပါဝင်တဲ့အတွက် ဒါတွေကိုသင်ခန်းစာယူ လေ့လာထားသင့်ပါတယ်။          

အလယ်အလတ်ဖဲကဒ်တွေကိုအသုံးပြုပြီးကစားခြင်း

ကိုယ်ရရှိတဲ့ဖဲကဒ်တန်ဖိုးအပေါ်မူတည်ပြီး ဘယ်လိုအခွင့်အရေးတွေရရှိမလဲ၊ ဘယ်လိုလုပ်ဆောင်မှုတွေ ရရှိမလဲ ကွဲပြားသွားပါတယ်။ အချို့သောဖဲကဒ်တန်ဖိုးတွေ ( ဥပမာ- အပွင့်တူ ဂဏန်းသေး၊ ဂဏန်းတူ ဂဏန်းသေး ) စတာတွေဟာ အရမ်းကြီးတန်ဖိုးမများပါဘူး။ အချို့သောကစားသမားတွေ (အထူးသဖြင့် ကစားသမားသစ်တွေဟာ) ဒီလိုဖဲကဒ်တွေကိုမျော်လင့်ချက် ကြီးကြီးမားမားထားပြီး ကစားတတ်ကြပါတယ်။ ဒီလိုဖဲချပ်တွေဟာ တစ်ဖက်ကစားကစားတွေက fold ဖြစ်သွားတဲ့အချိန်မှာ အားသာချက်အနေနဲ့ရှိနိုင်ပေမယ့် လောင်းကြေးထပ်လိုက်လာရင်တော့ သေချာတာက သူတို့ဟာ ဖဲကောင်းလို့လိုက်လာတာပါ။ ဒီ့အတွက် ဒီလိုအလယ်အလတ်ဖဲကဒ်တွေနဲ့ ကစားမယ်ဆိုရင် လောင်းကြေးအရမ်းမတိုးသင့်ပါဘူး။ သူနဲ့တန်ရာတန်ကြေးရှိသလောက်ပဲ တိုးသင့်ပါတယ်။

မစဉ်းစားပဲချက်ချင်းဆုံးဖြတ်ချက်ချခြင်း

ဒါက အများစုဖြစ်တတ်ပါတယ်။ Texas Hold`em ပိုကာကို အချိန်အများကြီးပေးပြီးကစားတဲ့ ကစားသမားတွေဟာ အလိုအလျောက်စနစ်တွေ အသုံးပြုပြီးပဲဖြစ်ဖြစ်၊ စဉ်းစားဖို့ လုံလောက်တဲ့အချိန်မပေးပဲ ဆုံးဖြတ်ချက်ချတာပဲဖြစ်ဖြစ် လုပ်တတ်ကြပါတယ်။ ဒါတွေဟာ ဆုံးရှုံးများတဲ့အမှားတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုအမှားတွေကို ဆုံးဖြတ်ချက်မချခင် အချိန်လေးနည်းနည်းပေးရုံနဲ့ ပြင်ဆင်လို့ရသားနဲ့ အချိန်မပေးမိတဲ့အတွက် ငွေကြေးဆုံးရှုံးရတာဟာ နှမြောစရာကောင်းလှပါတယ်။ ဒီအမှားတွေကို ပြုပြင်ဖို့အတွက်ဆို သင့်အလှည့်မရောက်မှီ ဆုံးဖြတ်ချက်မြန်မြန်မချမိစေဖို့ လေ့ကျင့်ထားရန်လိုပါတယ်။ အမြဲတမ်း အချိန်အနည်းငယ်ပေးကာ ရနိုင်တဲ့အချက်အလက်တွေအားလုံးကို အသုံးပြုပြီး စဉ်းစားပါ။ သင့်ပြိုင်ဘက်တွေရဲ့ လုပ်ဆောင်မှု၊ အနေအထား၊ လောင်းကြေးတွေကို ထည့်သွင်းစဉ်းစားပါ။ ဒီလိုစဉ်းစားခြင်းဟာ အခြားလူတွေရဲ့ အချိန်ကိုဖြုန်းခြင်းမဟုတ်ပဲ သင့်ဆုံးဖြတ်ချက်မြန်မြန်မချမိစေဖို့ ကာကွယ်ထားခြင်းဖြစ်ပါတယ်။          

အခြားကစားသမားတွေရဲ့ဖဲကဒ်ကိုမစဉ်းစားခြင်း         

Texas Hold`em ပိုကာကို ကစားတဲ့နေရာမှာ အရေးကြီးတဲ့စဉ်းစားစရာအချက်အလက်နှစ်ခုရှိပါတယ်။ ဒါကတော့ သင့်ဖဲကဒ်နဲ့ ပြိုင်ဖက်ရဲ့ဖဲကဒ်ပါပဲ။ အချို့သောကစားသမားတွေက ဒီအချက်ကိုမေ့လျော့ပြီး မိမိဖဲကဒ်ကိုပဲ အာရုံစိုက်လေ့ရှိပါတယ်။ ဒါကမှားနေပါတယ်။ ပိုကာ ကစားနည်းမှာ ကျွမ်းကျင်တဲ့သူတစ်ယောက် ဖြစ်ဖို့ဆို မိမိပြိုင်ဘက်တွေရဲ့အချက်အလက်ကို ခန့်မှန်းနိုင်ဖို့လိုပါတယ်။ ခက်ခဲတာတော့မှန်ပါတယ်။

စိတ်ခံစားချက်ကိုမထိန်းသိမ်းနိုင်ခြင်း         

ပိုကာကစားနည်းဟာ စိတ်ခံစားချက် အတက်အကျလွယ်တဲ့ ကစားနည်းတစ်ခုပါ။ ဒါကတော့ငြင်းဖွယ်ရာ မရှိပါဘူး။ ဖဲမကောင်းခြင်း၊ ဖဲကောင်းခြင်း၊ လောင်းကြေးတင်ခြင်း၊ ဖဲမကောင်းပေမယ့် ကံကောင်းပြီးနိုင်သွားခြင်း စတာတွေကြောင့် စိတ်ခံစားချက်ကို ရိုလာကိုစတာ စီးရသလိုဖြစ်သွားစေနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်တွေကြောင့် သင့်ဆုံးဖြတ်ချက်ကို စိတ်ခံစားချက်ကလွှမ်းမိုးသွားစေတာမျိုး အဖြစ်မခံပါနဲ့။ အချို့သောကစားသမားတွေဟာ ဒီလိုစိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ပါဘူး။ အများကြီးရှုံးနေတာ၊ ဆက်တိုက်အရှုံးနဲ့ကြုံရတာတွေဖြစ်လာရင် ခဏလောက်နားလိုက်တာက အကောင်းဆုံးပါပဲ။          

အချက်အလက်တွေအရမ်းမှီခိုနေခြင်း         

အွန်လိုင်းကစားနည်းတွေဟာ Tracking Softwareတွေ၊ HUDတွေကို အသုံးပြုရတာကြိုက်နှစ်သက် ကြပါတယ်။ ဒီဆော့ဝဲလ်တွေက သင်ကစားစဉ်မှာ ပိုကောင်းတဲ့အကြံဉာဏ်တွေ၊ သင့်ပြိုင်ဖက်ရဲ့ကစားနည်းပုံစံ၊ ဘယ်လိုအခွင့်အရေးရှိတယ်စတာတွေကို ပြောပြနိုင်တဲ့အတွက် အကူအညီတော်တော်လေးဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေကိုအရမ်းမှီခိုနေခြင်းက သင့်ဆင်ခြင်တုံတရားကို ပျောက်ဆုံးစေပါတယ်။ အချက်အလက်တွေကို သင့်တော်သလိုအသုံးချဖို့ပဲယူပြီး အချက်အလက်တွေက သင့်ဆုံးဖြတ်ချက်ကို ဦးဆောင်သွားတာမျိုး မဖြစ်စေပါနဲ့။

ငွေကြေးစီမံမှုမပြုလုပ်ခြင်း         

‌ငွေကြေးစီမံမှုမပြုလုပ်တာဟာ ကြီးမားတဲ့အမှားတစ်ခုပဲဖြစ်ပါတယ်။ ငွေကုန်မှအိမ်ပြန်မယ်ဆိုတာတွေ၊ ငွေကြေးစီမံမှုပြုလုပ်ထားရဲ့သားနဲ့ မလိုက်နာတာတွေဟာလည်း အတူတူပါပဲ။ တင်းကျပ်ပြီးစနစ်ကျတဲ့ ငွေကြေးစီမံမှုဟာ ရေရှည်အတွက်ကော၊ အောင်မြင်မှုအတွက်ပါ မရှိမဖြစ်လိုအပ်ပါတယ်။ ငွေအားလုံးဆုံးရှုံးခြင်း၊ ကန့်သတ်ချက်ထက်ကျော်လွန်ကာ သုံးစွဲခြင်းတွေကိုပါ တားဆီးပေးပါတယ်။ ငွေကြေးစီမံမှုမရှိရင် သင်ကြာရှည်မကစားနိုင်ပါဘူး၊ ကြာရှည်မကစားနိုင်ရင် ငွေတွေအများကြီးမရှာနိုင်ပါဘူး။ ငွေအများကြီးမရှာနိုင်တဲ့အခါ သင်လိုချင်တဲ့ တောက်ပတဲ့အနာဂါတ်လည်းရှိမလာနိုင်ပါဘူး။

အနိုင်ရရှိပြီးနောက်သုံးသပ်မှုမပြုလုပ်ခြင်း         

အချို့သောကစားသမားတွေဟာ အစပိုင်းပွဲတွေမှာ အနိုင်ရရှိပြီးနောက်ပိုင်း ပျော်ရွှင်ပြီး ကစားပွဲအပေါ်မှာ သုံးသပ်တာတွေ မပြုလုပ်တော့ပါဘူး။ ဒါဟာအန္တရာယ်များပါတယ်။ မိမိကသုံးသပ်မှုတွေ ရပ်တန့်လိုက်တဲ့အချိန်မှာ ပြိုင်ဖက်တွေကတော့ ဆက်လက်လုပ်ဆောင်နေနိုင်ပါတယ်။ အချိန်အတိုင်းအတာ တစ်ခုရောက်လာတဲ့အခါ သင်အနိုင်ရရှိတာတွေရပ်တန့်သွားပြီး ပြန်လည်ရှုံးနိမ့်လာပါလိမ့်မယ်။ ဒီလိုမဖြစ်ဖို့ဆို အမြဲတမ်းကစားပွဲကို သုံးသပ်နေဖို့လိုပါတယ်။ ပိုကာ ကစားခြင်းမှာ သင်ယူမှုကိုရပ်တန့်လိုက်လို့ မရပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

Fill out this field
Fill out this field
Please enter a valid email address.
You need to agree with the terms to proceed

Menu